thetlyar avatar

ချစ်သော MSC ထံ ခွင့်ပန်စာ

thetlyar

Published: 12 May 2018 › Updated: 12 May 2018ချစ်သော MSC ထံ ခွင့်ပန်စာ

ချစ်သော MSC ထံ ခွင့်ပန်စာ

MSC promotion တင်ဘို့ စာလေးရေးမယ်စိတ်ကူးပြီး အကောင့်လေးဖွင့်ကြည့်မိပါတယ် ။ line ကမကောင်းတော့B Pyae ကို vote ပေးပြီးသားကို unvote နှိပ်မိသွားတယ် ။

ရုတ်တရက်ဆိုတော့ စာကိုဖတ်ပေမယ့် ok က နှိပ်ပြီးသားဖြစ်နေတော့ B Pyae post မှာ unvote ဖြစ်သွားတယ် ။ အိမ်မှာက စားပွဲတလုံးပေါ်မှာ သားမိ၃ယောက် wifi အတူသုံးတာဆိုတော့ ကျမက အယ့်လို့  မှားနှိပ်လို့ အော်တာကို B Pyae ကြားပြီး လှမ်းကြည့်တယ် ။

IMG_20180117_192324.jpg

#photo credit

ပြသာနာက အဲ့ဒီမှာစတာဘဲရှင့် ။ သူ့ ပို့ စ်ကို unvote မိတာ ပွက်လောတွေဆူနေတော့တာ မပြီးတော့ဘူး ။ လိုင်းကောင်းရင် ပြန် vote ရတဲ့ကိစ္စကို စည်ကမ်းတွေပြောနေတော့တာ မပြီးတော့ဘူး ။ steemit ဥပဒေနဲ့ငြိပြီး ကျမဘဲ အမှုဖြစ်ရတော့မလို ။

ကိုယ့်မှာအလုပ်ရှိပေမယ့် အပိုငွေကို စုထားချင်တဲ့စိတ်ရှိခဲ့တာကြောင့် ဒီ steemit ကို ရေးတင်မိခဲ့တာပါ ။ ကျမဟာ MSC ကပေးတဲ့ ဒုတိယအကြိမ်မြောက် Best author ဆုမှာ သို့ / ညီမလေးထံပေးစာ post ဖြင့်ဆုရခဲ့သူပါ ။ MSC စပြီးတလအကြာမှာ MSC မန်ဘာဝင်တာပါ ။

3334899_S.png

crd org source

ဒီဆုရတော့ ညီမလေးဆိုတဲ့ပိုစ့်ကဆုရတာရယ် B Pyae ကိုရည်ရွယ်ရေးတာရယ်နဲ့ MSC rule မှာ ဆုရတာကို power up ရမယ် မပါသေးတာကြောင့် သူ့ ကိုပေးခဲ့တာပါ ။ ကျမ B Pyae ကို အပြစ်မြင်စေချင်လို့  ရေးတာမဟုတ်ပါ ။ ကျမညီမလေးဟာ ငယ်တော့စကားအမှားပါခဲ့ရင် ခွင့်လွှတ်သီးခံပေးဘို့  ရေးသားခြင်းပါရှင် ။

MSC ဟာ အဖွဲ့အသင်းနဲ့ အများစုစည်းထားတာကိုလည်း ကျမနားလည်ပါတယ် ။ MSC က ချပေးထားတဲ့အုပ်စု( ၃ ) မှာ ကျမပရိုတင်ခွင့်ရခဲ့ပါတယ် ။ Group 3 မှ SL မမkyi နှင့်တကွ အဖွဲ့သားအားလုံးကိုလည်း ကျေးဇူးတင်ပါတယ် ။ ဘာကြောင့်လဲဆိုရင် g3 ရဲ့ ကောင်းနိုးရာရာတခုမှ ကျမမကူညီနိုင်ခဲ့လို့ ပါဘဲ ။

MSC ရဲ့ချမှတ်ထားတဲ့စည်းကမ်းကို ကျမလိုက်နာပါတယ် ။ MSC Leader နဲ့တကွ Admins များကိုလည်း ကျေးဇူးတင်ပါတယ် ။ ဘာကြောင့်လဲဆို ကျမညီမလေး B Pyae မှတဆင့် ကျမတို့ မိသားစုဆွေမျိုးများကို စာရေးချင်စိတ်ရှိအောင် ငွေအပိုရအောင် ကျမတို့ စိတ်တွေကိုနှိုးဆော်ပေးခဲ့သလို အကျိုးဆောင်ပေးခဲ့လို့ ပါရှင် ။

received_897720157076145.png

#photo credit

အိမ်သားတွေအပေါ်မှာလဲ သူ့ steemit နဲ့ပတ်သက်လာရင် တခါတရံဒေါသဖြစ်မိတဲ့ B Pyae ဆိုတော့ အနဲနဲ့အများ တခြား MSC မန်ဘာတွေကိုလည်း အမှားပါမှာ ကျမပူပန်မိပါတယ် ။ ဒီနေ့ က စနေဆိုတော့ ကျမအလုပ်အားပြီး ဒီတောင်းပန်စာကို ရေးသားလိုက်တာပါ ။

MSC မိသားစုကြီး အောင်မြင်မှုတွေရပြီး အဓွန့်ရှည်ြာပါစေလို့ လဲ ဆုတောင်းလိုက်ပါတယ်ရှင် ။

received_217474078823323.jpeg

thatlyar@thatlyar

MSC 027

Leave ချစ်သော MSC ထံ ခွင့်ပန်စာ to:

Written by

Read more #myanmar posts


Best Posts From thetlyar

We have not curated any of thetlyar's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From thetlyar