Nyi Nyi Htun avatar

နောက်ဆုံးခြေလှမ်း

konyinyitun

Published: 18 Jul 2018 › Updated: 18 Jul 2018နောက်ဆုံးခြေလှမ်း

နောက်ဆုံးခြေလှမ်း

alone-black-and-white-cool-wallpaper-764880.jpg

Credit Image >>>

မြန်မာစတီးမစ်မိသားစုဝင်များအားလုံး
မင်္ဂလာပါခင်ဗျာ …
ကျွန်တော် ပရိုမတင်ဖြစ်တာ
အတော်ကြာပြီဖြစ်တဲ့အတွက်
အားလုံးကိုအနူးအညွတ်တောင်းပန်ပါတယ် ။
ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာ
အဖြစ်ပျက်တွေက ကျွန်တော့်ရဲ့
စာရေးချင်တဲ့စိတ်တွေကို ရိုက်ချိုး
သွားတယ်ဆိုပါတော့
( ဒါဟာ ကျွန်တော့်ရဲ့ အားနည်းမှုတွေပါ ) ။

တစ်ကယ်တော့… ကျွန်တော်တို့တွေရဲ့
ဘဝတွေက စိတ်ရဲ့ခံစားမှုတွေနဲ့အတူ
ရှင်သန်လှုပ်ရှားနေရတယ် ဘဝမှာ
လှုပ်ရှားမှုတွေက အချိုးအစားမညီမျှတော့
ရှုပ်ထွေးမှု နွယ်ပင်တွေက ကိုယ့်ကိုပြန်
ပြီး လာလာရစ်ပက်နေတယ်( အတော်ရုန်းကန်ရမဲ့
အခြေနေတစ်ရပ်ပေါ့ဗျာ ) ။

alone-beach-freedom-103889.jpg

Credit Image >>>

မကြုံချင်လည်း ကြုံရမှာပဲ မဆုံချင်လည်း
ဆုံရမှာပဲ ဒါကို လောကဓံလို့ပဲဆိုကြပါစို့ ။
လူငယ်ဆိုတာ အားကြိုးမာန်တက်
လုပ်ဆောင်မှုနဲ့ လိုက်ဖက်သလို
လူကြီးဆိုတာလည်း အတွေးခေါ်ကောင်းနဲ့
တည်ငြိမ်ရင့်ကျက်မှုတွေက
ပိုပြီးတင့်တယ်ပါတယ် ။
( ဒါက ကျွန်တော့်ရဲ့ ရိုးရှင်းစွာရှုမြင်မှု တစ်ခုပါ ) ။

တစ်ကယ်တော့ ကျွန်တော်က အဲ့ဒီလို
အချင်းအရာ နှစ်ခုလုံးနဲ့ ထပ်တူကျနေတဲ့
လူသားတစ်ယောက်တော့ မဟုတ်ပေဘူး
သို့သော် ဘဝရဲ့
လျှောက်လမ်းတွေပေါ်မှာတော့ ကျွန်တော်
သက်လုံကောင်းအောင်ကြိုးစားနေပါတယ် ။

အောင်မြင်မှုကို ဆာလောင်မွတ်သိပ်ရတာ
လွယ်တော့မလွယ်ဘူး ဒါပေမဲ့ အောင်မြင်မှုဟာ
အရသာပြီးပြည့်စုံတဲ့ ဟင်းတစ်ခွက်လိုပဲ
သိပ်ကို အာဟာရပြည့်ဝလွန်းပါတယ် ။

adult-beach-country-346706.jpg

Credit Image >>>

ဘဝမှာ - ပြီးပြည့်စုံတဲ့
အောင်မြင်မှုတစ်ခုရဖို့အတွက်
ပထမဦးစွာ ကျွန်တော်တို့
သင်ယူလေ့လာဖို့လိုတယ်။
ဘဝရဲ့လှုပ်ရှားမှုတွေအချိုးအစားညီမျှဖို့လိုတယ်။ အားကြိုးမာန်တက် လုပ်ဆောင်ဖို့လိုတယ်။
အတွေးခေါ်ကောင်းများနှင့်
တည်ငြိမ်ရင့်ကျက်ဖို့လိုတယ်။
ဒီအရာတွေအတွက်
အရေးကြီးဆုံးက ယုံကြည်ချက်ပါပဲ ။
ယုံကြည်ချက်ဆိုတာ ကိုယ်ကိုယ်တိုင်
မွေးထားရမဲ့အရာဆိုတာ
သိဖို့လိုအပ်ပါတယ် ။

ကျွန်တော်နှင့်တူသော တစ်ချို့သောလူတွေ
ယုံကြည်ချက်တွေပျောက်ရှခဲ့တော့
ဘဝကို စမ်းတဝါးဝါးနဲ့ ဖြတ်သန်းလာခဲ့ကြတာ
အောင်မြင်မှုဆိုတာ
ဘယ်ဆီဘယ်ဝယ်မှာမသိ
လက်ဆုပ်လက်ကိုင်ပြစရာဆိုလို့ အိုမင်း
ရင့်ရော်နေတဲ့ အသားရေနဲ့ ဖြူရော်သွားတဲ့
ဆံပင်တွေပဲ ပိုင်ဆိုင်ခွင့်ရှိပါတယ်။
ဒါဟာ ကျွန်တော်ရှေ့ကပြောဆိုခဲ့တဲ့
အောင်မြင်မှုရဲ့ နည်းလမ်းတွေကို
လိုက်နာ မသိရှိခဲ့တဲ့ ကျွန်တော့်လို
လူသားငမိုက်တွေဆိုတာ
အားလုံးကိုနားလည် သိရှိစေချင်ပါတယ် ။

alarm-clock-clock-count-34584.jpg

Credit Image >>>

ကျွန်တော်တို့အားလုံးရဲ့
ရှင်သန်ခြင်း အသက် ခန္ဓာကိုယ်ကြီးဟာ
အပိုင်းအခြားတစ်ခုအဖြစ်
တတိယခြေလှမ်းဟာ နောက်ဆုံးပဲဆိုပါစို့
ကိုယ်လျှောက်ခဲ့တာ ဒုတိယ ခြေလှမ်းကို
ရောက်နေပြီဆိုရင် နောက်ဆုံးလက်ကျန်
တတိယခြေလှမ်းမှာ
ဘာတွေလုပ်ဆောင်ကြမလဲ ?

လောကကြီးအတွက် - ဘယ်လိုပုံစံမျိုးနဲ့များ
ရယူပိုင်ဆိုင် ပေးဆပ် စွန့်ကြဲခဲ့ကြမလည်းဆိုတာ
သတိလေးထားရှိပေးဖို့ ကျွန်တော်
အားလုံးကို လေးစားဦးညွှတ်တောင်းပန်ရင်း …

backlit-blur-bright-539719.jpg

Credit Image >>>

အသက်ရှင်ရုံ သက်သက်နဲ့တော့
ဘဝကို လျှောက်လှမ်းမလာပါနဲ့
လောကဓံတွေနဲ့ကြုံမှ
လောကကြီးအကြောင်းကိုအကုန်သိရမယ်
ရှင်သန်ခြင်းတစ်ခုရဲ့နောက်ဆုံးခြေလှမ်းဟာ
အရေးကြီးဆုံးပဲ
ဒါဟာ… ဘဝတွေပဲ

မှတ်ချက်= ကျွန်တော်၏ အတွေးများ
သာဖြစ်ပါသည်

အားလုံးကို လေးစားလျှက်…

ညီညီထွန်း

မိုးစက်
written by @ konyinyitun
MSC.259

Leave နောက်ဆုံးခြေလှမ်း to:

Written by

I love you all and nice to meet you

Read more #myanmar posts


Best Posts From Nyi Nyi Htun

We have not curated any of konyinyitun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Nyi Nyi Htun