ကြိုးစားပြင်ဆင်ပါ
ဒုက္ခဆိုတဲ့ အရသာကို ခံစားဘူးမှ
ဘဝဆိုတဲ့ အဓိပ္ပာယ်ကို ပိုသိမှာပါ ။ မိမိခံစားနေရသောဒုက္ခသည် အဓိပ္ပါယ်မဲ့သောအကြောင်းကို အခြေခံမနေသင့်ပါ ။
အချစ်ကြောင့်ဖြစ်စေ
လူမှုရေးနှင့်စီးပွားရေးကြောင့်ဖြစ်စေ
မိသားစုနှင့်အိမ်ထောင်ရေးကြောင့်ဖြစ်စေ
စားဝတ်နေရေးစတဲ့ အကြောင်းတစုံတရာကြောင့်ဖြစ်စေ
အဆင်မပြေမှုများကတော့ ကြုံလာတတ်စမြဲပါ ။
ထိုအဆင်မပြေခြင်းများကို ခံစားပါ ခနပေါ့ ။ ခနခံစားပြီးလျှင် မိမိဘာဆက်လုပ်သင့်သည်ကို တွေးတောကြံဆ၍ အဆင်မပြေမှုများကို ဖြေရှင်းရမှာပါ ။ မဖြေရှင်းဘဲ ဝမ်းနည်းစိတ်ညစ်ခံစားနေလို့  ပြန်အဆင်ပြေသွားမှာမှမဟုတ်တာ ။
မိမိစိတ်ကို ခံစားမှုရပ်တန့် သွားစေရန် စာဖတ်ခြင်း အားကစားတခုခုကိုလုပ်ခြင်းနှင့် ရယ်စရာများကို ကြည့်ပါ ဖတ်ပါ ။ ငယ်ငယ်က သင်ခဲ့ဘူးတဲ့ စာများထဲမှသင်ခန်းစာများကို ပြန်စဉ်းစားပြီး ပြုပြင်နေထိုင်ပါ ။
လူဆိုတာ အဆင်မပြေမှုတာ့ ရှိမှာပါ ။ ဒီတခါအဆင်မပြေရင် နောက်တခါအဆင်ပြေအောင် ဇွဲမလျှော့ စိတ်ဓာတ်မကျဘဲ
ကြိုးစားပြင်ဆင်ပါ ။ ငါတော့ အဆင်မပြေတော့ဘူးဆိုပြီး တုံးတိကြီးမဆုံးဖြတ်ပါနဲ့ ။
ဒီလိုလုပ်တာအဆင်မပြေရင် နောက်တစ်ခုကို ကျော်ပြီးစဉ်းစားလိုက်ပြီး တခြားတနည်းဖြင့် အဆင်ပြေအောင်လုပ်မယ်ဆိုသော စိတ်ထားပြီး ကြိုးစားသင့်ပါတယ် ။ ဘာမှမဖြေရှင်းဘဲနေရင် ဘာမှအဆင်ပြေစရာဖြစ်လာမှာလည်းမဟုတ်တဲ့အတွက် မိမိကြာရှည်ခံစားနေရသော အချိန်များရှည်ကြာလာလေလေ မိမိအတွက်ပိုဆိုးလာလေလေဘဲ ဖြစ်မှာပါ ။
ဒုက္ခသည် လူတိုင်းကြုံရသလို သုခကိုလည်း လူတိုင်းကြုံရမှာပါ ။ အရှုံးဆိုတာဟာလည်း လူတိုင်းကြုံဘူးသလို အနိုင်ဆိုတာကိုလည်း လူတိုင်းကြုံရမှာပါ ။
ဒါကြောင့် စိတ်ကို အမြန်ပြင်နိုင်ရန်ကြိုးစား ဖြေရှင်းနိုင်ကြပါစေလို့  ဆန္ဒပြုလိုက်ရပါတယ် ။ မင်္ဂလာပါ MSC မိသားစုများရှင် ။
MSC 027
Leave ကြိုးစားပြင်ဆင်ပါ to:
Read more #myanmar posts
Best Posts From thetlyar
We have not curated any of thetlyar's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.