Nyi Nyi Htun avatar

ငှက်တစ်ကောင်၏ အတွေး

konyinyitun

Published: 25 Jul 2018 › Updated: 25 Jul 2018ငှက်တစ်ကောင်၏ အတွေး

ငှက်တစ်ကောင်၏ အတွေး

adult-asian-bald-247519.jpg

Credit Image >>>

ခေတ်ဆန်သောပြဇာတ်များနှင့်
ခေတ်မဆန်သော ကျွန်တော်ရဲ့
အတွေးများကို ပေါင်းစပ်ကြည့်တော့
အချိုးစားကပုံပျက်ပန်းပျက်ပါပဲ ။

ကျွန်တော်က-
တစ်ယောက်တည်းနေနေရင်တောင်
ငိုတတ်တယ် ရီတတ်တယ်
ခန္ဓာကိုယ်ကထွက်လာတဲ့
အပူအငွေ့တွေကိုတော့
ပြန်မြင်ယောင်မကြည့်တတ်ပါဘူး ။
( အပူပင်တွေရှိတတ်တယ်ဆိုတာကို
နားမလည်တဲ့လူစားမျိုးပေါ့ )။

ဟုတ်ပါတယ် ကျွန်တော်တို့အားလုံးမှာ
အပူပင်တွေ ကိုယ်စီရှိကြပါတယ် ။
ဒါကို တစ်ဦးနဲ့တစ်ဦး နားလည်လက်ခံပေးရမယ်။
ကိုယ်ချင်းစာပေးရမယ်။
လေးစားမှုရှိပေးရမယ်။
ဒါဟာ လူ့ကျင့်ဝတ်တစ်ခုပါပဲ ။

လူတစ်ယောက်က ကိုယ်ပိုင်အတွေးခေါ်
အယူဆတွေနဲ့ ဖွင့်ဟပြောဆို
ရေးသားကြတဲ့ စကားလုံးတွေ
စာပေတွေမှာလည်း အပူတွေပါချင်ပါမှာပဲ။
အေးမြခြင်းလည်း ပါချင်ပါမှာပဲ။
ဒီနောက်မှာတော့ ရည်ရွယ်ချက်တွေ
ပါလာမှာအမှန်ပဲ။ ဒါကိုလည်း
နားလည်ပေးစေချင်ပါတယ်။
အခု ကျွန်တော်ရေးဖွဲ့ပြောဆိုဖွင့်ဟသော
စကားတွေ စာပေတွေလည်း
အပူပင်တွေ အေးမြခြင်းတွေ
ရည်ရွယ်ချက်တွေပါလာမှာပဲလေ ။
ဒီအတွက် ကျွန်တော့်ကိုလည်း
နားလည်လက်ခံပေးကြလိမ့်မယ်လို့
မျှော်လင့်မိပါတယ်။

ဒီနေရာမှာ တစ်ခုတော့နားလည်မှု
လွဲချင်စရာရှိပါတယ် တစ်ချို့
ကိုယ့်ရဲ့အယူအဆပြောဆိုမှုတွေဟာ
အကျိုးမရှိ အကျိုးယုတ်စေတယ်ဆိုရင်တော့
ဆိုးမြင်သောခံစားမှုတစ်ခုပါပဲလို့
ရိုးရှင်းစွာနားလည်ပေးလိုက်ပါ
ဒါပေမဲ့ပူးပေါင်းပါဝင်မှုတော့ မဖြစ်ပါစေနဲ့
ကိုယ့်ရဲ့နားလည်ပေးမှုဟာ
အဆိပ်တောက်ဖြစ်သွားပါလိမ့်မယ် ။

adult-asia-bicycle-161114.jpg

Credit Image >>>

ဘဝတစ်ခုဖြစ်တည်လာရခြင်းမှာ
သောကတွေ ပူလောင်မှုတွေဖြစ်စေရခြင်း
အကြောင်းတရားတွေဟာ
ကျွန်တော်တို့တွေ မလွဲမသွေကြုံရစေမှာပဲ
ဒီအရာတွေနဲ့ဒွန့်တွဲနေတာကတော့
ပျော်ရွှင်ချမ်းမြေ့ခြင်း ငြိမ်းအေးခြင်း
ကံကောင်းခြင်းလက်ဆောင်တွေရှိပြီးသားပါ။
( ဒါကိုနားလည်လက်ခံကြပြီးသားပါ ) ။

ရှင်သန်ရခြင်းဘဝတစ်ခုမှာ
ကျွန်တော့်စိတ်ကူး အတွေးမျိုးနဲ့
ဒီလိုအကြောင်းရာစာပေမျိုးတွေ
ရေးရခြင်းရည်ရွယ်ချက်က -
အဝေးကြီးကို ပြေးမမြင်ပါနဲ့
ကိုယ့်ရဲ့အနီးဆုံးမှာရှိတဲ့ ပက်ဝန်းကျင်ကို
ခဏလေးဖြစ်ဖြစ်မြင်ယောင်ကြည့်လိုက်ပါ ။
ကိုယ်ကိုယ်တိုင်လည်း ပါဝင်နေနိုင်ပါတယ်။
အားလုံးကိုတော့မဆိုလိုချင်ပါဘူး
ဒါပေမဲ့ အများဆုံးသောလူတွေကတော့

adult-boats-dock-989205.jpg

Credit Image >>>

နေ့စဉ်နိစ္စဓူဝမှာ-
သောကဖြစ်နေသောမျက်ဝန်းတွေ။
ပူလောင်နေသောရင်ဘက်တွေ။
ခွန်အားပျက်နေသောစိတ်ဓာတ်တွေ။
အဲဒီလိုတွေ အစချီသော ဖြစ်စဉ်တွေနဲ့
ရင်ဆိုင်ကျော်လွှားနေရသောလူသားတွေ။
ကျွန်တော်တို့အတွေးများနှင့်
ရေးသားသောစာပေစကားလုံးတွေဟာ
အဲဒီလိုလူတွေအတွက်
ပြောင်းလဲသွားစေသော
ခွန်အားဖြစ်စေသော
ဆေးတစ်ခွက်ဖြစ်ရပါစေ ( ဖြစ်ရပါလို၏ )
အဆိုရှိရင်း ။
ကျွန်တော်တက်စွမ်းနိုင်သလောက်
ရည်ရွယ်ရေးသားခဲ့ရပါတယ် ။

Steemit -ရဲ့မိသားစုဝင်တွေဟာ
ကျွန်တော်ထက်ပိုပြီး
အဲ့ဒီလိုစိတ်ထားမျိုးနဲ့
ရည်ရွယ်ရေးသားနိုင်စွမ်းရှိတယ်ဆိုတာ
ကျွန်တော်ယုံကြည် လေးစားလက်ခံရပါတယ် …

အားလုံးကို လေးစားလျှက်…

ညီညီထွန်း

မိုးစက်
written by @ konyinyitun
MSC.259

Leave ငှက်တစ်ကောင်၏ အတွေး to:

Written by

I love you all and nice to meet you

Read more #myanmar posts


Best Posts From Nyi Nyi Htun

We have not curated any of konyinyitun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Nyi Nyi Htun