Don Jaun avatar

Only Two Teams left

donjaun

Published: 28 Jun 2026 › Updated: 28 Jun 2026Only Two Teams left

Only Two Teams left

မနေ့ မနက် ၉ နာရီခွဲမှာ ကစားသည့် Group G ပွဲစဉ်များမှာ Egypt က Iran နဲ့ ၁-၁ သရေ ကျပြီး Belgium က New Zealand ကို ၁-၅ ဖြင့် အနိုင်ရသွားခဲ့လေ၏။ သရေ ပွဲများသည့် ဒီအုပ်စုမှာ ဘယ်အသင်း တက်မယ်ဆိုတာ နောက်ဆုံးအချိန်ထိ မသေချာ မရေရာနဲ့။ Belgium တောင် ရှေ့ ပွဲစဉ်တွေမှာ သရေကျခဲ့တာ။ အုပ်စု နောက်ဆုံးပွဲမှသာ နိုင်ပွဲ ရှာတွေ့သွားခြင်း ဖြစ်၏။ Egypt နဲ့ Iran ပွဲကတော့ အကြိတ်အနယ် ရှိလှ၏။

Egypt အနေဖြင့် Belgium နှင့် ရမှတ်တူ ဂိုးကွာခြားချက်ဖြင့် အုပ်စု ဒုတိယနေရာကို ရယူသွားနိုင်ခဲ့၏။ Iran အနေဖြင့် Cape Verde လို ၃ ပွဲလုံး သရေကျပြီး ၃ မှတ်ရခဲ့ပေမဲ့ နောက်တဆင့် တက်မလား၊ မတက်မလားကတော့ စောင့်ကြည့်ရ ပေလိမ့်ဦးမည်။ သူမှာလည်း US ထဲ ဝင်လိုက် ထွက်လိုက်နဲ့ မလား။ နိုင်ငံရေးနဲ့ အားကစား မရောယှက်ပါဘူး ဆိုပေမဲ့ အမေရိကန်၏ Iran ဘောလုံးအသင်းပေါ် ပြုမူပုံက အတော်ဆိုးလှ၏။

Group L ၏ အုပ်စု နောက်ဆုံး ပွဲစဉ်များမှာတော့ Croatia က Ghana ကို ၂-၁ ဖြင့် လည်းကောင်း England က Panama ကို ၀-၂ ဖြင့် လည်းကောင်း အသီးသီး အနိုင်ရသွားခဲ့ကြ၏။ England က ၇ မှတ်ဖြင့် အုပ်စု ပထမ၊ Croatia က ၆ မှတ်ဖြင့် အုပ်စု ဒုတိယ၊ Ghana က ၄ မှတ်ဖြင့် အုပ်စု တတိယ နေရာကို ရရှိသွားခဲ့၏။ Ghana အနေဖြင့် အကောင်းဆုံး တတိယအသင်းအနေဖြင့် နောက်တဆင့် တက်လှမ်း သွားနိုင်ခဲ့၏။

Group K ပွဲစဉ်များကို ဒီနေ့ မနက် ၆ နာရီမှာ ကစား၏။ Colombia vs Portugal ပွဲစဉ်မှာ ဘယ်အသင်းမှ ဂိုးမသွင်းနိုင်ကြဘဲ ဂိုးမရှိ သရေ ကျသွားခဲ့ပါတယ်။ ဒီပုံ ဒီခြေ အတိုင်းဆို Portugal အသင်းက အများကြီး မျှော်လင့်ထားလို့ မရပါဘူး။ Colombia အသင်းကတောင် ပိုပြီးကောင်းနေပါသေးတယ်။ Portugal ဂိုးသမား အကောင်းဆုံး လက်စွမ်းပြ ကာကွယ် ပေးနေခဲ့လို့သာပါ။

DR Congo vs Uzbekistan ပွဲစဉ်မှာတော့ DR Congo က ၃-၁ ဖြင့် အနိုင်ရပြီး အကောင်းဆုံး တတိယဖြင့် နောက်တဆင့် တက်သွားခဲ့ပါပြီ။ ၄ မှတ်ရသည့် အုပ်စု တတိယအသင်းတွေ များလာ လေလေ ၃ မှတ်သာ ရထားသည့် တတိယအသင်းတွေ အနေဖြင့် နောက်တဆင့် တက်လှမ်းနိုင်ရေး အလှမ်းဝေးသွားလေတော့၏။

(photos from FIFA World Cup page)

Leave Only Two Teams left to:

Written by

You are Never Fully Dressed Without A Smile

Read more #hive-122133 posts


Best Posts From Don Jaun

We have not curated any of donjaun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Don Jaun