Why so Easy for Messi
Messi အတွက် လက်ရှိ ကမ္ဘာ့ဖလား ပြိုင်ပွဲဟာ ပျော်စရာတွေ ပြည့်လို့ နေခဲ့ပါတယ်။ ပွဲထွက် ကစားမှရယ် မဟုတ် အရံခုံကနေ ထလာပြီးမှ ကစားရင်လည်း ဂိုးရနေတာပါ။ မနေ့က Jordan နဲ့ အုပ်စု နောက်ဆုံးပွဲစဉ်မှာ Argentina အနေဖြင့် အဓိက ကစားသမားအများစုကို အနားပေးခဲ့ပါတယ်။ နောက်တဆင့် တက်နေပြီး ဖြစ်တာမို့ အရံကစားသမားတွေကို ပွဲထုတ်တဲ့ သဘောမျိုး ဖြစ်ပါတယ်။ အရံ ကစားသမားတွေနဲ့လည်း Jordan ကို ပထမပိုင်းမှာ ၀-၂ ဖြင့် ဦးဆောင်ထားပါတယ်။
ဒုတိယပိုင်း ၆၀ မိနစ်မှာမှ Messi အနေဖြင့် လူစားလဲ ဝင်ရောက် ကစားခဲ့ပါတယ်။ ၈၀ မိနစ်မှာ Free-kick ကနေ တဆင့် တတိယ ဦးဆောင်ဂိုး သွင်းယူခဲ့ပါတယ်။ အုပ်စုပွဲစဉ်တိုင်း ဂိုးတွေရနေတဲ့ Messi အတွက် တကယ်ကို ပျော်စရာပါ။ ပထမပွဲမှာ Hat-trick ဒုတိယပွဲမှာ ၂ ဂိုး တတိယပွဲမှာ ၁ ဂိုး အုပ်စုပွဲစဉ်တွေမှာတင် ၆ ဂိုးထိ သွင်းယူထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလား သမိုင်းတလျောက် ဂိုးသွင်းအများဆုံး စံချိန်ကိုလည်း ရယူသွားနိုင်ဖို့ အခွင့်အရေးများနေခဲ့ပါပြီ။
မနေ့က အုပ်စု နောက်ဆုံးပွဲစဉ်ကို ၁-၃ ဖြင့် အနိုင်ယူပြီး ၃ ပွဲလုံးနိုင် ၉ မှတ်၊ အုပ်စု ပထမဖြင့် နောက်တဆင့်ကို တက်လှမ်း သွားခဲ့ပါတယ်။ Group J ရဲ့ နောက်ထပ် ပွဲစဉ်တခု ဖြစ်သည့် Algeria vs Austria ပွဲစဉ်မှာတော့ ၃-၃ သရေ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။
Algeria အနေဖြင့် အနိုင်ရရင် အုပ်စု ဒုတိယဖြင့် နောက်တဆင့် တက်ရောက်မှာ ဖြစ်ပါတယ်။ ၉၀+၃ မိနစ်မှာ ၃-၂ ရလဒ် ထွက်ပေါ်ခဲ့ပေမဲ့ ၉၀+၆ မိနစ်မှာ Austria က ချေပဂိုး ပြန်လည်သွင်းယူပြီး ဒုတိယနေရာကိုပါ အရယူသွားပါတယ်။ Austria က အုပ်စု ဒုတိယ၊ Algeria က အကောင်းဆုံး အုပ်စု တတိယဖြင့် ၃၂ သင်း အဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။
ဒီနေ့ မနက် ၁ နာရီခွဲ မှာ ကစားသည့် South Africa vs Canada တို့၏ ၃၂ သင်းအဆင့် ပွဲစဉ်မှာ Canada အသင်းက ၉၀+၂ မိနစ်မှာ သွင်းယူသည့် ၁ လုံးထဲသော ဂိုးဖြင့် အနိုင်ရပြီး ၁၆ သင်း အဆင့်ကို တက်လှမ်း သွားခဲ့ပါတယ်။ ဒီနေ့ည ၁၁ နာရီခွဲမှာတော့ Brazil vs Japan တို့ရဲ့ ၃၂ သင်းအဆင့် ရှုံးထွက် ပွဲစဉ် ကစားသွားဖို့ ရှိနေပါတယ်။
(photos from FIFA World Cup page)
Leave Why so Easy for Messi to:
Read more #hive-122133 posts
Best Posts From Don Jaun
We have not curated any of donjaun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.