What a performance Cape Verde
Switzerland vs Algeria ပွဲစဉ်မှာတော့ Switzerland က ၂-၀ ဖြင့် အနိုင်ရသွားခဲ့၏။ ပထမပိုင်း ၁၀ မိနစ်မှာ ၁ ဂိုး၊ ဒုတိယပိုင်း ၄၆ မိနစ်မှာ ၁ ဂိုး သွင်းယူသွားခဲ့၏။ ဘောလုံးပိုင်ဆိုင်မှုမှာ Algeria ကတောင် အနည်းငယ် အသာစီး ရခဲ့ပါသေးတယ်။ ဒါပေမဲ့ အဆုံးသတ် ပိုင်းနဲ့ ဂိုးသွင်း သေချာမှုမှာတော့ Switzerland က ပိုအသာစီး ရခဲ့ပါတယ်။
မနက် ၁၂ နာရီခွဲမှာ ကစားခဲ့တဲ့ Australia vs Egypt ပွဲစဉ်မှာတော့ သာမန် ပွဲချိန်ထိ ၁-၁ သရေကျနေသောကြောင့် အချိန်ပို ဆက်ကစား၏။ အချိန်ပိုမှာလည်း ဂိုး မသွင်းနိုင်ခဲ့သဖြင့် ပင်နယ်တီ အဆုံးအဖြတ် ယူ၏။ Egypt က ၂-၄ ဖြင့် အနိုင် ရသွားခဲ့လေ၏။ ပထမပိုင်း ၁၃ မိနစ်မှာ Egypt က ဦးဆောင်ဂိုး စသွင်း၏။ ဒုတိယပိုင်း ၅၅ မိနစ်မှာ Australia က ချေပဂိုး ပြန်ရ၏။ Egypt ကစားသမား၏ ကိုယ့်ဂိုးကို ကိုယ် ပြန်သွင်းမိခြင်းကနေ ဂိုးပြန်ပေးလိုက်ရခြင်း ဖြစ်၏။
အာရှဇုန်ရဲ့ ၁၆ သင်း အဆင့်သို့ သွားမယ့်အသင်းဟု မျှော်လင့်ထားခဲ့ပေမဲ့ မျှော်လင့်ထားသလိုတော့ မဖြစ်ခဲ့ပေ။ ဒီ ကမ္ဘာ့ဖလားမှာ အာရှဇုန်က အသင်းတွေ အနေဖြင့် ၃၂ သင်း အဆင့်မှာတင်ပဲ ကျေနပ်ခဲ့ရလေတော့၏။ အုပ်စု အဆင့်မှာတင် တင်ကျန်ခဲ့တဲ့ အသင်းတွေလည်း များခဲ့၏။ ဂျပန် အသင်း၏ တိုးတက်လာသော ခြေစွမ်း၊ ကစားဟန် တွေကို တွေ့မြင်ခဲ့ရတာကလွဲလို့ ကျန် အာရှအသင်းတွေကတော့ အရင်လို အရင်တိုင်းပင်။
Argentina vs Cape Verde ပွဲစဉ်မှာတော့ ပထမပိုင်း ၂၉ မိနစ်မှာ Argentina အနေဖြင့် ဦးဆောင်ဂိုး စတင် ရရှိ၏။ ထုံးစံအတိုင်း Messi သွင်း၏။ ၅၉ မိနစ်မှာ Cape Verde တို့ ချေပဂိုး ပြန်လည် သွင်းယူ၏။ မိနစ် ၉၀ ပြည့်ချိန်ထိ ၁-၁ သရေ ကျနေခဲ့ သဖြင့် အချိန်ပို ဆက်ကစားရ၏။ Cape Verde ၏ စွမ်းဆောင် နိုင်စွမ်းက တကယ်ကို မချီးကျူးပဲ မနေနိုင်ပေ။ Spain, Uruguay တို့ကို သရေကစားခဲ့၏။ ခု သာမန် ပွဲချိန်ထိလည်း လက်ရှိ ချန်ပီယံ Argentina ကို သရေ ခံကစားထား၏။
အချိန်ပို ၉၂ မိနစ်မှာ Argentina က ဦးဆောင်ဂိုး ပြန်သွင်း၏။ ၁၀၃ မိနစ်မှာ Cape Verde က ချေပဂိုး ပြန်သွင်း၏။ ၁၁၁ မိနစ်မှာ Messi ၏ ဖန်တီးပေးမှုကနေ တဆင့် Romero က Argentina အတွက် ဦးဆောင်ဂိုး ထပ်မံ သွင်းယူ၏။ ဒီဂိုးကိုတော့ Cape Verde အနေဖြင့် မချေပနိုင်တော့ပေ။ အချိန်ပို သွင်းဂိုးတွေနဲ့ Argentina က ၃-၂ ဖြင့် အနိုင်ရသွားခဲ့လေ၏။
(photos from FIFA World Cup page)
Leave What a performance Cape Verde to:
Read more #hive-122133 posts
Best Posts From Don Jaun
We have not curated any of donjaun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.