thetlyar avatar

တန်ဘိုးဟူသည်

thetlyar

Published: 15 Apr 2018 › Updated: 15 Apr 2018တန်ဘိုးဟူသည်

တန်ဘိုးဟူသည်

ရှိနေစဉ်အခါက အမှတ်တမဲ့ဖြင့်နေလာခဲ့ကြသော်လည်း မရှိတော့သောအခါမှ တမ်းတမ်းတတနဲ့ သတိတရရှိနေတတ်ကြတဲ့အရာတွေကလည်း အများကြီးပါ ။

received_214512925797192.jpeg

လူတယောက်ဆိုပါတော့ …
သူရှိစဉ်တုန်းက သူ့ စေတနာ သူ့ လေးစားစရာဂုဏ်အင်တွေကို သိပေမယ့် အမှတ်တမဲ့နေခဲ့ကြတယ် ။ အဲဒီလူမရှိတော့ဘူး ပြန်မလာနိုင်တော့ဘူးဆိုတဲ့အခါကျမှသာ သူ့ ရဲ့အရည်အချင်းတွေကို တန်ဘိုးရှိလှပါလားလို့  နားလည်တတ်တာမျိုးပေါ့ ။

received_214512962463855.jpeg

အခုလဲ ကျမမြင်တွေ့ရတဲ့ မြောင်းမြက တံတားကြီးရဲ့ပုံရိပ်တွေကို ကြည့်ရင်း သတိတရဖြစ်လာမိပါတယ် ။ တံတားကြီးမပျက်ခင်က ဥတဟိုသွားလာနေကြရင်း စားဝတ်နေရေးရုန်းကန်နေကြရတဲ့အတွက်ကြောင့် တံတားကြီးပေါ်က နေ့စဉ်သာဖြတ်သွားရင်း အချိန်တွေကုန်သွားရတာပါ ။

received_214512939130524.jpeg

တံတားကြီးပျက်ပြီးတော့ လမ်းပမ်းဆက်သွယ်ရေးတွေ အခက်ကြုံလာရတာ ပုံရိပ်တွေမြင်ပြီး သိနိုင်လာခဲ့ပါတယ် ။ စက်လှေတိုးစီးရတာတွေ ကားတွေဆိုင်ကယ်တွေကို ဇက်ပေါ်တင်ပြီးမှ လိုရာခရီးကို ရောက်အောင်သွားရတာမျိုးတွေဆိုတော့ အတော်ခက်ခဲတာ မြင်ရသိရပါတယ် ။

အသွားတခေါက်တင်ပြီးကမ်းကိုကူးရတာရယ်
အပြန်ကျလဲတခေါက်ပြန်တင်ပြီး ကမ်းကူးရတာရယ်
တကူးတကလုပ်လာရတော့ တံတားကြီးပေါ်က အလွယ်တကူဖြတ်သန်းသွားလာရတဲ့ တန်ဘိုးကို နားလည်သဘောက်လာသလို တံတားကြီးပျက်သွားရခြင်းကိုလည်း ပိုပြီးနှမြောတသ သတိရလာမိတယ် ။

received_214512915797193.jpeg

ရှိနေခြင်းထက် မရှိတော့မှ မရှိတော့သူရဲ့တန်ဘိုးကို ပိုပြီးနားလည်သလိုမျိုး ဖြစ်မိလာတယ် ။ ကျမတို့ သတိထားရမှာက ရှိနေစဉ်တုန်းအချိန်မှာ သူ့ ရဲ့တန်ဘိုးကိုနားလည်သဘောပေါက်ပြီး သူမရှိတော့ရင်ဆိုတဲ့ အတွေးလေးတခု ထည့်စဉ်းစားကြည့်ပြီး ပြင်ဆင်ရမှာတွေကို ပြင်ဆင်ခဲ့ရမှာပါ ။

အခုတော့ ရှိတုန်းက ရှိတယ်လို့ မှတ်ပြီး
မရှိရင် မရှိဘူးလို့ မှတ် ဆိုသလို ဖြစ်ခဲ့ရပြီ ။ မြောင်းမြတံတားကြီးနဲ့ လက်ရှိသွားလာလှုပ်ရှားနေရသော ပြည်သူများ၏ ပုံရိပ်များကို ကြည့်မိရင်း ခံစားမိတာလေးကို ပြန်လည်ဝေမျှခြင်းပါ ။ MSC မိသားစုများ မင်္ဂလာအပေါင်းနဲ့ပြည့်ဝကြပါစေရှင် ။

all photos credit # facebook news

thetlyar@thetlyar

MSC 027

Leave တန်ဘိုးဟူသည် to:

Written by

Read more #myanmar posts


Best Posts From thetlyar

We have not curated any of thetlyar's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From thetlyar