Germany also Qualified
မနေ့ မနက် ၉ နာရီခွဲမှာ ကစားခဲ့သည့် Turkiye vs Paraguay ပွဲစဉ်မှာ Paraguay အသင်းက ၀-၁ ဖြင့် အနိုင်ရသွားခဲ့လေ၏။ ပထမပိုင်း ၂ မိနစ်မှာတင် Paraguay အသင်း ဦးဆောင်ဂိုး စောစီးစွာ ရသွားခဲ့ခြင်း ဖြစ်၏။ ၄၅+၃ မိနစ်မှာ Paraguay ကစားသမား တဦး ထုတ်ပယ် ခံခဲ့ရ၏။ တယောက်လျော့ Paraguay အသင်းကို ဒုတိယပိုင်း တပိုင်းလုံး Turkiye အသင်း ဂိုးပြန်လည်လို့ သွင်းယူနိုင်ခြင်း မရှိဘဲ အရှုံးပေးခဲ့ရလေ၏။ ၂ ပွဲ ကစား ၂ ပွဲလုံး ရှုံးထားသည့် Turkiye အသင်း အနေဖြင့်လည်း အုပ်စု အဆင့်ကနေ လှည့်ပြန်ခဲ့ရပြီ ဖြစ်၏။
အဖွင့်ပွဲစဉ်မှာ ဂျပန်အသင်းနဲ့ ၂-၂ သရေကျထားသည့် Netherlands အသင်း အနေဖြင့် ဒုတိယပွဲစဉ်မှာတော့ Sweden အသင်းကို ၅-၁ ဖြင့် ဂိုးပြတ် အနိုင်ရသွားခဲ့လေ၏။ ပထမပိုင်း ၅၊ ၁၇ မိနစ်တို့မှာ ၂ ဂိုး၊ ဒုတိယပိုင်း ၄၇၊ ၅၄ မိနစ်တို့မှာ နောက်ထပ် ၂ ဂိုး သွင်းယူပြီး ၄-၀ ဖြင့် ဦးဆောင်ထား၏။ ၅၉ မိနစ်မှာ Sweden ချေပဂိုး ၁ ဂိုး ပြန်ရခဲ့ပေမဲ့ ၈၉ မိနစ်မှာ Netherlands အသင်းက ၅ ဂိုးမြောက် ဂိုးကို သွင်းယူပြီး ၅-၁ ဖြင့် ပွဲပြီးသွားခဲ့လေ၏။
ဒီနေ့ မနက် ၂ နာရီခွဲမှာ ကစားသွားသည့် Germany vs Ivory Coast ပွဲစဉ်မှာတော့ Germany အသင်းက ၂-၁ ဖြင့် အနိုင်ရသွားခဲ့လေ၏။ ဦးဆောင်ဂိုးကို ၃၀ မိနစ်မှာ Ivory Coast အသင်းက အရင် သွင်းယူခဲ့ခြင်း ဖြစ်၏။ သို့ပေမဲ့ ဒုတိယပိုင်း ၆၈ မိနစ်မှာ Germany တို့ ချေပဂိုး ပြန်လည် သွင်းယူနိုင်ခဲ့၏။ သရေ ရလဒ်ဖြင့် ပွဲပြီးမည် ထင်မှတ်ထားချိန် ၉၀+၄ မိနစ်မှာ Germany တို့ အနိုင်ဂိုး ရရှိသွားခဲ့လေ၏။
အိမ်ရှင် Mexico, USA တို့နောက်မှာ ၂ ပွဲလုံး အနိုင်ရထားသည့် အသင်းအဖြစ် Germany ပါ ပါဝင်လာခဲ့၏။ ၃၂ သင်း အဆင့်ကို စောလျင်စွာ တက်ရောက်သွားသည့် အသင်းတွေထဲ Germany ပါ ပါဝင်သွားခဲ့ပြီ ဖြစ်၏။
မနက် ၆ နာရီခွဲမှာတော့ Ecuador vs Curacao အသင်းတို့ ယှဉ်ပြိုင် ကစားမည် ဖြစ်၏။ ပထမပိုင်း မှာတော့ ဘယ်အသင်းမှ ဂိုး မသွင်းနိုင်ကြဘဲ ဂိုးမရှိ သရေဖြင့် ပြီးဆုံးထား၏။
(photos from FIFA World Cup page)
Leave Germany also Qualified to:
Read more #hive-122133 posts
Best Posts From Don Jaun
We have not curated any of donjaun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.