အပြုသဘောဆောင်ခြင်း
ဆုံးဖြတ်ချက်တွေ ကိုယ်စီနဲ့
ကမ်းမမြင်လမ်းမမြင် အမြင်အာရုံတွေနဲ့
လှော်တတ်ကို အားပြုရင်း
လေနှင်ရာရွက်လွင့်ခဲ့ပြီလေ …
ကိုယ့်ကိုယ်ကို
ဘဝက နေသားကျနေပါပြီလို့
ဖွင့်ဆိုထားပေမယ့်လည်း
ခန္ဓာကိုယ်မှာ ပေါက်တတ်နေတဲ့
ယားနာတွေလိုမျိုး ဟိုနားကုတ်လိုက်
ဒီနားကုတ်လိုက်ရနဲ့
ဟန်ချက်ကိုမညီညာပါဘူးဗျာ ။
ဘဝတွေ ဘဝတွေ …
ဘယ်လိုပုံစံမျိုးတွေနဲ့
ကွဲပြားခြားနားနေပါစေ
ကိုယ်ပိုင်ဆိုင်ထားတဲ့ ကိုယ့်စိတ်ဓာတ်ကိုတော့
ရိုက်ချိုးခံလို့တော့မဖြစ်ဘူး ။
ကံကြမ္မာအပြောင်းလဲတွေ
ဘယ်လောက်ပဲရှိရှိ အသေချာဆုံးကတော့
အဲ့ဒီလိုအခြေအနေဆိုးတွေက
ကိုယ့်ကိုလမ်းဆုံးရောက်သွားအောင်
တော့ မတွန်းပို့နိုင်ပါဘူး ။
သေချာစဉ်းစားကြည့်ရင်
ကိုယ့်ကိုလမ်းဆုံးရောက်စေနိုင်တာက
ကိုယ့်ရဲ့ အားငယ်မှု လက်လျှော့မှုတွေပဲလို့
ထင်မြင်မိပါတယ် ။
ထင်မြင်မိတယ်ဆိုလို့ ( ကိုယ်ကိုယ်တိုင်လည်း
အဲ့ဒီလိုလူစားမျိုး ဖြစ်နေရပါတယ် ) ။
တစ်ချို့သော တစ်ချို့သော လူတွေ
ကိုယ့်ကိုယ်ကို " ရင့်ကျက်တည်ငြိမ်နေပါတယ်
အောင်မြင်နေပါပြီ " လို့ ပြောထွတ်တဲ့
စကားလုံးတွေကို တာဝန်ယူရတာ
အင်မတန်ကြီးမားတယ် ဆိုတာ
နားလည်စေချင်မိပါတယ် သို့သော်
တာဝန်ယူမှုအပြည့်ဝရှိတဲ့ လူတွေကတော့
လောကအလယ်မှာ တင့်တယ်ဂုဏ်ယူစရာ
အလွန်ကောင်းသလို
ခမ်းနားထည်ဝါတယ်လို့လည်း မြင်မိပါတယ် ။
ဒါဟာ ရှင်သန်ခြင်း ဘဝတွေရဲ့
အမှတ်တံဆိပ် တစ်ခုပေါ့ဗျာ ။
အောင်မြင်ကျော်ကြားခြင်း
ခမ်းနားထည်ဝါခြင်း ဆိုတာတွေ
ကျွန်တော်သေချာစွာ နားလည်မသိရှိပါဘူး ။
ကိုယ်၌ကလည်း အဲ့ဒီအရာတွေကို
ပိုင်ဆိုင်ထားခြင်းမျိုး မရှိပါဘူး ။
တကယ်တော့ ဘဝမှာ -
ရည်မှန်းချက်တွေ စိတ်ကူးအိပ်မက်တွေ
မျှော်လင့်ချက်တွေကို ဖျက်ဆီးတဲ့
တရားခံဟာ ကိုယ်ကိုယ်တိုင်ပါပဲ ။
ဒီတော့ အောင်မြင်မှုတွေ ခမ်းနားမှုတွေ
ပိုင်ဆိုင်ခွင့်ရမှာလည်း ကိုယ်ကိုယ်တိုင်ပဲ
ကြိုးစားအားထုတ်ရမယ်လို့
ကျွန်တော် ယူဆပါရစေ ။
ဘဝက အမြဲတမ်းတော့
အဆင်ပြေမှုတွေ ရှိမလာနိုင်ဘူးလေ
တစ်ခါတလေတော့ အခြေအနေဆိုးတွေ
ရှိလာမှာပဲ အဲ့ဒီတစ်ခါတလေကပဲ
ကျွန်တော်တို့တွေရဲ့ ဘဝတွေကို
အများကြီးပြောင်းလဲသွားစေတာပဲ မဟုတ်လား ။
ဟုတ်ပါပြီ - ဘဝမှာ
အဆင်ပြေတာတွေပဲရှိရှိ
အဆင်မပြေတာတွေပဲရှိရှိ
ကျွန်တော်တို့အားလုံးဟာ
လူ့လောကကြီးထဲကို ပင်ပင်ပန်းပန်းနဲ့
ရောက်ရှိလာရတာပါ ဒီတော့ တစ်နေ့တစ်နေ့
အဆင်မပြေတဲ့အကြောင်းတွေ
မသာယာတဲ့နေ့ရက်တွေ ဆုံးရှုံးလိုက်ရတဲ့
အခြေအနေတွေကို ထပ်တလဲလဲ
ခံစားငိုကြွေး တွေးတောမနေပါနဲ့ ။
မနေ့က ကိုယ်ရှင်သန်ခဲ့ရတဲ့ နေ့ရက်ထက်
ဒီနေ့ပိုသာလာအောင် နေချင်တဲ့စိတ်
ဖြစ်ချင်တဲ့ ဆန္ဒလေးတွေနဲ့
ဘဝကို တည်ဆောက်ပေးပါလို့
ကျွန်တော် ဆန္ဒပြုရင်း …
အားလုံးကို လေးစားလျှက် …
ညီညီထွန်း
မိုးစက်
written by @ konyinyitun
MSC . 259
Leave အပြုသဘောဆောင်ခြင်း to:
Read more #myanmar posts
Best Posts From Nyi Nyi Htun
We have not curated any of konyinyitun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.