ဆုံမှတ်
အမှတ်တမဲ့တွေအတွက်
အမှတ်တရတွေ ကျွန်တော်ရင်းခဲ့ရတယ်
အောင်မြင်မှုဆိုတာ
လေသာတဲ့ပြတင်းပေါက်ကထွက်လာတဲ့
အပ်ခိုးတွေများလား
တစ်ခါတရံ သူတို့တွေလို
အောင်မြင်ချင်တယ်
တစ်ခါတရံ သူတို့တွေလို
အမြင့်ဆုံးမှာ ရပ်ကြည့်နေချင်တယ်
( ရှိနေချင်တယ် ) ။
အောက်မှာရှိတဲ့ရှုခင်းတွေ
ဘယ်လောက်များလှသလည်း ဒါမှမဟုတ်
အောက်များပြုတ်ကျရင်
ဘယ်လောက်ထိများ နာသလည်းလို့ပေါ့ ။
တစ်ကယ်တော့ … ဒီခရီးကို သွားနေကြရတဲ့
ကျွန်တော်တို့ဘဝတွေက
နံရံပေါ်မှာချိတ်ထားတဲ့ ပန်ချီကားတစ်ချပ်လို
ပြုတ်မကျရုံတမယ်ပါပဲ
ရင်တထိတ်ထိတ်နဲ့ပေါ့ဗျာ ။
မသွားချင်တဲ့နေရာတစ်ခုကို
ကျွန်တော်တို့ သွားရမှာပဲ
မရောက်ချင်တဲ့နေရာတစ်ခုကိုလည်း
ကျွန်တော်တို့တွေ ရောက်ရမှာပါပဲ ။
တစ်ခုပါပဲ-
အသက်ရှုသံတွေ မရပ်တန့်သရွေ့
ရင်ခုန်မှုပေါင်းများစွာနဲ့ ကျွန်တော်တို့တွေ
ပျော်မွေ့ကြရမှာ ပျော်မွေ့သင့်တာပါ ။
ဆုံမှတ်ဆိုတာ - သေချာတဲ့
အချိန်အခါတွေနဲ့ သက်မှတ်ထားတဲ့
အရာတစ်ခုဆိုရင်မမှားပါဘူး ။
တစ်ချို့က - တစ်ကိုယ်တည်း
အတ္တဆန်စွာသွားနေကြတယ် ။
တစ်ချို့က - ရည်ရွယ်ချက်တွေ
စိတ်ကူးတွေပေါင်းများစွာနဲ့ သွားနေကြတယ် ။
တစ်ချို့က - 'အန္ဓဗာလ' လူသားတွေအဖြစ်နဲ့
သွားနေကြတယ် ။
တစ်ချို့က - အလင်းပြတဲ့ ကြယ်တွေအဖြစ်နဲ့
သွားနေကြတယ် ။ တစ်ချို့က-
အရာအားလုံးနဲ့ လိုက်ရောညီထွေစွာ
သွားနေကြတယ် ။ တစ်ချို့က - ဘဝကို
ဟန်ချက်ညီစွာ ထိန်းကျောင်းရင်း
သွားနေကြတယ် ။
တစ်ကယ်တော့ -
အကြောင်းရာမျိုးစုံနဲ့ မတူကွဲပြားစွာ
ကျွန်တော်တို့တွေသွားနေရပါစေ
နောက်ဆုံးထွက်သက်မှာတော့
ကျွန်တော်တို့အားလုံးအတူတူ ဆုံကြရမယ့်
ဆုံမှတ်ကလေးမှာတော့ တွေ့ကြရပြီလေ ။
ရိုးရှင်းစွာမြင်ယောင်မိသော အမြင်တစ်ခု -
ကိုယ်ကကောင်းသောတွေ့ဆုံခြင်းနဲ့
ဆုံမှတ်ကလေးမှာ ရှိစေချင်ရင်
ကောင်းတာတွေ ယူဆောင်ခဲ့ကြပါ ။
မကောင်းတာတွေ ရှိခဲ့စေချင်ရင်
မကောင်းတာတွေ ယူဆောင်ခဲ့ကြပါ ။
ဆုံမှတ်ရဲ့မှတ်တိုင်မှာတော့
ကျွန်တော်တို့တွေ ပြန်ရမဲ့
အဖြေတွေရှိပြီးသားပါလေ …
ကျွန်တော်တို့အားလုံး ရပ်တည်နေရတဲ့
ဒီကမ္ဘာမြေကြီးဟာ
ဖြူစင်သောအရာလေးတစ်ခုဆိုရင်
ကျွန်တော်တို့တွေ…
မဲညစ်လာအောင် မလုပ်ဆောင်သင့်ပါဘူး ။
လိုချင်မိတဲ့ ' လောဘ '
စိတ်ကလေးတစ်ခုကြောင့်
ဒီကမ္ဘာမြေကြီးအကြည်းတန်လွန်းရင်
အဲ့ဒီပန်ချီကားချပ်ကို ကျွန်တော်မရေးဆွဲဘူး ။
သန့်ရှင်းသော လေပြေရနံ့တွေဆိုတာ
သန့်ရှင်းသောရပ်ဝန်းတွေကပဲ
ရောက်လာတယ်ဆိုတာ
အားလုံးကို လေးစားလျှက် …
ညီညီထွန်း
မိုးစက်
written by @ konyinyitun
MSC.259
Leave ဆုံမှတ် to:
Read more #myanmar posts
Best Posts From Nyi Nyi Htun
We have not curated any of konyinyitun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.
More Posts From Nyi Nyi Htun
- ဆောင်းရဲ့သက်ပြင်း
- အပ်ရှသံလေး
- ' ဆုံမှတ် '
- ခဏတာလေးမှာ
- ရှာဖွေခြင်း
- လျှောက်လဲချက်
- ရွက်လွင့်ခြင်း
- အလင်းတစ်စက်
- လက်တစ်ကမ်း
- " အန္ဓဗာလ "
- ကြယ်တစ်လုံး၏ အနုပညာ
- ဆုံမှတ်
- ကျွန်တော် ဆိုသော
- ငှက်တစ်ကောင်၏ အတွေး
- နောက်ဆုံးခြေလှမ်း
- ငြီးငွေ့ခြင်း
- ကျွန်တော်နှင့် ဖြန့်ထွက်သီအိုရီ
- အပြုသဘောဆောင်ခြင်း
- ဖွင့်ဆိုမိသော သီအိုရီ
- မိုးစက်များနှင့်ကျွန်တော်