Don Jaun avatar

What a play Cape Verde

donjaun

Published: 22 Jun 2026 › Updated: 22 Jun 2026What a play Cape Verde

What a play Cape Verde

မနေ့ မနက် ၆ နာရီခွဲမှာ ကစားသည့် Ecuador vs Curacao အသင်းတို့ ပွဲစဉ်က ဒုတိယပိုင်းမှာလည်း ပထမပိုင်းလိုပဲ ဂိုးသွင်းယူနိုင်ခြင်း မရှိဘဲ ဂိုးမရှိသရေဖြင့် ပွဲပြီးသွားခဲ့လေ၏။ Ivory Coast ကို နောက်တဆင့် တက်စေချင်လို့များ သရေ ကစားခဲ့ကြလေလား မသိပေ။ အဆိုပါ အုပ်စုမှာ Germany က ၂ ပွဲလုံး နိုင်ထားပြီး နောက်တဆင့် တက်ထားပြီ ဖြစ်၏။ Ivory Coast က အဖွင့်ပွဲနိုင်ပြီး ဒုတိယပွဲ Germany ကို ရှုံးထား၏။ နောက်ဆုံးပွဲက Curacao အသင်းနဲ့ ကစားရမှာဆိုတော့ Ivory Coast အတွက် အခြေအနေ ကောင်းနေခဲ့၏။

နာမည်ကြီး Netherlands ကို အဖွင့်ပွဲမှာ သရေ ကစားခဲ့သည့် Japan အသင်း အနေဖြင့် Tunisia ကို ၀-၄ ဖြင့် အနိုင်ရပြီး နောက်တဆင့် တက်လှမ်းခွင့်ကို ခြေတလှမ်း ယူထားနိုင်ခဲ့ပြီ ဖြစ်၏။ အဖွင့်ပွဲမှာ Tunisia ကို နိုင်ထားသည့် Sweden က ဒုတိယပွဲမှာ Netherlands ကို ရှုံးထားသည်မို့ အုပ်စု နောက်ဆုံးပွဲ ဖြစ်သည့် Japan နဲ့ပွဲက အတော်လေး ကြည့်ကောင်းမှာ အသေအချာပင်။

အဖွင့်ပွဲစဉ်မှာ Cape Verde ကို အံအားသင့်ဖွယ် သရေကျခဲ့သည့် Spain အနေဖြင့် မနေ့ည ၁၀ နာရီခွဲ Saudi Arabia အသင်းနဲ့ ပွဲမှာ Saudi Arabia ကို ၄-၀ ဖြင့် ဂိုးပြတ် အနိုင်ရသွားခဲ့လေ၏။ ပထမပွဲက အရှက်ကွဲ အပြောခံခဲ့ရမှုကို ဒုတိယပွဲစဉ်မှာ Spain တို့ ပေါက်ကွဲခဲ့ပြလေ၏။

ဒီနေ့ မနက် ၁ နာရီခွဲမှာတော့ Belgium vs Iran တို့ ယှဉ်ပြိုင် ကစားကြရာ ဂိုးမရှိ သရေရလဒ်သာ ထွက်ပေါ်ခဲ့၏။ အဖွင့်ပွဲစဉ်မှာ Egypt နဲ့ ၁-၁ သရေကျခဲ့သလို ဒုတိယပွဲစဉ်မှာလည်း အနိုင်ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့ဘဲ သရေ ရလဒ်သာ ရယူနိုင်ခဲ့၏။ အုပ်စု နောက်ဆုံး ပွဲစဉ်က Belgium အတွက် စိန်ခေါ်မှုတွေ ပြည့်နှက် နေပေလိမ့်မည်။

မနက် ၄ နာရီခွဲမှာတော့ Uruguay vs Cape Verde အသင်းတို့ ယှဉ်ပြိုင်ကစားရာ ၂-၂ သရေကျသွားခဲ့၏။ အဖွင့်ပွဲစဉ်မှာ Spain ကို သရေခံ ကစားခဲ့သည့် Cape Verde အသင်း အနေဖြင့် ဒုတိယပွဲစဉ်မှာလည်း ရလဒ်ကောင်းရအောင် စွမ်းဆောင်နိုင်ခဲ့၏။ အဖွင့်ဂိုးကို Cape Verde က အရင် သွင်းယူခဲ့ပြီး Uruguay က ချေပဂိုးနှင့် ဦးဆောင်ဂိုးတွေ သွင်းယူခဲ့၏။ သို့ပေမဲ့ ဒုတိယပိုင်း ၆၁ မိနစ်မှာ Cape Verde တို့ ချေပဂိုး ပြန်လည်လို့ ရရှိသွားခဲ့လေတော့၏။ Uruguay ကို အခက်တွေ့အောင် Cape Verde အနေဖြင့် အကောင်းဆုံး ခုခံ ကစားပြသွားခဲ့လေ၏။

မနက် ၇ နာရီခွဲမှာတော့ New Zealand vs Egypt အသင်းတို့ ယှဉ်ပြိုင် ကစားသွားဖို့ ရှိနေ၏။

(photos from FIFA World Cup page)

Leave What a play Cape Verde to:

Written by

You are Never Fully Dressed Without A Smile

Read more #hive-122133 posts


Best Posts From Don Jaun

We have not curated any of donjaun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Don Jaun