thetlyar avatar

feeling so sad

thetlyar

Published: 09 Jun 2018 › Updated: 09 Jun 2018feeling so sad

feeling so sad

ဒီနေ့က ရုံးပိတ်ရက်လည်းဖြစ် ပရိုမိုးရှင်းတင်ရန်စာရေးရမယ့်ရက်လည်းဖြစ်တော့ ဟိုဟိုဒီဒီ လိုင်းဖွင့်ပြီး စာမရေးခင် ကြည့်ဖြစ် ဖတ်ဖြစ်ခဲ့ပါတယ် ။

ကျမဦးစားပေးကြည့်တတ်တာက ဟာသနဲ့သတင်းပါ ။ ပြီးရင် ကျမကဗျာလေးတွေဖတ်တယ် ။ သတင်းတခု ကျမဖတ်လိုက်ရတာ မပြည့်စုံပေမယ့် ရင်ထဲစို့ တက်သွားမိတယ် ။

FB_IMG_1528573872218.jpg

ကျမမှာ မောင်လေးနဲ့ညီမလေးလဲရှိတော့ မဆီမဆိုင်တွေးမိပြီး အိပ်လို့ တောင်မရဘူး မျက်ရည်ပါကျရပါတယ် ။ ကျမဖတ်မိတာက နာရေးသတင်းတခုပါ ။

လူရယ်လို့ ဖြစ်လာမှတော့ မွေးဖွားလာထဲက သေဆုံးဘို့ အတွက်ဆိုတာ ကျမသိပေမယ့် ခုနာရေးသတင်းကို စိတ်မကောင်းဖြစ်မိတာအမှန်ပါ ။

သေဆုံးသွားသူက ဘာရောဂါနဲ့ဆုံးတယ်ဆိုတာမရေးသားထားပါဘူး ။ ကျမမောင်လေးအရွယ် မယ်သီလလေးတပါးပါ ။ သူ့ အမည်က မီးငယ်လေးလို့ ဖတ်ရပါတယ် ။ ဖတ်ရင်းနဲ့ ကျမမောင်လေးကို မြင်မိလာလေ မျက်ရည်ကျမိလေပါဘဲ ။

FB_IMG_1528573893032.jpg

မယ်သီလပုံလေးထဲကအပြုံးကိုကြည့်ပြီး ဘယ်လောက်အေးချမ်းသလဲ ခံစားမိတယ် ။ အသက်ငယ်ရွယ်သေးပေမယ့် သေမင်းရဲ့ ကြီးငယ်မရွေး သူခေါ်ဆောင်ရင် လိုက်သွားရစမြဲပါဘဲ ။

ဘယ်ကမှန်းကိုယ်နဲ့ပေမယ့် မယ်သီလလေးကို စိတ်မကောင်းဝမ်းနည်းဖြစ်မိတဲ့ကျမ သူ့ မိဘတွေအတွက် စာနာမိတယ် ။ ဘယ်လောက်ပူဆွေးနေကြမလဲ ။

ကျမအပါအဝင် ကျမမိသားစုနဲ့အသက်ရှိသူအားလုံးဟာ သေဆုံးကြရမှာကို ကျမသိပါတယ် ။ မသေခင် ကျမတော့ ကျမမိသားစုကို ပိုပြီးချစ်ခင်ကြင်နာတော့မယ် ။ လုပ်ပေးနိုင်သမျှ ကျမလုပ်ပေးတော့မယ်လို့  မယ်သီလလေးရဲ့နာရေးကိုဖတ်မိပြီး စိတ်ကူးမိသွားတယ် ။ ကျမအရင်ကထက်ပိုပြီး မောင်လေးနဲ့ညီမလေးကို ဂရုစိုက်ပြုစုတော့မယ် ။

FB_IMG_1528573915309.jpg

all photos are credit facebook post

ကျမဖတ်မိတဲ့မယ်သီလလေးနာရေးကို link copy ခဲ့လိုက်ပါတယ် ။ ဖတ်လိုကဖတ်ရှု့နိုင်ပါတယ် ။ ပုံကလည်း ကျမအဲ့ဒီကနေဘဲ # crd copy ပေးပြီး ထည့်လိုက်ပါတယ်ရှင် ။

https://m.facebook.com/groups/371346116562187?view=permalink&id=618825281814268

MSC မောင်နှမများ မင်္ဂလာပါရှင် ။ ကျမတို့ တတွေလည်း မသေခင် တွေ့ဆုံရတုန်းမှာ ကိုယ့်မိသားစု နဲ့ ကိုယ့်ပတ်ဝန်းကျင်မှစ၍ အားလုံး အားလုံးချစ်ချစ်ခင်ခင်နဲ့ နေကြပါစို့ နော် ။

thetlyar@thetlyar

MSC 027

Leave feeling so sad to:

Written by

Read more #myanmar posts


Best Posts From thetlyar

We have not curated any of thetlyar's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From thetlyar