မယ်သက်လျာနှင့် ဘိလိယက်
ပရိုမိုးရှင်းအတွက်ရေးရအုံးမယ်ဆိုပြီး အိမ်ကိုစောစောပြန်လာခဲ့ပြီး စားနေကျဒုတ်ထိုးဆိုင်ကိုထိုင်မစားဘဲ ပါဆယ်လေးထုတ်လာခဲ့ပါတယ် ။
အိမ်ရောက်တော့ အဝတ်အစားလဲမျက်နှာသစ်ပြီး အိမ်ကထမင်းခူးပြီး ဒုတ်ထိုးလေးစားနေတုန်း ညီမဖြစ်သူက လာဆုံးမလို့  မျိုမကျဘူး စားနေတာအမြန်ကုန်အောင်စားလိုက်ရတယ် ။
G4 ကပရိုပိုစ့် မှာ ညီမလေးတင်တိုင်း လာမန့် တဲ့စာတွေကိုဖတ်ပြီး ကိုယ့်ညီမလေးကို ခင်ကြပါလားဆိုပြီး စိတ်ထဲတွေးမိရင်း သူတို့ အသုံးတွေကို အမှတ်ရနေမိတယ် ။ မယ်စု တို့  မယ်ပြည့်တို့ ဆိုပြီး ရင်းနှင်းစွာ ကွန့် မန့် မှာခေါ်ကြတာလေးကို သဘောကျနေမိတာပါ ။
နောက်တခုက ကျမက G3 က ဆိုတော့ ကျမတို့ SL က မတ်မတ်ကြည်တို့  မယ်ကြည်တို့ ဆိုတဲ့ ခေါင်းစဉ်လေးတွေတပ်တာလဲ သဘောကျမိနေခဲ့တာ ။ ဒါနဲ့ဘဲ ကျမပိုစ့်ကို ဒီနေ့ မယ်သက်လျာဆိုပြီး တပ်လိုက်တယ်ပေါ့ ။
ခုနစကားလေး ပြန်ဆက်ပါအုံးမယ် ။ ညီမဖြစ်သူက ကျမကိုဆုံးမတာက " မမ နင်ပိုစ့်ရေးရတာ စဉ်းစားပြီးအချိန်မပေးနိုင်ဘူးပြောတယ်နော် ။ အခု နာရီဝက်လောက်ဂိမ်းဆော့ပြီး sbd ရတဲ့ဟာ တွေ့ပြီ ။ ပေးနေတုန်းယူထား ။ ပိုက်ဆံရှာရတာ မပင်ပန်းဘူး ။ အဲ့ဒီဂိမ်းက ဘိလိယက်ထိုးရတာ " တဲ့ ။
ကျမမျက်လုံးပြူးပြီး သူပြောတာဆက်နားထောင်နေလိုက်တော့ သူကဆက်ပြောပြန်ရော " ကိုယ့်ညီမ ဘာတင်ရေးနေတယ် ဘာလုပ်နေတယ်ဆိုတာ ဘယ်တော့မှမဖတ်ဘူး ။ auto vote လုပ်ထားပြီး ဘာမှမလေ့လာဘူး " တဲ့ ။
ကျေမလဲ အာ် အေးပါ ဆိုပြီး ဘာမှမပြောသေးဘူး ။ အဲ့ဒီဂိမ်းဆော့ဘို့  ကျမကို ဇွတ်နည်းတွေပြ ဇွတ်ထိုးခိုင်းတော့တာ ။ ကျမကြိုးစားကြည့်ပါတယ် ။ မျက်မှန်ပါဝါနဲ့ သူ့ ဘော်လုံးသေးသေးက ဂဏန်း ကျမသိပ်မသဲကွဲဘူး ။ ပြီးတော့ ကျမကို သူက order ပေးတယ် ။လေ့ကျင့်ပြီးလို့  သဘောတရားနားလည်ရင် ငါတို့ ညီအမ အချင်းချင်း တနေ့ ၎ပွဲလောက်ထိုးမယ် ။ verify တင်ဘို့  စာရွက်မှာ နာမည်ရေး ဓာတ်ပုံရိုက်မယ်တဲ့လေ ။
verify တင်ဘို့ ဓာတ်ပုံရိုက်တာက လွယ်ပါတယ် ။ အဲ့ဒီဂိမ်းကို တနေ့၎ပွဲမဟုတ်ပါဘူး ၁၀ပွဲဆော့ဆိုလည်း ဆော့နိုင်ပါတယ် ။ ကျမမဆော့နိုင်တာက သူနဲ့အချင်းချင်းဆော့တာကိုပါဘဲ ။ ကျမနားပူမခံနိုင်ပါဘူးရှင် ။
အဲ့ဒီဘိလိယက် သူဆော့လို့ တကယ်သာသူထင်တဲ့အတိုင်းအတာ ရခဲ့ရင် သူမအိပ်ဘဲ ဆော့တော့မှာ တွေးတော့မှာ ကို ကျမသိနေလို့ ပါဘဲ ။ ဘိလိယက်က တဖက်လူနဲ့ဆော့ရတော့ ကျမပါ မအိပ်ရဖြစ်သွားမှာကြောင့်ပါဘဲ ။
ကျမလဲခပ်တည်တည်နဲ့ မဆော့တတ်ဘူး မယ်ပြည့်ရေ ဗာရီလဲမဖိုင်းတော့ဘူး အတင်းဆော့ခိုင်းနေရင်တော့ leader ကိုတိုင်ရပါလိမ့်မယ်လို့ ပြောပြီး ထိုးလက်စဘိလိယက်ကို ချထားပြီး အသာလစ်လာခဲ့တော့တာပေါ့ ။
ဘိလိယက်ထိုးရတာ သူပြောတဲ့တိုင်းဆိုလွယ်သား ပိုက်ဆံရချင်ပေမယ့် လောဘထိန်းပြီး နားပူမှာကြိုကာကွယ်ထားလိုက်ရတာ ။ ဒီပိုစ့် သူဖတ်မိလို့  ဇွတ်လာဆော့ခိုင်းလို့ ကတော့ အဟုတ်ကိုတိုင်ရမှာပါဘဲရှင် ။
MSC မိသားစုများ မင်္ဂလာပါရှင် ။ ကိုယ်စိတ်နှလုံး ပျော်ရွှင်ကြပါစေ ။
MSC 027
Leave မယ်သက်လျာနှင့် ဘိလိယက် to:
Read more #myanmar posts
Best Posts From thetlyar
We have not curated any of thetlyar's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.