Don Jaun avatar

CR7 Involved Now

donjaun

Published: 24 Jun 2026 › Updated: 24 Jun 2026CR7 Involved Now

CR7 Involved Now

မနေ့ မနက် ၆ နာရီခွဲမှာ ကစားသွားသည့် Norway vs Senegal ပွဲစဉ်မှာတော့ Norway က ၃-၂ ဖြင့် အနိုင်ရသွားခဲ့ပါတယ်။ ၄၃ မိနစ်မှာ Norway က ဦးဆောင်ဂိုး စတင် သွင်းယူ၏။ ၄၈ မိနစ်မှာ ဒုတိယဦးဆောင်ဂိုး ထပ်မံ သွင်းယူ၏။ ၅၃ မိနစ်မှာ Senegal အသင်းက ချေပဂိုး ၁ ဂိုး ပြန်လည် သွင်းယူ၏။ သို့ပေမဲ့ ၅၈ မိနစ်မှာ Norway အသင်းက ၃ ဂိုးမြောက် ဂိုးကို သွင်းယူခဲ့လေ၏။ ၉၀+၃ မိနစ်မှာ Senegal အသင်းက ချေပဂိုး ၁ ဂိုး ပြန်လည် သွင်းယူ၏။ သို့ပေမဲ့ သရေကျနိုင်မယ့် ဂိုး ထပ်မံ သွင်းယူနိုင်ခြင်း မရှိဘဲ ၃-၂ ဖြင့် ပွဲပြီး သွားရလေတော့၏။

မနေ့ မနက် ၉ နာရီခွဲမှာ ကစားသည့် Jordan vs Algeria ပွဲစဉ်မှာ Algeria က ၁-၂ ဖြင့် အနိုင်ရသွားခဲ့ပါတယ်။ ဦးဆောင်ဂိုးကို Jordan အသင်းက ၃၆ မိနစ်မှာ အရင် သွင်းယူခဲ့ပေမဲ့ ၆၉ နှင့် ၈၂ မိနစ်တို့မှာ Algeria က ချေပဂိုး နှင့် အနိုင်ဂိုးတွေ သွင်းယူ သွားနိုင်ခဲ့၏။ Algeria အနေဖြင့် အုပ်စု နောက်ဆုံး ပွဲစဉ် အဖြစ် Austria အသင်းနဲ့ ကစားရမည် ဖြစ်၏။ နှစ်သင်းလုံး အတွက် အုပ်စု တက်ရေး အရေးပါသည့် ပွဲစဉ် ဖြစ်လေ၏။

မနေ့ည ၁၁ နာရီခွဲ Portugal vs Uzbekistan တို့ပွဲစဉ် ကစားသွားခဲ့၏။ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် တိုက်စစ်မှူးတွေ ကိုယ်စီ သွင်းဂိုးတွေ ရယူထားနိုင်ခဲ့ပေမဲ့ Ronaldo တယောက် ဂိုး မရရှိနေသေးခြင်းက လူတွေ ပိုပြောစရာ ဖြစ်လို့ နေခဲ့၏။ ဒီပွဲမှာတော့ ထိုအသံတွေ တိတ်အောင် Ronaldo လုပ်ပြခဲ့လေ၏။ ၅-၀ ဖြင့် Portugal အသင်း အနိုင်ရရှိသွားခဲ့လေ၏။ Ronaldo က သွင်းဂိုး ၂ ဂိုး သွင်းယူသွားခဲ့လေ၏။

ဒီနေ့ မနက် ၂ နာရီခွဲမှာတော့ England vs Ghana တို့ ကစားသွား၏။ England အနေဖြင့် ဂိုးသွင်း ယူနိုင်ခြင်း မရှိဘဲ ဂိုးမရှိ သရေ ရလဒ်သာ ထွက်ပေါ်ခဲ့လေ၏။ Croatia ကသာ Panama ကို အနိုင်ရခဲ့မယ်ဆိုရင် အဆိုပါ အုပ်စု၏ အုပ်စု နောက်ဆုံး ပွဲစဉ်များက အတော်လေး အကြိတ်အနယ် ရှိမယ့် ပွဲစဉ်တွေ ဖြစ်ဖို့ များ၏။

မနက် ၅ နာရီခွဲမှာတော့ Panama vs Croatia တို့ ယှဉ်ပြိုင်ကစားရာ Croatia က ဖြင့် ၀-၁ ဖြင့် အနိုင်ရသွားခဲ့လေ၏။ အုပ်စု နောက်ဆုံးပွဲ ဖြစ်သည့် Croatia vs Ghana ပွဲစဉ်က အတော်လေး ကြည့်ကောင်းမယ့် ပွဲစဉ်တပွဲ ဖြစ်လာမည် ဖြစ်၏။ မနက် ၈ နာရီခွဲမှာတော့ Columbia vs DR Congo အသင်းတို့ ယှဉ်ပြိုင် ကစားမည် ဖြစ်၏။

(photos from FIFA World Cup)

Leave CR7 Involved Now to:

Written by

You are Never Fully Dressed Without A Smile

Read more #hive-122133 posts


Best Posts From Don Jaun

We have not curated any of donjaun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Don Jaun