Nyi Nyi Htun avatar

အလင်းတစ်စက်

konyinyitun

Published: 25 Aug 2018 › Updated: 25 Aug 2018အလင်းတစ်စက်

အလင်းတစ်စက်

man-person-silhouette-101520.jpg

Credit Image >>>

သံချေးတတ်နေသော ဦးနှောက်များနှင့်
အလှပတွေဝေဝေဆာဆာမရှိသော
ကျွန်တော့်ရဲ့အတွေးခေါ်များကို
ဘယ်သူတစ်ဦးကများ
လက်ခုပ်သြဘာသံတွေ ချီးမြှောက်နေမလည်း ။

တစ်ကယ်တော့ကျွန်တော်က -
လူတွေရဲ့ လှောင်ရီ ရယ်မော ရှုတ်ချတတ်တဲ့
ခြံဝန်းထဲမှာ နေရာဦးထားပြီးပြီလေ ။

ကျွန်တော်ထင်မြင်မိတယ်ဗျ…
" လူတွေက ကိုယ်ကအသုံးမကျလေလေ
သူများကို ပိုပြီးအပြစ်မြင်တတ်သလိုပါ " ပဲ ။
ကျွန်တော် …
လောကကြီးကို အပြစ်မြင်ခဲ့ဖူးတယ် ။
လူတွေကိုလည်း အပြစ်မြင်ခဲ့ဖူးတယ် ။
နောက်ဆုံး ကိုယ်ရပ်တည်နေရတဲ့
ဘဝတွေကို အပြစ်မြင်ခဲ့ဖူးတယ် ။
ကဲ - ဘယ်လောက်များ
ကိုယ်ကအသုံးမကျတဲ့ လူသားဖြစ်နေပါလိမ့် ။

clouds-field-man-107607.jpg

Credit Image >>>

ဖြစ်တည်နေတဲ့စိတ်နဲ့
ရပ်တည်နေရတဲ့ဘဝ အများပြောသလို
' ဆန္ဒနဲ့ဘဝ ' တစ်ထပ်တည်းကျနိုင်ဖို့
အတော်မလွယ်ကူလှတဲ့ လူသားကမ္ဘာမှာ -
" မဇ္ဈိမပဋိပဒါ " ဆိုတဲ့ဘုရားဟောလမ်းစဉ်တွေနဲ့
ကျွန်တော်တို့တွေ ဘဝကို
အလင်းဆောင်ကျဉ်းသင့်ပါပြီလေ ။
တစ်ကယ်တော့ ကျွန်တော်တို့တွေဟာ
အလင်းတစ်ခုအောက်မှာရှိနေခဲ့ပေမယ့်
အမှောင်ကမ္ဘာထဲမှာ တိုးဝှေ့နေချင်ကြတဲ့
မျက်ကန်းတစ္ဆေတွေပါလား ။

ကိုယ့်ကိုယ်ကိုပြန်ပြီး ဆန်းစစ်ကြည့်ဖြစ်ခဲ့ပါတယ်
( ရိုးရှင်းသော အတွေးများနှင့်ပေါ့ )
တရားသဘောဆိုတာ
သဘောတရားလေး ရှိလာတတ်မှ
အဆင်ပြေနိုင်မှာပါ အဲ့ဒီသဘောတရားလေးကို
နားလည်တတ်ကျွမ်းခွင့်ရဖို့
ဘဝရဲ့ ဖြစ်စဉ်မျိုးစုံတွေကို ကျွန်တော်တို့တွေ
မလွဲမသွေ လက်ခံကျင့်သုံးနေရမှာပါလား ။

alone-beach-freedom-103889.jpg

Credit Image

ဘယ်တော့မှ ပြည့်ဝသွားလေခြင်းမရှိ
ဆာလောင်ငတ်မွတ်နေသော ရမ္မက်များနှင့်
လိုအပ်မှုတွေ အမြဲတမ်းရှိနေတတ်တဲ့
' လောဘ ' သားကောင်တွေ ။
အရာရာမှာ တစ်ကောင်ဘွား ဖြစ်ချင်တဲ့
' ဒေါသ ' သားကောင်တွေ ။
အမှားအမှန် မခွဲခြားတတ်တဲ့ပညာရပ်
ရှိလေသော ' မောဟ 'သားကောင်တွေ ။
ဘယ်သခင်ရဲ့ ကျေးကျွန်များ ဖြစ်မှာပါလိမ့်လို့
ကျွန်တော် တွေးတောဖြစ်ခဲ့ပါတယ် ။

forest-man-outdoors-178996.jpg

Credit Image >>>

" ကျုပ်က - ကယ်တင်ရှင်ကြီးတော့မဟုတ်ပါဘူး
သို့ပေမယ့် …
ကယ်တင်ချင်တဲ့စိတ်ကလေးတော့ ရှိပါတယ် ။
ဥာဏ်စွမ်းအား ကောင်းလွန်းသောလူသားတွေ
အမှောင်ကမ္ဘာမှ ခြေတစ်လှမ်းလေပဲ
နောက်ဆုတ်ကြည့်လိုက်ပါ
ပြီးပြည့်စုံသော " အလင်းရောင် " တစ်ခုက
ကြိုဆိုနေပါတယ် ။ ကျုပ်ကတော့ -
အမှောင်ကမ္ဘာထဲမှာ နစ်မြုစ်နေဆဲပေါ့ "

မှတ်ချက် = ကျွန်တော်၏ မညီညာသော
အတွေးများသာ ဖြစ်ပါသည် ။

အားလုံးကို လေးစားလျှက် …

ညီညီထွန်း

မိုးစက်
written by @ konyinyitun
MSC. 259

Leave အလင်းတစ်စက် to:

Written by

I love you all and nice to meet you

Read more #myanmar posts


Best Posts From Nyi Nyi Htun

We have not curated any of konyinyitun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Nyi Nyi Htun