Two Hosts already Qualified
မနေ့ မနက် ၇ နာရီခွဲမှာ ကစားသွားသည့် Mexico vs South Korea ပွဲစဉ်မှာ Mexico အသင်းက South Korea အသင်းကို ၁-၀ ဖြင့် အနိုင်ရသွားခဲ့၏။ ပထမပိုင်းမှာ ဂိုးမရှိ သရေရလဒ်သာ ထွက်ပေါ်နေခဲ့ပေမဲ့ ဒုတိယပိုင်း ၅၀ မိနစ်မှာတော့ အိမ်ရှင်အသင်း ဦးဆောင်ဂိုး သွင်းယူသွားခဲ့လေ၏။ ယခု နိုင်ပွဲကြောင့် Mexico တို့ နောက်တဆင့်ကို တက်လှမ်း သွားနိုင်ခဲ့ပြီ ဖြစ်၏။
ဒီနေ့ မနက် ၁ နာရီခွဲမှာ ကစားသည့် နောက်ထပ် အိမ်ရှင်အသင်း USA အနေဖြင့်လည်း Australia ကို ၂-၀ ဖြင့် အနိုင်ရပြီး နောက်တဆင့်ကို တက်လှမ်း သွားခဲ့ပြီ ဖြစ်၏။ ပထမပိုင်း ၁၁ မိနစ်နှင့် ၄၃ မိနစ်တွေမှာတင် ဦးဆောင်ဂိုးတွေ ရရှိသွားခဲ့ခြင်း ဖြစ်၏။ ကမ္ဘာ့ဖလားမှာ အိမ်ရှင်အသင်းတွေ အခြေအနေကောင်းနေသည်ဟု ပြောလို့ရ၏။
Canada အနေဖြင့်လည်း လက်ရှိမှာ ၂ ပွဲကစားပြီး ၄ မှတ်ဖြင့် အုပ်စု ပထမ နေရာမှာ ရပ်တည်နေ၏။ အုပ်စု နောက်ဆုံးပွဲစဉ် ဖြစ်သည့် Switzerland နှင့်ပွဲမှာ သရေကျရုံဖြင့် နောက်တဆင့် တက်မည် ဖြစ်၏။ အိမ်ရှင် ၃ သင်းလုံး နောက်တဆင့် တက်နိုင်မလားကတော့ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရပေလိမ့်မည်။
မနက် ၄ နာရီခွဲမှာ ကစားသည့် Scotland vs Morocco ပွဲစဉ်မှာတော့ Morocco က ၀-၁ ဖြင့် အနိုင်ရသွားခဲ့လေ၏။ ပထမပိုင်း ၂ မိနစ်မှာကတည်းက သွင်းယူခဲ့သည့် ၁ လုံးထဲသော ဂိုးဖြင့် Morocco တို့ အနိုင် ၃ မှတ် ရယူသွားခဲ့လေ၏။ Morocco အနေဖြင့် အဖွင့်ပွဲစဉ်မှာ Brazil ကို သရေကစားထားခဲ့၏။ အုပ်စု နောက်ဆုံး ပွဲစဉ်ကိုတော့ အင်အား အနည်းဆုံး ဖြစ်သည့် Haiti အသင်းနှင့် ကစားရမည် ဖြစ်၏။
မနက် ၉ နာရီခွဲမှာတော့ Turkiye vs Paraguay တို့ ယှဉ်ပြိုင်ကစားမည် ဖြစ်၏။ နှစ်သင်းလုံးက အဖွင့်ပွဲစဉ် ရှုံးနိမ့်ထားသူများ ဖြစ်ကြသည်မို့ ယခု ပွဲစဉ်က နှစ်သင်းလုံးအတွက် အရေးကြီးလှ၏။ ရှုံးသည့် အသင်းအနေဖြင့် ကမ္ဘာ့ဖလား ခရီးလမ်း စောလျင်စွာ အဆုံးသတ်သွားဖို့ များနေ၏။
(photos from FIFA World Cup)
Leave Two Hosts already Qualified to:
Read more #hive-122133 posts
Best Posts From Don Jaun
We have not curated any of donjaun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.