Nyi Nyi Htun avatar

ကျွန်တော် ဆိုသော

konyinyitun

Published: 29 Jul 2018 › Updated: 29 Jul 2018ကျွန်တော် ဆိုသော

ကျွန်တော် ဆိုသော

asian-beetle-car-46246.jpg

Credit Image >>>

အောင်မြင်မှုဆိုတဲ့ပုံရိပ်ကို
ထည်ထည်ဝါဝါနဲ့ မြင်ယောင်ငေးကြည့်ခဲ့
ရရုံကလွဲလို့ ဒီနေ့အထိ
ကျွန်တော့်ဘက်မှာ
ခမ်းခမ်းနားနား ဘာမှမရှိပါဘူဗျာ ။

တစ်ခါတရံတော့ ကျွန်တော့မှာ -
လှပတဲ့အိပ်မက်ကလေးတွေ
မက်ခွင့်ရခဲ့ပါတယ်။
အဲ့ဒီလိုနေ့တွေမှာတော့
ကျွန်တော့်ရဲ့စိတ်တွေ
သာယာလှပလွန်းခဲ့ပါတယ်။
( ဘာမှန်းမသိသေးတဲ့ အိပ်မက်ရဲ့
အလှတရားကို ကျွန်တော်ခံစားမိနေတာ
ပေါ့ဗျာ ) ။

ဒါပေမယ့် ကျွန်တော်ပြန်စဉ်းစားမိပါတယ်
ကျွန်တော်မြင်ယောင်ခဲ့တဲ့
ခမ်းနားထည်ဝါးမှု အောင်မြင်ခြင်း
ပုံရိပ်တွေရဲ့နောက်ကွယ်မှာ
အနာတရတွေတော့ရှိနေမှာ အမှန်ပါပဲ ။
အဲ့ဒီအနာတရကပဲ
အောင်မြင်မှုပုံရိပ်တွေကို
ပိုပြီးအသက်ဝင်စေတယ်လို့
ကျွန်တော်ယူဆလိုက်ပါတယ် ။
ငယ်ငယ်က ကျောင်းစာသင်ခန်းထဲမှာ
ဆရာမရဲ့ မေးခွန်းကို ဖြေဆိုနိုင်လိုက်တိုင်း
ကျွန်တော် အောင်မြင်တယ်လို့
ထင်လိုက်တယ် ။

adult-casual-cute-274593.jpg

Credit Image >>>

အဖေ အမေတွေရဲ့ ချီးမြောက်မှုကိုရတိုင်း
ကျွန်တော်အောင်မြင်တယ်လို့ ထင်တယ် ။
လူတွေရဲ့ချီးမွှမ်းထောပနာကိုရရှိတိုင်း
ကျွန်တော်အောင်မြင်တယ်လို့ ထင်တယ် ။
ဒီလိုနဲ့ အဲ့ဒီလို ထင်မြင်ခံစားရမှုတွေဟာ
ကျွန်တော်တို့ကို ဒီအချိန်ထိ တဖြေးဖြေး
လူလားမြောက်စေခဲ့ပါတယ် ။

တစ်ကယ်တော့ အောင်မြင်မှုဆိုတာ -
လူတွေအနှစ်သက်ဆုံးနဲ့
အလိုချင်ဆုံးအရာတစ်ခုပါ
ဒါကို မငြင်းဆိုကြပါနဲ့ ။
ဒီလိုအောင်မြင်မှုကို လူတွေက
အတွေးအမျိုးမျိုးနဲ့ ချဉ်းကပ်ကြတယ်
လုပ်ဆောင်ကြတယ် ။
ဒါဟာ ဖြစ်သင့်တဲ့ နိယာမပါ ။

အခုလိုအောင်မြင်မှုကို
တက်စွမ်းနိုင်သလောက် ညွှန်းဆိုပြနေတဲ့
ကျွန်တော့်ကိုတော့ အထင်တော့ မကြီးကြပါနဲ့ ။
တစ်ကယ်တမ်းတော့ ကျွန်တော်က -
အောင်မြင်မှုရဲ့
အခြေခံသဘောတရားလေးတွေကို
စပြီးနားလည်ခါစ ရှိပါသေးတယ်
( ဒါဟာ ကျွန်တော့်ရဲ့ ပိုင်ဆိုင်မှုပါဗျာ ) ။

adventure-lookout-top-7053.jpg

Credit Image >>>

သို့သော် အောင်မြင်မှုကို
ရင်ဝယ်ပိုက်ချင်တဲ့ လူသားတွေကို
ကျွန်တော် အောင်မြင်စေချင်တယ်
ရုန်းကန်စေချင်တယ် ။
ကျင်လည်ရတဲ့ လောကဓံတွေကြားမှာ
စိတ်ဓာတ်ဆိုတာ ကျသွားပေမယ့်
အဲ့ဒီစိတ်ဓာတ်နဲ့ပဲ
ပြန်ဆယ်ကြိုးစားယူလိုရပါတယ်ဆိုတာ …

ကျွန်တော်တို့ရဲ့ Steemit -
မိသားစုဝင်တွေ အားလုံးလည်း
ဒီထက်ပိုပြီးအောင်မြင်မှုကို
ရင်ဝယ်ပိုက်နိုင်အောင်
ကြိုးစားလုပ်ဆောင်နိုင်ကြပါစေလို့
ကျွန်တော် ဆုမွန်ကောင်းတောင်းရင်း …

အားလုံးကို လေးစားလျှက် …

ညီညီထွန်း

မိုးစက်
written by @ konyinyitun
MSC-259

Leave ကျွန်တော် ဆိုသော to:

Written by

I love you all and nice to meet you

Read more #myanmar posts


Best Posts From Nyi Nyi Htun

We have not curated any of konyinyitun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Nyi Nyi Htun