1 st Two Quarter-Final List
Colombia vs Ghana ပွဲစဉ်မှာ Colombia အသင်းက ၁၄ မိနစ်မှာ သွင်းယူခဲ့တဲ့ ၁ လုံးထဲသော သွင်းဂိုးနဲ့ Ghana ကို အနိုင်ရပြီး ၁၆ သင်းအဆင့်သို့ တက်လှမ်း သွားခဲ့ပါတယ်။ Colombia အနေဖြင့် ဘောလုံးပိုင်ဆိုင်မှု အသာ၊ ဂိုးသွင်းခွင့် ပိုမို ရရှိပြီး ပွဲကို ကစားသွားခဲ့ပါတယ်။ ပထမပိုင်း အစောပိုင်း မိနစ်မှာတင် ဂိုးရခဲ့တာမို့ ဒုတိယပိုင်းမှာများ ဂိုးတွေ ထပ်မံ သွင်းယူကြဦးမလား ထင်မှတ်ထားခဲ့ပေမဲ့ ဘယ်အသင်းမှ ဂိုးထပ် မသွင်းနိုင်ပဲ ၁-၀ နဲ့သာ ပြီးသွားခဲ့ပါတယ်။ Colombia အနေနဲ့ ၁၆ သင်းအဆင့်မှာ Switzerland အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
၁၆ သင်းအဆင့် ပွဲစဉ်များကို မနေ့ည ၁၁ နာရီခွဲမှာ စတင် ယှဉ်ပြိုင် ကစားကြပါတယ်။ ဒီအဆင့်ကို ဖြတ်ကျော်နိုင်ရင် ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်း နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ၁၆ သင်းအဆင့် ပွဲစဉ်တွေဟာလည်း အသင်းတွေ အတွက် တကယ့်ကို အရေးပါလှပါတယ်။ အသင်းအချို့ နှုတ်ဆက်ထွက်ခွာ သွားကြပါပြီ။ ဆက်လက် ခရီးနှင်နေဦးမယ့် အသင်းတွေကတော့ ယခင်ထက်စာရင် ပိုပြီး နည်းလာပါလိမ့်ဦးမယ်။
၁၆ သင်းအဆင့် ပွဲစဉ်ကို Canada vs Morocco တို့နဲ့ စတင် ဖွင့်လှစ်ပါတယ်။ ပူးတွဲ အိမ်ရှင် Canada အနေနဲ့ USA မှာ လာကစားရတဲ့ ပွဲစဉ်လည်း ဖြစ်ခဲ့ပါတယ်။ Morocco က ၀-၃ ဖြင့် အနိုင်ရသွားခဲ့ပါတယ်။ ပထမပိုင်းမှာ ၂ သင်းလုံး ဂိုးသွင်းယူနိုင်ခြင်း မရှိပါဘူး။ အစပိုင်းမှာ Canada ကတောင် ဖိအားပေး ကစားနိုင်နေခဲ့ပါတယ်။ ဒါပေမဲ့ ဂိုး အဖြစ်ပြောင်းလဲ နိုင်ခြင်းတော့ မရှိခဲ့ပါဘူး။
ဂိုးသွင်းခွင့်တွေ Canada က ပိုရပေမဲ့ ဂိုးပေါက်တည့်မှုမှာတော့ Morocco က ပိုများခဲ့ပါတယ်။ ဂိုးတွေလည်း Morocco ကပဲ ရသွားခဲ့တာပါ။ ဂိုးပေါက် ၄ ကြိမ်တည့်ပြီး ၃ ဂိုး ရတယ်ဆိုတော့ အားထုတ်မှု တူတယ်ဆိုခဲ့ရင်တောင် ကံတရားက Canada ထက်စာရင် Morocco ဘက်ကို အလေးသာသွားတဲ့ သဘောပါပဲ။ ဂိုးပေါက် ၃ ကြိမ်တည့်တဲ့ Canada တို့ ၁ ဂိုးမှ မရခဲ့ပါဘူး။ ပူးတွဲ အိမ်ရှင် အနေနဲ့ ၁၆ သင်းအဆင့်မှာတင် ကျေနပ်ခဲ့ရပါတော့တယ်။
Paraguay vs France တို့ရဲ့ ပွဲစဉ်မှာတော့ ၇၀ မိနစ်မှာ သွင်းယူခဲ့တဲ့ ၁ လုံးထဲသော ပင်နယ်တီဂိုးနဲ့ ပြင်သစ်တို့ ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်း သွားခဲ့ပါတယ်။ ဘောလုံး ပိုင်ဆိုင်မှု၊ ဂိုးပေါက် ချိန်းခြောက်မှု၊ ဂိုးပေါက် တည့်မှု စတဲ့အရာတွေ အားလုံးမှာ France က ပိုသာ ခဲ့ပါတယ်။
(photos from FIFA World Cup page)
Leave 1 st Two Quarter-Final List to:
Read more #hive-122133 posts
Best Posts From Don Jaun
We have not curated any of donjaun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.