ဆောင်းရဲ့သက်ပြင်း
ဆောင်းညရဲ့လေပြေများကြား
ချမ်းစိမ့်စိမ့်အသက်ရှုသံတွေနဲ့
လက်ကြားကဆေးပေါလိပ်ကိုဖွာရှိုက်ရင်း
လွင့်ပျယ်သွားသော မီးခိုးငွေ့တွေနဲ့
ကိုယ့်အတွေးတွေက စီးမျောလို့ …
ပျောက်ကွယ်သွားသော
မီးခိုးငွေ့တွေပြန်မလာတော့သလို
ကိုယ့်ရဲ့ငယ်ဘဝတွေလည်း
ပြန်မရတော့ပါလား…
တစ်နှစ်ပြီးတစ်နှစ်နဲ့ 
ဖြတ်သန်းလာခဲ့ရတဲ့ဒီဆောင်း
ကိုယ့်အတွက် အမှတ်ရစရာဆိုလို့
" အသက်တွေကြီးလာပြီလေ "
ဆောင်းရေ …
မင်းရဲ့ညတာတွေက
ရှည်ကြာလွန်းတယ်ဆိုပေမယ့်
ငါ့ရဲ့အသက်ခန္ဓာတွေကော
ဘယ်လောက်ထိရှည်ကြာနိုင်မှာလည်း ။
ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့လေ
ငါခွန်အားရှိနေသရွေ့တော့
မင်းရဲ့ညတာတွေမှာ
လင်းလက်တဲ့ကြယ်တာယာအဖြစ်
ရှိနေခွင့်ပေးပါ အခုချိန်လေးတော့
ငါကြိုးစားနေဆဲပေါ့
အားလုံးကို လေးစားလျှက် …
ညီညီထွန်း
မိုးစက်
written by @ konyinyitun
MSC.259
Leave ဆောင်းရဲ့သက်ပြင်း to:
Read more #myanmar posts
Best Posts From Nyi Nyi Htun
We have not curated any of konyinyitun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.