လျှောက်လဲချက်
အနာတရတော့ရှိတယ်
ဒါပေမယ့် ဖြေးဖြေးဖွဖွပါပဲ
မပီပြင်သော စကားလုံးများကြား
ကိုယ်ပါရောထွေးနေတာက
ဘဝရဲ့ သက်တောင့်သက်သာမှုများလား
စာနာမှုကင်းမဲ့သော မျက်ဝန်းတွေကို
ရှောင်လွှဲမရနိုင်မှန်းတော့
ကိုယ်လည်း…
နေသားတကျချော်လဲတတ်နေပါပြီ
မတူညီသောခံစားချက်များကိုပြောင်းလဲပစ်ဖို့
ဘယ်ဇာတာက အကောင်းဆုံးဖြစ်နေမလည်း
ကဗျာမပီစာမညီသော ကိုယ့်အနေထားက
မျဉ်းဖြောင့်တွေနဲ့မတန်ပါဘူး
ငြီးငွေ့ငွေ့အော်သံတွေ
ယောင်ဝါးဝါးလှုပ်ရှားမှုတွေ
နှစ်လိုဖွယ်ရာမကောင်းပေမယ့်*
ဘဝကို…
ဆေးရောင်စုံနဲ့ ထင်သာမြင်သာအောင်ပြသနိုင်ဖို့
ကိုယ်က …
မှော်ဆရာမှမဟုတ်တာလေ …
အားလုံးကို လေးစားလျှက် …
ညီညီထွန်း
မိုးစက်
written by @ konyinyitun
MSC.259
Leave လျှောက်လဲချက် to:
Read more #myanmar posts
Best Posts From Nyi Nyi Htun
We have not curated any of konyinyitun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.
More Posts From Nyi Nyi Htun
- ဆောင်းရဲ့သက်ပြင်း
- အပ်ရှသံလေး
- ' ဆုံမှတ် '
- ခဏတာလေးမှာ
- ရှာဖွေခြင်း
- လျှောက်လဲချက်
- ရွက်လွင့်ခြင်း
- အလင်းတစ်စက်
- လက်တစ်ကမ်း
- " အန္ဓဗာလ "
- ကြယ်တစ်လုံး၏ အနုပညာ
- ဆုံမှတ်
- ကျွန်တော် ဆိုသော
- ငှက်တစ်ကောင်၏ အတွေး
- နောက်ဆုံးခြေလှမ်း
- ငြီးငွေ့ခြင်း
- ကျွန်တော်နှင့် ဖြန့်ထွက်သီအိုရီ
- အပြုသဘောဆောင်ခြင်း
- ဖွင့်ဆိုမိသော သီအိုရီ
- မိုးစက်များနှင့်ကျွန်တော်