ရတာလေးကိုတန်ဘိုးထားပါ
လိုတာမရ ရတာမလို ဆိုစကားအတိုင်း
ကိုယ်ရသော ကိုယ်ပိုင်သော အရာကို မနှစ်သက်တတ်ကြဘဲ ကိုမပိုင်သော ကိုမရသော အရာကို လိုချင်တပ်မက်ကြသည်မှာလည်း ကျမအပါအဝင် လူအများစုရဲ့ ဆန္ဒတခုပါ ။
ဖြစ်တတ်လေ့ရှိကြတဲ့ သဘောတရားတွေပေါ့ ။ တကယ်တမ်းတွေးကြည့်ရင်လဲ ကိုယ်မရနိုင်တာကို ဇွတ်အတင်းလုပ်ယူပြီး ဒုက္ခခံနေရတာဟာ ရီစရာကောင်းသလို ရှက်စရာလဲကောင်းတယ်ဆိုတာ သိလာရပါတယ် ။
မဖြစ်နိုင်တာသိရင် ရှေ့ဆက်မကြိုးစားတော့ဘဲ ကိုယ်နဲ့သင့်တော်မယ့်အရာတခုခု ( သို့ မဟုတ် ) ကိုယ်လိုချင်သောအရာနဲ့ ခပ်ဆင်ဆင်တူတာကိုရွေးချယ်ပြီး ကိုယ့်ဆန္ဒကို ဖြေသိမ့်နိုင်ရင် အသင့်တော်ဆုံးပါ ။
မဖြစ်နိုင်ပါဘူးဆိုတဲ့အရာကို ကြိုးစားလို့ ရတာဟာ သိပ်ကိုရှားပါးပြီး အစထဲက ကိုယ်နဲ့ မဖြစ်နိုင်ဘူးလို့  သိနေခဲ့တဲ့အတွက် ရလာခဲ့ရင်လည်း အဆင်မပြေဖြစ်တတ်သလို အဆင်ပြေလဲ ခနတာဘဲဖြစ်မှာပါ ။
အဆင်ပြေနေတုန်းခနတာပျော်ရွှင် ကျေနပ်ရတဲ့အချိန်ထက် အဆင်မပြေ အံမဝင်ဂွင်မကျဘဲ စိတ်ညစ်နေပြီး မပျော်ရွှင်တဲ့အချိန်များစွာက ပိုများနေတော့ ကိုယ့်အတွက် အကျိုးယုတ်တဲ့အရာကို စွဲလမ်းခင်တွယ်မနေသင့်ပါ ။ အချိန်တွေလည်းကုန်မယ် ။ လူလဲပင်ပန်းမယ့်အဖြစ်ပါ ။
မဖြစ်နိုင်တာကို မဖြစ်နိုင်မှန်းသိလို့  ကိုယ်နဲ့ဖြစ်နိုင်တာကို ရွေးချယ်လိုက်ပြီး ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင် / အသုံးပြု / ပေါင်းသင်းခြင်းက ကိုယ့်အတွက်အကောင်းဆုံးပေါ့ ။
ကိုယ်က မဖြစ်နိုင်တာကိုမရတော့ စိတ်ညစ်ပူပန်မယ် ။
ကိုယ်ပူပန်စိတ်ညစ်နေတာမြင်တော့ ကို့ မိသားစုဆွေမျိုးသားချင်းတွေကပါ ကိုယ့်အတွက်ထပ်ပြီး ပူပန်ကြမယ် ။ ဒီလိုနဲ့ ကိုယ့်အတွက်နဲ့ ထပ်ဆင့်ပြီး သူတပါးကိုပါ စိတ်ညစ်စေသလိုဖြစ်နေတော့တာ ။
ကိုယ်သာအဆင်ပြေ ပျော်ရွှင်နေရင် သူတို့ တွေလည်း ကိုယ့်အတွက် ဘာမှပူပန်စရာမလိုတော့တာကြောင့် ကိုယ်က အစစ အရာရာ ဆင်ခြင်ရမှာပါ ။
ကိုယ်ရထားတဲ့ လက်ရှိအခြေအနေ လက်ရှိအရာ လက်ရှိဘဝကို တန်ဘိုးထားပြီး ကိုယ့်ဘဝအတွက် အဆင်ပြေရာပြေကြောင်း နေထိုင် ပြောဆိုပေါင်းသင်း အသုံးပြုလုပ်ကိုင်ခြင်းကသာ ပျော်ရွှင်အေးချမ်းပြီး စိတ်ချမ်းမြေ့မှာပါ ။
ဒါကြောင့် မရတာကို ဇွတ်အတင်းယူချင်နေတဲ့စိတ်ကိုထိန်းပြီး ရထားတာကို လိုလိုလားလားနဲ့တန်ဘိုးထားနိုင်ကြပါစေလို့  ဆန္ဒပြုလိုက်ရပါတယ်ရှင်
MSC 027
Leave ရတာလေးကိုတန်ဘိုးထားပါ to:
Read more #myanmar posts
Best Posts From thetlyar
We have not curated any of thetlyar's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.