phyowinkoko7 avatar

Finish ချည်း ပြောမနေနဲ့

phyowinkoko7

Published: 17 Oct 2025 › Updated: 17 Oct 2025Finish ချည်း ပြောမနေနဲ့

Finish ချည်း ပြောမနေနဲ့

ကိုကိုနဲ့ ညီညီက မြန်မာ အမျိုးသမီး ဘောပွဲ ကြည့်နေကြတယ်

ဘောပွဲက မြန်မာနဲ့ ဩစတြေးလျ အမျိုးသမီးပွဲပေါ့

၁ ဂိုး စီ သရေကျနေရာက မြန်မာ အမျိုးသမီး အသင်းက မေထက်လူက အနိုင်ဂိုး သွင်းလိုက်နိုင်တယ်

ခဏနေတော့ နာကျင်အချိန်ပို ရောက်လာတယ်

နှစ်မိနစ်လောက်ကြာတော့ ဒိုင်က အချိန်စေ့ကြောင်း ဝီစီမှုတ်လိုက်တယ်

ဒီတော့ ညီညီက Hey time is finished. We win now. အချိန် ပြီးဆုံးပြီ မြန်မာနိုင်ပြီဟေ့လို့ ထအော်လိုက်တယ်

ဒီတော့ ကိုကိုက Don’t shout out loud in poor English. You should say time is up.

အင်ဂလိပ်စာ မတောက်တခေါက်နဲ့ အကျယ်ကြီး အော်မနေနဲ့၊ ဘောလုံးပွဲ အချိန်စေ့တာကို time is up လို့ သုံးရတယ်။

ဒီတော့ ညီညီက ဘောပွဲလည်း နိုင်သွားပြီဖြစ်ရာ တီဗွီကို ပိတ်ပြီး အိမ်ပြင်ထွက်လာတယ်

ဘောပွဲကန်နေစဉ်က မိုးတွေ တအားရွာနေပြီး အခု မိုးတိတ်သွားတော့ ကိုကိုကို လှမ်းအော်ပြီး

Ko Ko, the rain has finished. Let’s go see the show by Phoe Chit on the other street.

ကိုကို မိုးက ပြီးဆုံးသွားပြီ။ ဟိုဘက်လမ်းက ဖိုးချစ် ပွဲ သွားကြည့်ရအောင် လို့ ပြောလိုက်တယ်

ဒီတော့ ကိုကိုက You should say the rain has stopped. By the way, the Phoe Chit show is over.

မိုးက ရပ်သွားပြီလို့ ပြောရတယ်။ ဒါနဲ့ ဖိုးချစ် ပွဲက ပြီးသွားပြီလို့ ပြန်ပြောလိုက်တယ်။

ဒီတော့ ညီညီက the Phoe Chit show is over ဆိုတာကို နားမလည်ပေ။

Where do Phoe Chit perform? Over where?

ဖိုးချစ်က ဘယ်ပေါ် တက်ကလို့လဲ လို့ မေးလိုက်တယ်

ဒီတော့ ကိုကိုက I mean the Phoe Chit show has ended by now.

ဖိုးချစ်ပွဲက ဒီနေ့ပြီးသွားပြီ ပြောတာ။

Leave Finish ချည်း ပြောမနေနဲ့ to:

Written by

Read more #phyowinkoko posts


Best Posts From phyowinkoko7

We have not curated any of phyowinkoko7's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From phyowinkoko7