Portugal Eliminated
အိမ်ရှင် Mexico vs England တို့ရဲ့ ၁၆ သင်းအဆင့် ပွဲစဉ်မှာတော့ England အသင်းက ၂-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရပြီး နောက်တဆင့်ကို တက်လှမ်းလို့ သွားခဲ့ပါတယ်။ ပထမပိုင်း ၃၆၊ ၃၈ မိနစ်တွေမှာ ဆက်တိုက် ဆိုသလိုပဲ England တို့ ဦးဆောင်ဂိုးတွေ ရရှိသွားပါတယ်။ ၄၂ မိနစ်မှာ Mexico က ချေပဂိုး ၁ ဂိုး ပြန်သွင်းနိုင်ခဲ့ပါတယ်။ ပထမပိုင်းက အတော်လေး ကြည့်လို့ ကောင်းနေခဲ့ပါတယ်။
ဒုတိယပိုင်း ၅၄ မိနစ်မှာတော့ England အသင်းရဲ့ ညာနောက်ခံလူ Quansah တိုက်ရိုက် အနီကဒ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ တယောက် အသာစီးနဲ့ Mexico အတွက် အခွင့်အရေးပြန်လည် ဖြစ်ပေါ်လာတော့မလား ထင်မှတ်ခဲ့ပေမဲ့ ၆၀ မိနစ်မှာ England က ပင်နယ်တီကနေ တဆင့် ၃ ဂိုးမြောက်ဂိုးကို သွင်းယူ ခဲ့ပါတယ်။ တယောက်လျော့ ၂ ဂိုးသာ အခြေအနေမို့ England တို့ ခံစစ်သာ အလေးထား ကစားပြီး အနိုင်ရလဒ်ကို ထိန်းဖို့ ပြင်ပါတော့တယ်။
Mexico အနေဖြင့်ကလည်း အိမ်ရှင် ပရိတ်သတ် ရှေ့မှောက်မှာ အနိုင်ရလဒ်ကို ပြန်လည် ရယူနိုင်ဖို့ အစွမ်းကုန် ကြိုးစားပါတော့တယ်။ ၆၉ မိနစ်မှာ ပင်နယ်တီ မှတဆင့် Mexico တို့ ဒုတိယ ချေပဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အဆိုပါ ဂိုး သွင်းယူပြီးနောက်မှာ ပွဲအရှိန်က ပိုမို မြင့်တက်လို့ လာပါတော့တယ်။ အိမ်ရှင် Mexico က တောက်လျောက် တိုက်စစ်ဆင် ကစားပြီး နောက်ထပ် သွင်းဂိုးတွေ ရယူဖို့ ကြိုးစားပါတော့တယ်။ England အနေဖြင့်လည်း လူစားလဲမှုတွေ ပြုလုပ်ပြီး ခုခံကစားကာ လိုချင်တဲ့ အနိုင်ရလဒ်ကို အရယူသွားခဲ့ပါတယ်။
Portugal vs Spain တို့ရဲ့ ၁၆ သင်းအဆင့် ပွဲစဉ်မှာတော့ Spain အသင်းရဲ့ တလုံးထဲသော နောက်ကျသွင်းဂိုးကြောင့် Portugal တို့ ၁၆ သင်း အဆင့်နဲ့တင် ကျေနပ်ခဲ့ရပါတော့တယ်။ ဘောလုံး ပိုင်ဆိုင်မှုနဲ့ ဂိုးပေါက် ချိန်းခြောက်မှုမှာ Spain က ပိုမို အသာစီး ရခဲ့ပါတယ်။ ကွင်းလယ် ကစားသမားကောင်းတွေ များစွာ ရှိတဲ့ Portugal အဖို့ ပြိုင်ပွဲကနေ ထွက်သွားရသည့်တိုင် ကောင်းမွန်တဲ့ ကစားကွက်မျိုး မတွေ့မမြင်လိုက်ရပါဘူး။
Ronaldo အတွက် နောက်ဆုံးသော ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ၁၆ သင်းအဆင့်ကနေပဲ ထွက်ခွာခဲ့ရတာဟာ တကယ့်ကို စိတ်မကောင်းစရာပါ။ Messi အနေဖြင့် ကမ္ဘာ့ဖလား ရပြီးပြီမို့ Ronaldo ကို ဒီနှစ် ကမ္ဘာ့ဖလား ရစေချင်ခဲ့တာပါ။ ဒါပေမဲ့ ကံတရားက ရက်စက်ပါတယ်။ ရက်စက်တယ်လို့ ပြောရလောက်အောင်လည်း Ronaldo အတွက် ကမ္ဘာ့ဖလားက လွဲလို့ အခြား အောင်မြင်မှုတွေ ပြစရာမှ အများကြီးပါ။ လိုနေတာ ကမ္ဘာ့ဖလား ချန်ပီယံ ဆိုတာလေးပါ။ ခုတော့ ...
(photos from FIFA World Cup page)
Leave Portugal Eliminated to:
Read more #hive-122133 posts
Best Posts From Don Jaun
We have not curated any of donjaun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.