ရွက်လွင့်ခြင်း
စမ်းတဝါးဝါးနဲ့ ခမ်းနားစွာဖြစ်နေတဲ့
လောကဇာတ်ခုံပေါ်မှာ
အမည်နာမ မရှိသောပုဂ္ဂိုလ်တစ်ဦးရဲ့
စေညွှန်ရာရည်ညွှန်းချက်တွေနဲ့
ဟန်ချက်ညီစွာကပြနိုင်ဖို့
ကျွန်တော် -
ဘဝရဲ့ပင်လယ်ပြင်ကြီးထဲကို
ရွက်လွင့်ခဲ့ပြီလေ …
ကြိုဆိုနေသောကမ်းလက်များကို
မမြင်ရသေးပေမယ့်
နေသာလာတဲ့တစ်နေ့ကျရင်
ကျွန်တော့်ရဲ့အလိုချင်ဆုံးပန်းတိုင်
အဲ့ဒီအရိပ်ကမ်းနားမှာ
ကမ်းကပ်ရဖို့ ဟန်ပြင်ပြီ
( မာန်တင်းထားသော အတွေးများပေါ့ ) ။
လွန်ခဲ့သော ဆယ်စုနှစ်ခန့်က -
ကျွန်တော်က ဘာမှမဟုတ်တဲ့လူတစ်ယောက်ပါ
အခုလည်း ဘာမှမဟုတ်ပါဘူး ။
တစ်ခါတရံတော့ -
ဘေးစကားတွေထက် အတွေးများကို
ကျွန်တော်ဦးစားပေးခဲ့ပါတယ်
မှန်လား မှားလာမသိ
( သိပ်ပြီးတော့ ဟန်ချက်ကမညီညာလှပါဘူး ) ။
အတွေးဆိုလို့ ကျွန်တော်က-
တွေးခေါ်ပညာရှင်ကြီးမဟုတ်ပါဘူး ။
ဘဝကို လှလှပပအရောင်တောက်ပစေဖို့
ကျွန်တော်မတွေးနိုင်ပါဘူး ။
ကမ္ဘာမြေကြီးကို သာယာလှပဖို့
ကျွန်တော်မတွေးနိုင်ပါဘူး ။
စာကောင်းပေကောင်းတွေ ရေးသားနိုင်ဖို့
ကျွန်တော်မတွေးနိုင်သေးပါဘူး ။
ကျွန်တော်ရေးသောစာတွေကို
ဝေဖန်လို့ရပါတယ် ။ ဆန်းစစ်လို့ရပါတယ် ။
ကျွန်တော့်ရဲ့လုပ်ဆောင်ချက်တွေကို
ကဲ့ရဲ့လို့ရပါတယ် ။ ရှုတ်ချလို့ရပါတယ် ။
ကျွန်တော်က -
ဖြစ်ပျက်နေတဲ့ အရာတွေကို
( နားလည်မှုသဘော )
ဖြစ်စေချင်တဲ့ အတွေးမျိုးလောက်ပဲ ရှိတာပါ ။
ဖြစ်နိုင်အောင် လုပ်ဆောင်နိုင်ဖို့
အတွေးမျိုးတော့ ကျွန်တော့မှာ မရှိပါဘူး ။
အတွေးဆိုတာ …
လူတစ်ယောက်ရဲ့ လုပ်ဆောင်ချက်တွေမှာ
ပထမဦးဆုံးရောက်လာမယ့် ဧည့်သည်ပါ
သူရောက်လာပြီးမှ
ကျွန်တော်တို့တွေ လုပ်ဆောင်ရတာပါ။
တွေးခေါ်မှုမပါတဲ့လုပ်ဆောင်ချက်တွေဟာ
လမ်းမပေါ်က အရူးတစ်ယောက်ရဲ့
သီချင်းဆိုသံတွေလောက် မသာယာလှပါဘူး ။
ဒီတော့ - အတွေးဆိုတာ တွေးနေရုံနဲ့လည်းမပြီး
လုပ်ဆောင်နိုင်ဖို့ကလည်း
အရေးကြီးလှပါပေတယ် ။
စာကောင်းကောင်းရေးနိုင်ဖို့
အတွေးကောင်းကောင်းရှိမှ အဆင်ပြေမယ် ။
ဘဝကောင်းကောင်းရှိနိုင်ဖို့
အတွေးကောင်းကောင်းလုပ်ဆောင်ချက်တွေ
လိုပါလိမ့်မယ် မိတ်ဆွေတို့ …
" အတွေးကောင်းကောင်းနဲ့
ဘဝပင်လယ်ပြင်ကြီးထဲကို ရွက်လွင့်ခဲ့တယ်
မုန်တိုင်းတွေလား ကျောက်ဆောင်တွေလား
ကျော်ဖြတ်နိုင်ရမယ်
အနာတရတွေ လွမ်းဆွတ်မှုတွေ
အခြေမကျမှုတွေ
ပင်လယ်ရေနဲ့ ဆေးကျောပစ်လိုက်တယ်
တလိမ့်လိမ့်စီးမျောသွားတဲ့ အချိန်ထိ "
အားလုံးကို လေးစားလျှက် …
ညီညီထွန်း
မိုးစက်
written by @ konyinyitun
MSC.259
Leave ရွက်လွင့်ခြင်း to:
Read more #myanmar posts
Best Posts From Nyi Nyi Htun
We have not curated any of konyinyitun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.