
ကြက်ကြော်ဆိုင်မှာ တိုင်ပတ်တဲ့ နီလာ
နီလာက ကြက်ကျော်ဆိုင် လာထိုင်တယ်
ပြီးတော့ စားပွဲထိုးကို လှမ်းပြောလိုက်တယ်
I would like a chicken. ကြက်တစ်ကောင် လိုချင်လို့ပါ လို့ ပြောလိုက်တယ် (မှားပြောလိုက်တယ်)
ဒီတော့ စားပွဲထိုးက တစ်ကောင်လုံး ကြော်ထားတဲ့ ကြက်ကောင်လုံးကြော် ယူလာတယ်
ဒီတော့ နီလာက ကြက်တစ်ကောင်လုံး မှာချင်တာ မဟုတ်တော့
No, no. My stomach is small. I can’t eat the whole chicken.
မဟုတ်ဘူး ကျမ ဗိုက်က သေးသေးလေး၊ ကြက်တစ်ကောင်လုံး မစားနိုင်ဘူး လို့ပြောလိုက်တယ်
ဒီတော့ စားပွဲထိုးက Then you should say I would like chicken. ဒါဆို article a/an မထည့်ဘဲ ပြောရတယ် လို့ ပြောပါတယ်
Here is a chicken thigh. ရော့ ရပါပြီဆိုပြီး ကြက်ပေါင် တစ်တုံးလာချပေးတယ်
နီလာက ကြက်ကြော်ကို စားမယ်လုပ်တော့ ကြက်ကြော်မှာ ဆံပင်မွေး တမျှင်ပါလာတာတွေ့တယ်
ဒီတော့ နီလာက There is hair on my chicken ငါ့ကြက်ကြော်မှာ ဆံပင်မွေး ပါလာတယ်လို့ ပြောပြန်တယ်
ဒီတော့ စားပွဲထိုးက No way, we shaved all the feather before frying the chicken.
မဖြစ်နိုင်တာ ကျမတို့က ကြက်မကြော်ခင် အမွေးတွေ အကုန် ရိတ်ပြီးမှ ကြော်တာပါလို့ ပြောလိုက်တယ်
ဒီတော့ နီလာက လူဆံပင်မွေး တစ်ချောင်းပါလာတာကို ထောင်ပြလိုက်တယ်။ ဒီတော့မှ
စားပွဲထိုးက You should say there is a hair on my chicken thigh. ဆံပင်မွေး တစ်ချောင်းလို့ ပြောသင့်ကြောင်း ဆိုပါတယ်။
နီလာက စိတ်ရှုပ်သွားပြီး When should I say the article a/an and when not?
ဘယ်အချိန်မှာ article a/an ထည့်ပြီး ဘယ်အချိန် article a/an ဖြုတ်ရမလဲလို့ မေးလိုက်တယ်
အသားတုံး ဥပမာ ကြက်သား အမဲသား အတုံးဆိုရင် article a/an ဖြုတ်ထားရကြောင်း
Article a/an ထည့်ပြောချင်ရင် a piece of chicken တို့ a chicken breast တို့ a chicken wing တို့ a slice of beef တို့ ပြောလို့ရကြောင်း
သတ္တဝါ အကောင်လိုက်ကို ရည်ညွန်းမှ a chicken သို့မဟုတ် a cow လို့ ပြောရကြောင်း
အမွေးအမျှင် တစ်စုကို hair လို့ပဲ ပြောရကြောင်း
ဆံပင်မွေး တစ်ချောင်းကို ရည်ညွန်းချင်ရင် There is a hair on my chicken thigh. လို့ ပြောရင်ရကြောင်း ရှင်းပြလိုက်ပါတော့တယ်
ဗမာမှာလည်း အတူတူပါပဲဗျာ
ကြက်ကင် တစိတ်တို့ a quarter chicken တခြမ်း a half chicken တို့ မှာတာပေါ့ တကောင်းလုံး ကင်တာမှာချင်မှ a whole chicken လို့ ပြောရပါတယ်
To be clear,
A chicken means a chicken
as a whole
A hair means a strand of hair.
Leave ကြက်ကြော်ဆိုင်မှာ တိုင်ပတ်တဲ့ နီလာ to:
Read more #phyowinkoko posts
Best Posts From phyowinkoko7
We have not curated any of phyowinkoko7's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.