ပုံများကပြောသော ဖခင်မေတ္တာ
ဖတ်မိခဲ့သောသတင်းများထဲတွင် ရင်ကိုရိုက်ခတ်စေခဲ့သော ပုံရိပ်များတချို့ကို မြင်တွေ့ခဲ့ရပါတယ် ။ အကြောင်းအရာ ဘာဆိုတာ မဖတ်မိခင် ပုံတွေကိုမြင်လိုက်ကတည်းက ခံစားမှုကိုပေးစွမ်းနိုင်ခဲ့တာပါ ။
သတင်းထဲက အကြောင်းအရာက အတိုပြန်ပြောပြရရင် သားအဖနှစ်ယောက်ဟာ ဈေးရောင်းထွက်ကြပါတယ် ။ ဖခင်ဈေးရောင်းတဲ့နောက်ကို အကြောင်းအမျိုးမျိုးတွေကြောင့် သားသမီးဖြစ်တဲ့ကလေးငယ်က လိုက်ရတာမျိုးဖြစ်နိုင်သလို ကလေးငယ်လိုက်ချင်လို့  ခေါ်ရတာမျိုးလဲ ဖြစ်နိုင်မှာပါ ။
ရာသီဥတုရဲ့အပူဒဏ်ကိုခံရင်း တခြားသူတွေလို အိမ်ထဲမှာမနေနိုင်တဲ့အခြေအနေမို့  ဈေးရောင်းထွက်ရတာပေါ့ ။ ဈေးသည်အမျိုးသားဟာ ကလေးကိုချီရတာတမျိုး အပူဒဏ်ကိုခံရတာတမျိုးနဲ့ ဈေးလှည့်ရောင်းရင်း ပင်ပန်းရာက ရုတ်တရက်ရောဂါဝင်လာပြီး မူးမေ့လဲကျသွားမလိုဖြစ်ခဲ့ပါတယ် ။
သူမူးမေ့လဲကျဘို့ အတွက် သူသတိထားပြီး သူလဲကျလိုက်ရင် သူ့ ကလေးငယ် ထိခိုက်နာကျင်မှာကို သူသိတော့ သူဟာပွေ့ချီရင်း နီးစပ်ရာအမှီရှိရာ သံတိုင်မှာ မှီရင်း တဖြည်းဖြည်းလဲကျဘို့  ဆုံးဖြတ်လိုက်ဟန်ရှိပါတယ် ။
အဲ့လိုနဲ့ သူသံတိုင်ကိုမှီရက်နဲ့ ကလေးငယ်ကိုပွေ့ချီရင်း မှီနေလိုက်တာ အချိန်အတန်ကြာမှ တခြားသူတွေသတိထားမိလိုက်တော့ သူဟာ မူးမေ့ပြီး ကလေးပွေ့ချီလျှက် လဲနေတာကို သိလိုက်ရပါတော့တယ် ။
ဘယ်လောက်လေးစားစရာကောင်းတဲ့ဖခင်ဆိုတာ ပြောပြဘို့ မလိုလောက်ပါဘဲ ။ ဖခင်တိုင်းဟာ သားသမီးတိုင်းအပေါ်မှာ မေတ္တာထားပြီး ချစ်တတ် အနစ်နာခံတတ်ပြီး ရှာဖွေကျွေးမွေးရတာကို သားသမီးဖြစ်တဲ့ကျမတို့ တတွေဟာ နားလည်သိတတ်ကြပြီးသားပါ ။
ခုလိုအဖြစ်အပျက်ကို မြင်တွေ့ဖတ်ရှု့လိုက်ရတော့ ဖခင်တယောက်ရဲ့ သားသမီးအပေါ်မှာထားတဲ့ ဈေးသည်ကြီးရဲ့ မေတ္တာကို ပိုပြီးခံစားမိတယ် ။
သူ့ ရောဂါခံစားနေရချိန်မှာတောင် သတိထားပြီး သားသမီးနာကျင်မှာကိုတွေးပေးရှာတဲ့ဖခင် ဈေးသည်ကြီးပါ ။ ဘေးကလူတွေက ဝိုင်းပြီး မေးကြကူကြ ဆေးကုပေးကြလို့  သတိပြန်ရခဲ့တာပါ ။
ခုအဖြစ်အပျက်ကို အိမ်ကမောင်လေးနဲ့ညီမလေးကိုလဲ ပြောပြပြီး ကျမတို့ မိခင်နဲ့ဖခင်ကို ပိုပြီးလေးစားတန်ဘိုးထားကြဘို့  ပြောရမယ် ။ ကျေးဇူးသိတတ်ပြီး တတ်နိုင်သလောက် ကျေးဇူးပြန်ဆပ်ဖို့ ကိုလည်း ကြိုးစားကြမယ်လို့  ဆုံးဖြတ်လိုက်ပါတယ် ။
all photos crd # facebook news
MSC 027
Leave ပုံများကပြောသော ဖခင်မေတ္တာ to:
Read more #myanmar posts
Best Posts From thetlyar
We have not curated any of thetlyar's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.