thetlyar avatar

ဖတ်မိသမျှ

thetlyar

Published: 29 Apr 2018 › Updated: 29 Apr 2018ဖတ်မိသမျှ

ဖတ်မိသမျှ

MSC က Feb လအတွက် မြန်မာ့ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းမှုအကြောင်း ခေါင်းစဉ်နဲ့ အကောင်းဆုံးရေးသားနိုင်သူကို steem 100 ဆုချပြီး ရွေးချယ်ပြီးခဲ့ပါပြီ ။

အခု အကြောင်းကတိုက်ဆိုင်လာတော့ သတိရလာလို့  ရေးသားလိုက်တာပါ ။ စင်္ကာပူမှာနေတဲ့ leader အကိုဟင်က ဒီခေါင်းစဉ်ကိုရွေးချယ်ခဲ့တာ ကြိုပြီး သိများနေမလားလို့ တောင် စဉ်းစားမိသွားတယ် ။

ရန်ကုန်က လှိုင်သာယာက အမှိုက်ပုံကြီးအတွင်းမှာ မီးလှိုက်လောင်နေလို့  ညှော်နံတေတလူလူနဲ့ မီးသတ်တွေမနဲငြိမ်းအောင် လုပ်ခဲ့ရတာ ၄ ရက်ကျော်ကြာတဲ့အထိပါဘဲ ။ ယခုထိလဲ ဝိုင်းဝန်းဆောင်ရွက်နေကြတုန်းပါဘဲ ။

received_120075595519396.jpeg

မီးငြှိမ်းသတ်နေရင်း အောက်ဆီပြတ်သွားသလိုခံစားရပြီး ဆေးကုယူရတဲ့ မီးသတ်သမားအချို့နဲ့ နေ့ရောညပါမီးလိုက်သတ်နေရတဲ့ မီးသတ်များ နဲ့ကူညီကြသူ ပြည်သူများအား ကိုယ်ချင်းစာပြီး အချိုရည် ရေသန့်စတဲ့ အလှူရှင်များကလည်း အများကြီးရှိသလို လှူလဲမလှူ မီးလဲဝိုင်းမသတ်ဖဲ facebook ပေါ်မှာ တယောက်တပေါက် ပြစ်တင်ဝေဖန်နေကြသူများလည်း အများကြီးပါ ။

FB_IMG_1524761288950.jpg

မီးငြှိမ်းမရအောင် ၄ရက်တိတိ မနည်းသတ်နေရတာကို ကြည့်ပြီး ဘယ်ဝါအသုံးမကျတာ ကျတာနောက်ထား လောလောဆယ်မှာ တမြို့လုံးညှော်ပြီး ဒုက္ခရောက်နေတာကို တွေးပြီး ကြိုးစားမီးသတ်နေတဲ့လူတွေရယ်ကိုတော့ စာနာသင့်ပါတယ် ။

FB_IMG_1524761082464.jpg

မီးငြိမ်းအောင် ၁၅ပေအနက်ရှိတဲ့အထိတူးပြီး ရေသွင်းထားခဲ့ပြီးလို့  စိတ်ချရပါပြီဆိုတဲ့သတင်းလည်းဖတ်ရပြီး တကယ်အနက်၁၅ပေထိတူးထားတဲ့ အမှိုက်ပုံကြီးကို ရိုက်ထားတဲ့ဓာတ်ပုံကိုလည်း မြင်ခဲ့ရပါတယ် ။

ကျမအခုမှ အဲ့လောက်နက်တဲ့အမှိုက်ပုံကြီးကို မြင်တွေ့ဘူးခဲ့တာပါ ။ အံ့ဘြရသလို မီးသတ်တွေကိုလည်း ကိုယ်ချင်းစာမိလာတယ် ။ တကယ်ကြိုးစားလုပ်ခဲ့ရတယ်ဆိုတာလည်း အမှိုက်ပုံကြီးကြည့်ပြီး မျင်စိထဲမြင်လာခဲ့တယ် ။

FB_IMG_1524756177143.jpg

ဒီနေ့ ၅ရက်မြောက်မှာတော့ မီးဝိုင်းသတ်သူမီးသတ်များနဲ့ လူအများကို အောက်ဆီဂျင်ပိုက်ပါတဲ့နှာခေါင်းစွပ်ကို အလှူရှင်က လှူဒါန်းပေးလို့  အဲ့ဒီအစွပ်နဲ့ သတင်းများတွင် ဟန်ကျကျမြင်ရသလို မီးငြိမ်းဘို့ အတွက် ဆုတောင်းပွဲလုပ်နေတာကိုလည်း မြင်ရပါတယ် ။

FB_IMG_1524761159436.jpg

FB_IMG_1524761078819.jpg

ဘယ်သူ ဘယ်လိုဆိုတာ မဝေဖန်ပါဘူး ။ မြန်မာနိုင်ငံမှာ ကျမနေတဲ့အတွက် မြန်မာနိုင်ငံရဲ့ မြို့တမြို့ထဲမှာနေကြတဲ့ ပြည်သူအများ ဒုက္ခမရောက်စေချင်တဲ့စိတ်ကြောင့် အမှိုက်ပုံကြီးရဲ့ မီးလောင်ကျွမ်းမှုဟာ စိတ်အေးရတဲ့အခြေအနေကို ရောက်လို့  ပျော်မိတာတော့အမှန်ပါ ။

မြန်မာပြည်သူပြည်သားအပေါင်း ဘေးအန္တရာယ်ကင်းကြပါစေလို့  ဆုတောင်းရင်းဖြင့် MSC မိသားစုကြီးရေ မင်္ဂလာပါလို့ နှုတ်ဆက်ပါတယ်ရှင် ။

all photos cred # facebook news

thetlyarHive account@thetlyar

MSC 027

Leave ဖတ်မိသမျှ to:

Written by

Read more #myanmar posts


Best Posts From thetlyar

We have not curated any of thetlyar's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From thetlyar