thetlyar avatar

မညည်းချင်တော့ပါ

thetlyar

Published: 13 Jun 2018 › Updated: 13 Jun 2018မညည်းချင်တော့ပါ

မညည်းချင်တော့ပါ

မိုးဆက်တိုက်ရွာနေပြီး မုန်တိုင်းရှိတယ်ဆိုတဲ့သတင်းကို မြန်မာတပြည်လုံးက သိကြသလို မိုးကလဲ ရပ်လိုက်ရွာလိုက် အဆက်မပြတ်၅ရက်တိတိ ရွာထားတာဆိုတော့ ကျမအပါအဝင် အားလုံးက မိုးရွာလိုက်တာ ဘယ်လို ဘာညာဆိုပြီး ညည်းတွားကြပါတယ် ။

2904778_S.jpg

crd org source

facebook အသုံးပြုသူများကလည်း facebook post တွေတင်ကြသလို steemit သုံးသူတွေကလည်း steemit post ရေးတင်ကြပါတယ် ။

ကျမနေတဲ့အရပ် မိုးရွာရေကြီးတာ ခြေထောက်ဗွက်စိုရုံလောက်ပါ ။ ဈေးဝယ်ထွက်လို့ ရတယ် ။ မနက်စာထွက်စားလို့ ရသလို မိုးထဲဖွင့်တဲ့ စားစရာဆိုင်တွေကလည်း အပြည့်ပါ ။ ပြောရမယ်ဆိုရင် ထီးနဲ့မိုးကာဝတ်ပြီး ခြေလျင်သွားလို့ ရနေတာပါ ။

တခြားမြို့တွေမှာ မိုးရွာလို့ ရေတွေကြီးပြီး လယ်တွေပျက်စီးကြတယ် ။ ဘုရားတွေပြိုကြတယ် ။ အိမ်တွေကားတွေရေထဲမျောပါတဲ့အထိ ဒုက္ခရောက်ကြပြီး အသက်တွေပါဆုံးရှုံးနေရတာ facebook မှာရော လူမှုကယ်ဆယ်ရေးအသင်းတွေကနေရော ဖတ်ရ ကြားရပါတယ် ။ video တွေလည်း တင်ထားကြလို့  ကျမကြည့်မိလိုက်ပါတယ် ။

cd15bdd8f5a304623c5f7b64bf40b8f5.jpg

crd org source

အဲ့လိုတကယ်ကြီးနေတဲ့ဒဏ်ကို ခံနေရပြီး ကိုယ့်တိုင်းပြည်ထဲက မြို့ရွာတွေ လူတွေနဲ့တိရိစ္ဆာန်တွေ ဒုက္ခကြီးမားစွာ ခံနေရတာလောက် ကျမတို့ နေတဲ့ရပ်ကွက်နဲ့ လမ်းပေါ်မှာ ရေရှိနေတာရယ် သွားလာရ အနဲငယ်လောက်သာ ခက်တာကို သိလာပြီး ကျမအားနာလာတယ် ။ မိုးရွာလိုက်တာ ဘာညာ မညည်းငြူချင်တော့ဘူး ။

ညည်းနေမယ့်အစား သူတို့ တွေထက်စာရင် တို့ ကတော်ပါသေးတယ် ။ သူတို့ တွေဒုက္ခရောက်လိုက်ကြတာ အဆင်ပြေကြပါစေ ဘေးကင်းကြပါစေ ဆိုတဲ့ ကိုယ်ချင်းစာစိတ်လေးနဲ့ ဆုတောင်းပေးနေမိပါတယ် ။

256ed0a586b33d2badeb42453e88bca9.jpg

crd org source

မြန်မာနိုင်ငံအတွင်းမှီတင်းနေထိုင်ကြသောသူများ အားလုံး အန္တရာယ်ကင်း ဘေးရှင်းကြပါစေ ။ MSC မောင်နှများမင်္ဂလာပါရှင် ။

thetlyar@thetlyar
MSC 027

Leave မညည်းချင်တော့ပါ to:

Written by

Read more #myanmar posts


Best Posts From thetlyar

We have not curated any of thetlyar's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From thetlyar