ပန်းခင်းသောလမ်းအမည် MSC
မင်္ဂလာပါရှင် ……
သက်လျာစာမရေးတာကြာပီဖြစ်လို့  MSC leader နှင့်တကွ admins များနှင့် မန်ဘာမောင်နှမအားလုံးက နားလည်ပေးကြပါလို့  ခွင့်ပန်ချင်ပါတယ် ။
လမ်းတခုအဖြစ်အများသူငှါသွားလာရလွယ်အောင် ဖောက်ဘို့ဆိုတာဟာ လွယ်ကူတဲ့အလုပ်တခုတော့ မဟုတ်ပါဘူး ။
ရှိရင်းစွဲလမ်းဟောင်းတခုမှာ ……
ကောင်းမွန်စွာလျှောက်လှမ်းရင်း လမ်းမပျက်အောင်ထိန်းသိမ်းကြသူများရှိသလို
ကောင်းမွန်စွာလျှောက်သော်ငြားလည်း လမ်းမပျက်အောင် ထိန်းသိမ်းခြင်းမရှိ လျစ်လျူရှုကြသူများလည်း ရှိကြပြန်ပါတယ် ။
ဒါ့အပြင် ပိုဆိုးတာက ကောင်းကောင်းလဲမလျှောက်သည့်အပြင် လမ်းကိုပါပျက်စီးအောင် ဖျက်ဆီးကြသူများလည်း ရှိလာပြန်ပါတယ် ။
ထိုလမ်းလျှောက်သူများအထဲတွင် ကျမလဲတဦးအပါအဝင်ဖြစ်ပါတယ် ။ ကျမအနေဖြင့် မိမိကိုယ်က ထိုလမ်းတခုပေါက်မြောက်အောင် မစွမ်းနိုင်တဲ့အတွက် ထိုလမ်းလေးမပျက်စီးအောင်တော့ လျှောက်လှမ်းလိုမယ်လို့  မိမိကိုယ်ကို တွေးနေမိပါတယ် ။
ပထမဆုံးက သူများဘယ်လိုလျှောက်တယ် သူများဘယ်လိုပျက်စီးအောင် လျှောက်လှမ်းနေတာကို နှိုင်းယှဉ်လုပ်ဆောင်ဘို့ ရာမလိုဘဲ မိမိကိုယ်တိုင်က ကောင်းမွန်စွာ လျှောက်လှမ်းဘို့ ဘဲ လိုတယ်လို့  ကျမထင်မိပါတယ် ။
ထိုမှတဆင့် ဒုတိယအနေနဲ့ မိမိကိုယ်တိုင်ကောင်းမွန်စွာလျှောက်လှမ်းရင်း တပါးသူများကို လက်တွဲလှမ်းလျှောက်ရင်း ဒီလမ်းလေးရဲ့အကျိုးပြုပုံလေးကို နားလည်လာအောင်ရှင်းပြရင်းက ဒီလမ်းလေးကို မပျက်စီး / မဖျက်စီးစေဘဲ အတူလျှောက်လှမ်းကြဘို့ ကို ဆွေးနွေးလုပ်ဆောင်ရမှာပါ ။
အဲဒီလိုနဲ့ အချင်းချင်းညှိနှိုင်းရိုင်းပင်းရင်းက လျှောက်လှမ်းသွားကြမယ်ဆိုရင် ဒီလမ်းကလေးဟာလည်း မပျက်မစီးဘဲ လျှောက်လှမ်းကြသူတွေကလည်း ချောမွေ့အဆင်ပြေကြပြီပေါ့ ။
ကဲ အခုကျမတို့ မောင်နှမဆွေမျိုးအားလုံးလည်း MSC ရဲ့ ပန်းခင်းသောလမ်းကလေးကို အတူတကွ ချောမွေ့စွာ လျှောက်လှမ်းကြပါစို့ လားရှင် ။
MSC 027
Leave ပန်းခင်းသောလမ်းအမည် MSC to:
Read more #myanmar posts
Best Posts From thetlyar
We have not curated any of thetlyar's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.