New Record
မနေ့ မနက် ၇ နာရီ ပွဲစဉ် အဖြစ် New Zealand vs Egypt ပွဲစဉ်မှာ Egypt အသင်းက ၁-၃ ဖြင့် အနိုင်ရသွားခဲ့လေ၏။ အဖွင့်ဂိုးကို New Zealand က အရင် သွင်းယူခဲ့ပေမဲ့ ချေပဂိုး အနိုင်ဂိုးတွေကိုတော့ Egypt အသင်းက သွင်းယူပြီး လိုအပ်နေသည့် အမှတ်တွေ ရယူပြီး နောက်တဆင့် အတွက် အခွင့်အရေးကောင်းတွေ ရယူသွားနိုင်ခဲ့၏။
မနေ့ည ၁၁ နာရီခွဲမှာ ကစားသည့် Argentina vs Austria ပွဲစဉ်မှာတော့ Argentina က ၂-၀ ဖြင့် အနိုင်ရသွားခဲ့၏။ Argentina ၏ သွင်းဂိုး ၂ ဂိုးလုံးကို အုပ်စု ပထမပွဲ၏ Hat-trick ရှင် Messi ကပဲ သွင်းယူ သွားခဲ့လေ၏။ ကမ္ဘာ့ဖလား ပွဲစဉ် ၂ ပွဲ ကစားပြီးချိန်မှာ Messi အနေဖြင့် သွင်းဂိုး ၅ ဂိုးထိ ရယူထားနိုင်ခဲ့ပြီ ဖြစ်၏။
မနက် ၃ နာရီခွဲမှာတော့ France vs Iraq တို့ ကစားကြ၏။ France က ၃-၀ ဖြင့် အနိုင်ရသွား၏။ Argentina မှာ Messi ဂိုးတွေ သွင်းပြနေသလိုပဲ France အတွက်လည်း Mbappe က ခြေစွမ်းပြ ဂိုးတွေ သွင်းယူပေးထား၏။ ယခုပွဲစဉ်မှာ Mbappe က ၂ ဂိုး သွင်းယူထား၏။
ဒီရာသီ Real Madrid အသင်းမှာ သူ ကောင်းကောင်း စွမ်းဆောင်ပြထားနိုင်ခြင်း မရှိပေမဲ့ နိုင်ငံအသင်းမှာတော့ ပုံစံကောင်းတွေ ပြသလို့ နေခဲ့၏။ Messi နဲ့ အပြိုင် ဂိုးတွေ သွင်းယူ ပြနေခဲ့၏။ လက်ရှိမှာ Messi က သွင်းဂိုး ၅ ဂိုး၊ Mbappe က ၄ ဂိုး သွင်းယူထား၏။
ပရိတ်သတ်တွေ အမြဲတမ်း နှိုင်းယှဉ် မေးခွန်းထုတ်ကြလေ့ ရှိသည့် Messi vs Ronaldo မှာ Ronaldo အနေဖြင့် ခြေစွမ်းပြနိုင်ဖို့ လိုအပ် လာခဲ့ပြီ ဖြစ်၏။ ကမ္ဘာ့ အဆင့် ကွင်းလယ် ကစားသမားတွေ အများကြီး ရှိနေသည့် Portugal အသင်း အနေဖြင့် အုပ်စု အဖွင့်ပွဲစဉ်မှာ DR Congo က သရေကျသွားတာ အတော်ဆိုးလှ၏။ အထူးသဖြင့် Ronaldo ဂိုး မသွင်းနိုင်ရင် အသံတွေ ပို၍ ထွက်ပေါ်လာကြလေ့ ရှိ၏။
ဆိုးတာကလည်း Ronaldo အနေဖြင့် Euro ပြိုင်ပွဲကြီးနှင့် ယခု ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ ဂိုးပေါက် ပျောက်နေတာ ဖြစ်၏။ ရလေ လိုလေ မဟုတ်ဘဲ ရချင်လေ လွဲလေတွေချည်း ဖြစ်လို့နေခဲ့၏။ ဂိုး ရချင်ပါတယ် ဆိုနေမှ ဂိုးပေါက်နဲ့ လွဲချည်း လွဲနေတော့၏။ အသင်းဖော် အဆုံးသတ်ရင် ပိုကောင်းသည့် အနေအထားရှိသည့် ဂိုးကိုလည်း ဝင်ပြီး ကန်လိုကန်နဲ့ အတော်လေး ဆိုးနေခဲ့၏။ အုပ်စု ဒုတိယပွဲစဉ်မှာတော့ Ronaldo ဂိုးကံကောင်းပါစေလို့ ဆုတောင်း ပေးပါ၏။
(photos from FIFA World Cup)
Leave New Record to:
Read more #hive-122133 posts
Best Posts From Don Jaun
We have not curated any of donjaun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.
More Posts From Don Jaun
- What a performance Cape Verde
- Keep Moving Forward Portugal
- Turning Points
- Mbappe
- Germany Eliminated
- Why so Easy for Messi
- Only Two Teams left
- Cape Verde is Qualified
- We have Companions
- Who are Qualified
- CR7 Involved Now
- New Record
- What a play Cape Verde
- Germany also Qualified
- Two Hosts already Qualified
- Another Hat-trick Player
- Messi
- Vikings are Cooking
- Spain Draw
- Germany Did it