Nyi Nyi Htun avatar

ကြယ်တစ်လုံး၏ အနုပညာ

konyinyitun

Published: 15 Aug 2018 › Updated: 15 Aug 2018ကြယ်တစ်လုံး၏ အနုပညာ

ကြယ်တစ်လုံး၏ အနုပညာ

abstract-blur-bright-735871.jpg

Credit Image >>>

အနုအလှ ယုယစွာ ပြဇာတ်မဆန်တဲ့
ကျွန်တော့်ရဲ့ ရက် နေ့ ညများစွာကို
ဖြတ်ကျော်ခဲ့ရတာ
ဒီနေ့လို အသက်ရွယ်ကြီးလာတဲ့ အချိန်ထိပါပဲ ။
( မလွဲမသွေတဲ့ ဆုံစည်းခြင်းများလား ) ။

အနံ့မရှိသော မလှပသော ပန်းတစ်ပွင့်ကို
နွမ်းကြေနေအောင် သိမ်းထားတတ်တဲ့
ကျွန်တော့်အကျင့်ကိုက
ဈေးကောင်းကောင်းနဲ့
တန်ဖိုးတွေမရှိလာနိုင်ဘူးဆိုတာကို
ကျွန်တော်နားလည်နေပါပြီလေ…

နံပါတ်တစ် = ကျွန်တော်တွေးတောခဲ့တယ် ။
နံပါတ်နှစ် = ကျွန်တော်ဟန်ပြင်ခဲ့တယ် ။
နံပါတ်သုံး = ကျွန်တော်ရုန်းထခဲ့တယ် ။

အပ်ကျသံလောက်မှ မသာယာနိုင်တဲ့
ကျွန်တော့်ရဲ့ဘဝကို
လူတွေ ဟားသိုက်ရယ်မောခဲ့ကြတာ
မဆန်းပါဘူးဗျာ ။ ဒါပေမယ့်
ကျွန်တော်နားလည်လက်ခံပေးပါတယ် ။
ကျွန်တော်ဖတ်ဖြစ်ခဲ့မိသော စာတိုလေးတစ်ခု -
" ဘဝဆိုတာ မြစ်ပါ ။ လူဆိုတာ ပင်လယ်ပါ ။
ဘဝဟာ ပျော်ရွှင်မှုဖြစ်ပြီး လူကတော့
အဲ့ဒီပျော်ရွှင်မှုကို လက်ခံပေါင်းစည်းယူတဲ့
ပင်လယ်ကြီးဖြစ်ပါတယ်တဲ့"

ဒီလိုဆို -
လူတွေရဲ့ အမြင်စောင်းမှု ကဲ့ရဲ့ရှုတ်ချမှု
မနာလိုဝန်တိုမှု အတ္တဆန်စွာပြုမှုတွေကို
ကျွန်တော့်ရဲ့ပျော်ရွှင်စရာ
ဘဝပင်လယ်ပြင်ကြီးထဲမှာ
စီးမျောခွင့်ပေးလိုက်ပါတယ် ။
သို့သော် အဲ့ဒီလိုပေးနိုင်ဖို့
ကျွန်တော် ဝီရိယတော့ စိုက်ထုတ်ရမှာပေါ့
ဒါမှ အောင်မြင်မှာလေ ။

antique-close-up-decoration-532420.jpg

Credit Image >>>

ဒီလိုပါပဲ ကျွန်တော်တို့ရဲ့
မိတ်ဆွေတွေအားလုံးလည်း
ပတ်ဝန်းကျင်ရဲ့ဂယက်တွေကို
ပျော်ရွှင်စရာတွေအဖြစ်နဲ့ ယူဆောင်လိုက်ပါ ။
အောင်မြင်လာပါလိမ့်မယ် ။
( တစ်ကယ်တော့ ပတ်ဝန်းကျင်ရဲ့
ဆေးထိုးမှုတွေဟာ ကျွန်တော်တို့တွေ
မလွဲမသွေကြုံနေရတဲ့
အရာတွေဆိုရင် မမှားပါဘူး ) ။

ဟုတ်ပါပြီ ပတ်ဝန်းကျင်ဆိုတာ
တန်ဖိုးရှိအရာတစ်ခုဆိုရင်
အဲ့ဒီတန်ဖိုးကို ကိုယ်ကနားလည်သိရှိဖို့
လိုအပ်ပါလိမ့်မယ် ။
တစ်ကယ်တော့ဘဝမှာ -
အကြောင်းရာမျိုးစုံကြောင့်လဲပြိုသွားလို့
ရှုံးရပြီဆိုတာထက် အဲ့ဒီလဲပြိုမှုကို
ပြန်ပြီးရုန်းမထနိုင်တာကိုက
ပိုပြီးရှုံးရတယ်ဆိုတာကို ကျွန်တော်တို့အားလုံး
မေ့လျော့နေကြတယ်ဆိုတာ
ရည်ရွယ်ထားရင်း …

dark-galaxy-wallpaper-night-32237.jpg

Credit Image >>>

" အိပ်မပျော်တဲ့ညတွေဆိုထကြည့်လိုက်ပါ
ကောင်းကင်မှာ ကြယ်တွေအများကြီးပဲ ။
အိပ်ပျော်သွားခဲ့ရင်လည်း
ခံစားကြည့်လိုက်ပါ အဲ့ဒီကြယ်တွေထဲက
ကိုယ်ကတစ်လုံးဖြစ်ခဲ့တယ်ဆိုရင်ရော
ဒါမှမဟုတ် ကိုယ်က' အလင်းလက်ဆုံး '
ကြယ်တာယာဖြစ်ခဲ့ရင်ရော "

အားလုံးကို လေးစားလျှက် …

ညီညီထွန်း

မိုးစက်
written by @ konyinyitun
MSC.259

Leave ကြယ်တစ်လုံး၏ အနုပညာ to:

Written by

I love you all and nice to meet you

Read more #myanmar posts


Best Posts From Nyi Nyi Htun

We have not curated any of konyinyitun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Nyi Nyi Htun