ဖွင့်ဆိုမိသော သီအိုရီ
သက်ပြင်းတွေအခါခါချ ဟန်ချက်မညီသော
ခြေလှမ်းတွေနဲ့ လျှောက်လှမ်းနေရသလို
ကိုယ်ကိုယ်တိုင်လည်း အခုတလော
ဟန်ချက်ပျက်နေသလိုပါပဲ ။
စာရေးဖို့ကစိတ်မပါ တွေးတောနေရခြင်း
အကြောင်းအရာတွေက ဖမ်းဆုပ်လို့မရ
တော်သေးတာပေါ့ စာဖတ်ခြင်းအားက
မပျက်မကွက်ဖြစ်နေလို့ ဒါကြောင့်လည်း
စာရေးနိုင်စွမ်းရှိလာသောအမြှော်အမြင်လေးတွေ
ရလာတယ်ဆိုပါတော့လေ …
အခုတလော ကျွန်တော်တို့ရဲ့ steemit
မိသားစုဝင်တွေ MSC နဲ့ပက်သက်ပြီး
တက်တက်ကြွကြွ လုပ်ဆောင်နေကျတာတွေ
တွေ့မြင်နေရတယ် -
MSC နှစ်ပတ်လည်များအကြောင်း ။
GP တွေပေါင်းစပ်လိုက်တဲ့အကြောင်း ။
Pro ရက်တွေ တိုးလာတဲ့အကြောင်း ။
ဒီအတွက် ကျွန်တော့်မှာ ထူးခြားတဲ့
ခံစားမှုတစ်ခုဖြစ်ပေါ်စေပါတယ် ။
ဘာလဲဆိုရင် MSC နှစ်ပတ်လည်နဲ့ ပက်သက်ပြီး
ကျွန်တော်တို့ရဲ့ ဆရာသမားတွေ
Admin အကိုအမတွေက ရှေ့ကဦးဆောင်ပြီး
တက်ကြွစွာစီစဉ်လုပ်ဆောင်နေတဲ့
ခွန်အားတွေ ပိုပြီးပြည့်ဝစေဖို့
ကောင်းမွန်သောအကြံဥာဏ်တွေ
ကောင်းမွန်သောလုပ်ဆောင်ချက်တွေနဲ့
ဝိုင်းဝန်းဖေးမကူညီရင်း
အားပေးချီးမြောက်ကျပါလို့
ကျွန်တော့်မှာ မျှော်လင့်တောင်းတမိသော
ခံစားမှုလေးဖြစ်မိပါတယ် ။
အထူးသဖြင့် - steemit နဲ့ပက်သက်ပြီး
ရှေ့ကဆရာသမားတွေAdmin တွေ
ဖေါ်ဆောင်ပေးထားတဲ့ပုံရိပ်လှလှလေးတွေကို
ကျွန်တော်တို့နောက်ကလူတွေက
အဲ့ဒီပုံရိပ်တွေကိုကာကွယ်စောက်ရှောက်ရင်း
ပိုပြီးလှပလာအောင် ဝိုင်းဝန်းကြိုးစားရင်
Myanmar Steemit Community ကြီးဟာ
ဒီထက်ပိုပြီး အောင်မြင်လာလိမ့်မယ်လို့
ကျွန်တော်ယုံကြည်ပါတယ် ( အားလုံးလည်း
ယုံကြည်လိမ့်မယ်လို့မျှော်လင့်ပါတယ် ) ။
ဒီအတွက် အရေးကြီးဆုံးကတော့
Team Work ရှိကြဖို့ပါပဲ။ ဆိုလိုတာက …
( 19-6-2018 ) ည ၇:၃၀ မှာကျွန်တော်တို့ရဲ့
ခေါင်းဆောင်ကြီး ဆရာကိုဟင်နရီအောင်ရဲ့
ဟောပြောဆွေးနွေးမှုအချိန်တွေမှာ
အားလုံးတွေ့မြင်ခဲ့ရတဲ့အတိုင်းပဲ
ကိုယ့်ရဲ့ခေါင်းဆောင်ကြီးရှေ့မှာအချင်းချင်းမတင်မကျထစ်ငေါ့မှုလေးတွေ ဖြစ်ပျက်ခဲ့ကြပါတယ်
( ဘယ်သူမှားတယ် ဘယ်သူမှန်တယ်ဆိုတာကို
ကျွန်တော်မပြောဆိုလိုပါဘူး )။
ခေါင်းဆောင်က…
" ဘာများဆွေးနွေးစရာရှိကြလည်း "လို့
မေးလိုက်ရော ပြောကြပြီ( ပြောပိုင်ခွင့်ရှိပါတယ် )
သို့သော် - " ဘယ်သူက ဘယ်လိုရှိတယ်
ဘယ်သူ့ကိုပဲ Sl ထားပေးပါ ဘယ်သူနဲ့ပဲ
ဆက်သွားချင်ပါတယ် ဘယ်အုပ်စုကဘယ်လို
ခေါင်းဆောင်တွေကပြန်ထိန်းရ
အစရှိသဖြင့်ပေါ့ " နောက်ဆုံးကျွန်တော်တို့ရဲ့
ခေါင်းဆောင်ကြီးက အမြင်မတော်တာတွေ့ရှိရင်
ပြောဆိုဆုံးမပေးဖို့ ဆရာတင်လှိုင်ဦးတို့ ဆရာမ
အန်တီရီရီဆွေတို့ကို အကူအညီတောင်းရတဲ့
အခြေအနေထိ တွေ့မြင်လိုက်ရတာ
ကျွန်တော်လုံးဝ စိတ်မကောင်းဘူးဗျာ ။
( steemit မှာ ကျွန်တော့်လိုဂူနီယာ
လူတစ်ယောက်က ဒီအကြောင်းအရာကို
ဖွင့်ပြောရတာအပြစ်မဆိုကြပါနဲ့ခင်ဗျ )
ဘာဖြစ်လို့လည်းဆိုရင်ကျွန်တော့်မှာ
ရိုးရှင်းသောအမြင်တခုရှိပါတယ် …
ကျွန်တော်တို့တွေဟာ အဖွဲ့အစည်းနဲ့
လုပ်ဆောင်နေကြရတာပါ အဖွဲ့အစည်းတခုမှာ
Team work ဆိုတာ အရမ်းအရေးကြီးပါတယ်
ဒါကို အားလုံး သိပြီး နားလည်ပြီးသားပါ ဒါပေမဲ့
လိုက်နာမှုစွမ်းအားကတော့ အမျိုးမျိုးပါပဲ
မတူညီကျပါဘူး ။ Team work ဆိုတာမျိုးမရှိရင်
ကျွန်တော်တို့ အဖွဲ့စည်းကြီး အောင်မြင်ဖို့
အတော်ခက်ပါလိမ့်မယ် ။
လူတွေမှာ ခံစားချက်မျိုးစုံစီရှိကြတယ်ဆိုတာ
နားလည်လက်ခံပါတယ် သို့သော်
ကိုယ်လုပ်လိုက်တဲ့ အပြုမူအပြောအဆိုဟာ
သိပ်အရေးကြီးပါတယ် အများအတွက်
အနှောက်ယှက်ဖြစ်စေတယ်ဆိုရင်
မကောင်းပါဘူး မကောင်းဘူးဆိုတာထက်
စည်းလုံးမှုကိုပြိုကွဲစေပါတယ် ။
ကိုယ်က စာအရေးသားတွေ
ဘယ်လောက်ပဲကောင်းကောင်း
အများအတွက်အကျိုးမဖြစ်ထွန်းဘူး
ကိုယ့်စိတ်ထားမမှန်ဘူးဆိုရင်
အရောင်မတောက်နိုင်ဘူး တန်ဖိုးမရှိပါဘူး ။
ဒီလိုပါပဲ ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေ
ဘယ်လောက်ပဲ တော်ကောင်းနေပါစေ
ကိုယ့်ရဲ့မူမမှန်ရင်တော့
ကိုယ့်ရဲ့တန်းဖိုးတွေကျဆင်းနေမှာပဲ ။
လူဆိုတာ ကိုယ့်အကျိုးအတွက်ကြည့် လုပ်
ဆောင်ကြတဲ့ အမျိုးဆိုပေမယ့်
ကိုယ့်ကျိုးထဲကနေ အများအကျိုးအတွက်
နည်းနည်းလေးပဲ ဖဲ့ပေးကြည့်လိုက်ပါ
သင်ဟာ အောင်မြင်နေတဲ့လူတစ်ယောက်
ဖြစ်နေပြီဆိုတာ ကျွန်တော်ယုံကြည်ပါတယ် ။
ကျွန်တော်တို့ MyanmarSteemitCommunity
ကြီးထဲမှာ - ကိုယ့်ကျိုးထဲကနေ
အများအကျိုးအတွက် လုပ်ဆောင်ပေးနေတဲ့
လူတွေအများကြီးရှိပါတယ်
သူတို့ကို အတုယူပါ ။ လေးစားပါ ။
တန်ဖိုးထားပေးပါလို့စိတ်ကလေးတွေ မွေးမြူရင်း
Myanmar Steemit Community ကြီးရဲ့
ပုံရိပ်တွေပိုပြီးလှပလာအောင်
ကျွန်တော်တို့ ညီအကို မောင်နှမတွေ အားလုံး
Team work ကိုယ်စီနဲ့ ရှင်သန်နိုးကြားစွာ
လျှောက်လှမ်းနိုင်ကြပါစေလို့
ကျွန်တော်ဆုမွန်ကောင်းတောင်းရင်း
ကျွန်တော့်ရဲ့
ရိုးရှင်းသော အတွေးမြင်လေးတစ်ခုကို
Team work ဆိုတဲ့ ဆိုင်းဘုတ်လေးအောက်မှာ
ခိုနားခွင့်ပြုပါလေ …
မှတ်ချက် = ကျွန်တော်၏အတွေးမြင်များသာ
ဖြစ်ပါသည် ။
အားလုံးကို လေးစားလျှက် …
ညီညီထွန်း
မိုးစက်
written by @ konyinyitun
MSC . 259
Leave ဖွင့်ဆိုမိသော သီအိုရီ to:
Read more #myanmar posts
Best Posts From Nyi Nyi Htun
We have not curated any of konyinyitun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.