Nyi Nyi Htun avatar

" အန္ဓဗာလ "

konyinyitun

Published: 17 Aug 2018 › Updated: 17 Aug 2018" အန္ဓဗာလ "

" အန္ဓဗာလ "

blur-close-up-dirt-256678.jpg

Credit Image >>>

ချစ်ခြင်းတွေ အလှသီကုံးဖို့
ကဗျာဆန်တဲ့လက်တွေ ကျွန်တော့်မှာမရှိ ။

ယောင်ဝါးဝါးနဲ့ ဖြစ်တည်တဲ့ စိတ်ကိုက
အညတရလူသားအဖြစ် တန်ပါတယ် ။

ငှက်ဆိုးတစ်ကောင်ရဲ့အော်သံကိုမှ
သာယာနေမိတဲ့ လူစား ။
ဘဝပျက်တဲ့ ပုံရိပ်ကိုမှ
ကြိုက်နှစ်သက်မိတဲ့ လူစား ။
ရွေးချယ်ခွင့်မရှိတဲ့ လမ်းတွေကိုမှ
လျှောက်လှမ်းချင်မိတဲ့ လူစား ။

အဲ့ဒီလို … အဲ့ဒီလိုနဲ့ …

ဂုဏ်ပကာသနတွေ
ကျွန်တော့်ကို လာမချပြပါနဲ့ ။
မေတ္တာတရားတွေ
ကျွန်တော့်ကို လားမပေးပါနဲ့ ။
ဥပေက္ခာတရားတွေ
ကျွန်တော့်ကို မဆောင်ကြည်းပါနဲ့ ။

adventure-beauty-blonde-hair-725255.jpg

Credit Image >>>(https://www.pexels.com)

ကမ္ဘာမြေရဲ့အဆုံးထိ
မြင်နိုင်တဲ့ မျက်ဝန်းတွေကို
ကျွန်တော်မြတ်နိုးနေပါတယ် ။

ဘာကြောင့်လည်း …

လေတိုက်ရင် လွင့်ပါသွားတယ်ဆိုတဲ့
စိတ်ဓာတ်တွေကို
ကျွန်တော်မျှော်နေတယ်လေ…

ကျွန်တော်က…
' အန္ဓဗာလ ' ပေါ့ ။

အားလုံးကို လေးစားလျှက် …

ညီညီထွန်း

မိုးစက်
written by @ konyinyitun
MSC.259

Leave " အန္ဓဗာလ " to:

Written by

I love you all and nice to meet you

Read more #myanmar posts


Best Posts From Nyi Nyi Htun

We have not curated any of konyinyitun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Nyi Nyi Htun