Spain Draw
မနေ့ မနက် ၈ နာရီခွဲမှာ ကစားသွားသော Sweden vs Tunisia ပွဲစဉ်မှာ Sweden က ၅-၁ ဖြင့် အနိုင်ရသွားခဲ့ပါတယ်။ Germany ပွဲ ပြီးရင် နောက်ထပ် ဂိုးများသွားသည့် ပွဲဟု ဆိုရမည် ဖြစ်၏။ ပွဲအစ ၇ မိနစ်မှာ ကတည်းက Sweden တို့ ဦးဆောင်ဂိုး စတင်ရရှိခဲ့၏။ မိနစ် ၃၀ မှာ ဒုတိယဂိုး ရ၏။ ၄၃ မိနစ်မှာ Tunisia က ချေပဂိုး ပြန်လည်လို့ သွင်းယူ၏။ ပထမပိုင်းမှာ ၂-၁ ဖြင့် ပွဲပြီးသွားခဲ့၏။ ဒုတိယပိုင်း ၅၉၊ ၈၄ နှင့် ၉၀+၆ မိနစ်တို့မှာ Sweden အသင်း နောင်ထပ် သွင်းဂိုးများ ထပ်မံ သွင်းယူခဲ့၏။
Ivory Coast vs Ecuador ပွဲစဉ်မှာတော့ မိနစ် ၉၀ ရောက်မှ သွင်းယူခဲ့သည့် Amad ၏ ၁ လုံးထဲသော သွင်းဂိုးဖြင့် Ivory Coast က အနိုင်ရရှိသွားခဲ့လေ၏။ ဘောလုံး ပိုင်ဆိုင်မှု နှင့် ထိုးဖောက် တိုင်စစ်မှုတို့မှာ ဒီ ၂ သင်းကြား ကွာဟချက် သိပ် မရှိခဲ့ပေ။ ဂိုးပေါက် ချိန်းခြောက်မှုမှာတော့ Ivory Coast က အနည်းငယ် သာလွန်ခဲ့၏။
Spain အသင်း အနေဖြင့် အာဖရိကဇုန်ကနေ ခြေစစ်ပွဲ အောင်လာသည့် Cape Verde ကို အနိုင် ကစားနိုင်ခြင်း မရှိခဲ့ပေ။ အနိုင်လည်း မရသလို ဂိုးလည်း သွင်းယူနိုင်ခဲ့ခြင်း မရှိပေ။ လူငယ် ကြယ်ပွင့် ကစားသမား Lamine Yamal ကိုတော့ ဒဏ်ရာ ပြဿနာတွေကြောင့် ဒုတိယပိုင်း ၇၁ မိနစ်မှာမှ လူစားဝင် ကစားစေခဲ့၏။ Spain တို့ ဘောလုံး ပိုင်ဆိုင်မှု အရကော၊ ဂိုးပေါက် ကန်သွင်းမှု အပိုင်းမှာကော သိသိသာသာ သာလွန်ခဲ့ပေမဲ့ ဂိုးအဖြစ် ပြောင်းလဲ နိုင်ခြင်းတော့ မရှိခဲ့ပေ။
Belgium vs Egypt ပွဲစဉ်ကတော့ တဖက် ၁ ဂိုးစီဖြင့် သရေကျသွားခဲ့လေ၏။ ၁ ဂိုးစီ ဆိုပေမဲ့ ၂ ဂိုးလုံးကို Egypt ကသာ သွင်းယူသွားခဲ့ခြင်း ရှိ၏။ ၁၉ မိနစ်မှာ Egypt တို့ ဦးဆောင်ဂိုး စတင် သွင်းယူ၏။ ၆၆ မိနစ်မှာ Belgium တို့ ချေပဂိုး ရ၏။ လူစားဝင် တိုက်စစ်မှူး Lukaku ၏ ဂိုးသွင်းယူမှုကို ဖျက်ထုတ်ဖို့ ကြိုးစားရာမှ Egypt ကစားသမား Hany ကိုယ့်ဂိုးကို ကိုယ်ပြန်လည် သွင်းယူမိသွားခဲ့ခြင်း ဖြစ်လေ၏။
Saudi Arabia vs Uruguay ပွဲစဉ်ဟာလည်း တဖက် ၁ ဂိုးစီ သရေရလဒ်ဖြင့် ပြီးဆုံးသွားခဲ့ပါတယ်။ ၄၁ မိနစ်မှာ Saudi Arabia တို့ ဦးဆောသ်ဂိုး စတင် သွင်းယူနိုင်ခဲ့ပါတယ်။ Uruguay အနေဖြင့် နောက်ကနေ လိုက်ကစားခဲ့ရတာပါ။ ကမ္ဘာ့ အဆင့် ၁၆ အသင်းက ကမ္ဘာ့ အဆင့် ၆၁ အသင်းကို နောက်ကနေ လိုက်ကစားပြီး ချေပဂိုး ရဖို့ ကြိုးစားခဲ့ရတာကတော့ အတော်လေး ဆိုးလှပါတယ်။ ကစားသမား စုဖွဲ့မှုမှာ အသာကြီး ပေမဲ့ လိုအပ်တဲ့ ဂိုးတွေ သွင်းယူနိုင်ဖို့ရာ အတော်လေး ခက်ခဲ လွဲချော်လို့ နေခဲ့ပါတယ်။ မိနစ် ၈၀ ရောက်မှ Uruguay တို့ ချေပဂိုး ပြန်သွင်းယူနိုင်ခဲ့ပါတယ်။
(photos from FIFA World Cup page)
Leave Spain Draw to:
Read more #hive-122133 posts
Best Posts From Don Jaun
We have not curated any of donjaun's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.
More Posts From Don Jaun
- What a performance Cape Verde
- Keep Moving Forward Portugal
- Turning Points
- Mbappe
- Germany Eliminated
- Why so Easy for Messi
- Only Two Teams left
- Cape Verde is Qualified
- We have Companions
- Who are Qualified
- CR7 Involved Now
- New Record
- What a play Cape Verde
- Germany also Qualified
- Two Hosts already Qualified
- Another Hat-trick Player
- Messi
- Vikings are Cooking
- Spain Draw
- Germany Did it