Germany Eliminated
၃၂ သင်းအဆင့် ပွဲစဉ်များ မနေ့ မနက် ၁ နာရီခွဲမှာ ကစား၏။ South Africa vs Canada ပွဲစဉ်ဖြင့် စတင် ဖွင့်လှစ်၏။ Canada အသင်းက နာကျင်အချိန်ပိုမှာ သွင်းယူသည့် ၁ လုံးထဲသော သွင်းဂိုးဖြင့် အနိုင်ရပြီး ၁၆ သင်းအဆင့်သို့ တက်လှမ်းသွားခဲ့၏။ နာကျင်အချိန်ပို သွင်းဂိုးက မနက် ပွဲစဉ်မှာတင် မဟုတ်ဘဲ ညဘက် ပွဲစဉ်မှာလည်း ဆက်လက်၍ ပါဝင် ပတ်သက်နေ၏။
အာရှဇုန်ကနေ ၃၂ သင်းအဆင့်သို့ တက်လှမ်းလာသည့်အသင်းက ၂ သင်းသာ ကျန်၏။ Japan နှင့် Australia ဖြစ်၏။ မနေ့ညက ပွဲစဉ်မှာ Japan က Brazil နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်၏။ Japan ၏ ကမ္ဘာ့ဖလား ခရီးလမ်း အဆုံးသတ်ပြီဟု အများစုက ထင်ကြေးပေးကြလေတော့၏။ တကယ်တမ်းမှာတော့ Brazil အနေဖြင့် Japan ကို အလွယ်တကူ အနိုင်ရခဲ့တာမျိုး မဟုတ်ခဲ့ပေ။
ပထမပိုင်း ၂၉ မိနစ်မှာ Japan က ဦးဆောင်ဂိုး အရင် သွင်းယူ၏။ ဒုတိယပိုင်း ၅၆ မိနစ် ရောက်မှသာ Brazil က ချေပဂိုး ပြန်လည် သွင်းယူနိုင်ခဲ့၏။ အနိုင်ဂိုးရဖို့ Brazil အနေဖြင့် တိုက်စစ်ဆင် ကစားခဲ့ပေမဲ့ Japan နောက်တန်းကို ထိုးဖောက်ရခက်နေခဲ့၏။ တချက် တချက် ဂျပန်၏ တန်ပြန် တိုက်စစ်ကလည်း Brazil ကို အခက်တွေ့စေခဲ့၏။ ၉၀+၅ မိနစ်မှာတော့ Brazil အသင်း အနိုင်ဂိုး ရယူသွားနိုင်ခဲ့၏။ Japan အနေဖြင့် ၃၂ သင်း အဆင့်ကနေပဲ နှုတ်ဆက် ပြန်ခဲ့ရပြီ ဖြစ်၏။
ဒီနေ့ မနက် ၃ နာရီမှာ ကစားသည့် Germany vs Paraguay ပွဲစဉ်မှာ သာမန် ပွဲကစားချိန် ပြည့်သည်အထိ တဖက် ၁ ဂိုးစီ သရေကျနေခဲ့သဖြင့် အချိန်ပို ထပ်မံ၍ ကစား၏။ အချိန်ပို မိနစ် ၃၀ ပြည့်ပြီးသွားချိန်ထိလည်း ရလဒ် မပြောင်းသေးသဖြင့် ပင်နယ်တီ အဆုံးအဖြတ် ယူရာ Paraguay က ၃-၄ ဖြင့် အနိုင်ရပြီး ၁၆ သင်းအဆင့်သို့ တက်လှမ်း သွားခဲ့လေတော့၏။
အသင်းကြီး တသင်း ဖြစ်သည့် Germany အနေဖြင့် ၃၂ သင်း အဆင့်ကနေပဲ စောစီးစွာ နှုတ်ဆက် ထွက်ခွာသွားခဲ့ရလေတော့၏။ ဘောလုံးပိုင်ဆိုင်မှု အသာ၊ ထိုးဖောက် တိုက်စစ်ဆင်မှု များစွာဖြင့် ကစားခဲ့ပေမဲ့ လိုအပ်နေသည့် သွင်းဂိုးတွေကို Germany အနေဖြင့် မရယူနိုင်ခဲ့ပေ။ Paraguay အနေဖြင့် Germany ၏ တိုက်စစ်ကို အကောင်းဆုံး ဟန့်တားပြီး ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ယူကာ နောက်တဆင့်သို့တက်လှမ်း သွားခဲ့လေတော့၏။
(photos from FIFA World Cup page)
Leave Germany Eliminated to:
Read more #hive-122133 posts
Best Posts From Don Jaun
We have not curated any of donjaun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.