စဉ်းစားကြည့်ပါ
တချို့တွေဟာ …
မိဘဆွေမျိုးများက ချစ်၍ အလိုလိုက်ခြင်းကို ခံရသည် ။
မိဘဆွေမျိုးများမှတဆင့် ပတ်သက်ရာ အပေါင်းအသင်းနဲ့ ပတ်ဝန်အနီးအနားကလည်း သူ့ အိမ်က အလိုလိုက်ထားတော့ တို့ လဲ အလိုလိုက်ပေါင်းရမှာပေါ့ ဆိုပြီး အလိုက်လိုက်ခြင်းကို ခံရသည် ။
ငယ်စဉ် လူမမယ်ကလေးအရွယ်တုန်းက စိတ်ကြီးပြတာမျိုးကြောင့်တမျိုး အလိုလိုက်ခြင်းကို ခံရသည် ။
ကျန်းမာရေးကြောင့်လည်း အလိုလိုက်ခြင်းကို ခံရသည် ။
ထိုသူတချို့သည် မိဘဆွေမျိုးများနဲ့ ပတ်ဝန်းကျင် အပေါင်းအသင်းများက ချစ်၍ရော အကြောင်းအမျိုးမျိုးကြောင့်ရော အလိုလိုက်ခြင်းခံရမှုကို အလေးထားသင့်သည် ။
အလေးမထားဘဲနေခဲ့သည်ရှိသော် ပျက်ရယ်မပြုသင့်ပါ ။ အခွင့်ကောင်း မယူသင့်ပါ ။
ကိုယ့်ကို ချစ်နေတာဘဲ
ကိုယ်ဘာလုပ်လုပ် အလိုလိုက်နေတာဘဲ
ကိုယ်ဘာပြောပြော ဘာပူစာလို့ ဖြစ်ဖြစ် ရနေတာဘဲ ဆိုတဲ့ အသိစိတ်နဲ့ ချစ်ခင်နေသူများကို မပြုသင့်တာ မပြောသင့်တာတွေကို မရှောင်တော့ဘဲ မဆင်မခြင် မပြောသင့်ပါ ။
သူတပါးက ကိုယ့်ကိုပြောလာတော့ အသားဆတ်ဆတ်တုန်အောင်နာပြီး စိတ်ကြီးတတ်လျှင် ကိုယ်ကလဲ အခြားသူတပါးအပေါ်မှာ မပြုမိအောင် ဆင်ခြင်တတ်ပါ ။
လူဟူ၍ ဖြစ်တည်လာခဲ့သူချင်းအတူတူ ကိုယ်ကျခံစားတတ်ပြီး တခြားသူအပေါ်ကျ မခံစားတတ်သူများလို့ မထင်စေချင်ပါ ။ အခြားသူတွေမှာလည်း ခံစားတတ်ကြတာ သိစေချင်ပါတယ် ။
အခွင့်အရေးဆိုတာ ရတုန်းယူရတာ မှန်ပေမယ့်
အခွင့်ရေးယူတိုင်းလည်း မကောင်းဘူးဆိုတာ သတိထားသင့်ပါတယ် ။ အခွင့်အခါကောင်းကို စောင့်ပြီးမှသာ အခွင့်ရေးယူသင့်တာ ပိုကောင်းမယ်လို့  ထင်ပါတယ် ။
all photos credit # google search
MSC 027
Leave စဉ်းစားကြည့်ပါ to:
Read more #myanmar posts
Best Posts From thetlyar
We have not curated any of thetlyar's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.