Don Jaun avatar

Who are Qualified

donjaun

Published: 25 Jun 2026 › Updated: 25 Jun 2026Who are Qualified

Who are Qualified

မနေ့ မနက် ၈ နာရီခွဲမှာ ကစားသည့် Colombia vs DR Congo ပွဲစဉ်မှာ Colombia အသင်းက ၁-၀ ဖြင့် အနိုင်ရပြီး ၂ ပွဲ ကစားပြီး ၂ ပွဲနိုင်ဖြင့် နောက်တဆင့်ကို တက်လှမ်း သွားခဲ့လေ၏။ အုပ်စု နောက်ဆုံး ပွဲစဉ် အဖြစ် Portugal အသင်းနှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်၏။

ဒီနေ့ မနက် ၁ နာရီခွဲမှာတော့ Group အများစု၏ အုပ်စု နောက်ဆုံးပွဲစဉ်များ စတင် ကစားခဲ့လေ၏။ အိမ်ရှင် Canada ပါဝင်နေသည့် Group B ပွဲစဉ်များမှာတော့ Bosnia and Herzegovina vs Qatar ပွဲစဉ်မှာ Bosnia and Herzegovina က ၃-၁ ဖြင့် အနိုင်ရသွားခဲ့လေ၏။ Switzerland vs Canada ပွဲစဉ်မှာတော့ Switzerland က အိမ်ရှင် Canada ကို ၂-၁ ဖြင့် အနိုင်ရသွားခဲ့လေ၏။

Switzerland က အုပ်စု ပထမဖြင့် နောက်တဆင့် တက်သွားခဲ့ပြီး အုပ်စု ဒုတိယနေရာကိုတော့ အမှတ်တူ ဂိုးကွာခြားချက်ဖြင့် အိမ်ရှင် Canada က ရရှိသွားခဲ့၏။ Bosnia and Herzegovina အနေဖြင့် အကောင်းဆုံး တတိယနေရာဖြင့် နောက်တဆင့် တက်လှမ်းသွားဖို့ အခွင့်အရေး ရှိနေပါသေး၏။

Group C ၏ အုပ်စု နောက်ဆုံးပွဲစဉ်များကိုတော့ မနက် ၄ နာရီခွဲမှာ ကစားသွားခဲ့၏။ Morocco က Haiti ကို ၄-၂ ဖြင့် လည်းကောင်း Brazil က Scotland ကို ၀-၃ ဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိ သွားခဲ့လေ၏။ အဆိုပါ အုပ်စုမှာ အမှတ်တူ ဂိုးကွာခြားချက်ဖြင့် Brazil က အုပ်စု ဗိုလ်၊ Scotland က အုပ်စု ဒုတိယဖြင့် နောက်တဆင့်သို့ တက်လှမ်း သွားခဲ့လေ၏။ Scotland အနေဖြင့်လည်း အကောင်းဆုံး တတိယလူ နေရာကို မျှော်မှန်းထားလို့ ရနေပါသေး၏။

Group A ၏ အုပ်စု နောက်ဆုံး ပွဲစဉ်များကိုတော့ မနက် ၇ နာရီခွဲမှာ ကစားမည် ဖြစ်၏။ နောက်တဆင့် တက်လှမ်းခဲ့ပြီး ဖြစ်သည့် အိမ်ရှင် Mexico က Czechia ဖြင့် လည်းကောင်း၊ South Korea က South Africa ဖြင့် လည်းကောင်း အသီးသီး ယှဉ်ပြိုင် ကစားသွားဖို့ ရှိနေပါ၏။

(photos from FIFA World Cup page)

Leave Who are Qualified to:

Written by

You are Never Fully Dressed Without A Smile

Read more #hive-122133 posts


Best Posts From Don Jaun

We have not curated any of donjaun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From Don Jaun