
ခွေးချစ်တတ်သော မီးမီး
မီးမီးက ပန်းခြံမှာ လာကစားပါတယ်
မောင်မောင်က ပန်းခြံမှာ ခွေးလာကျောင်းတယ်
မီးမီးက မောင်မောင် ခွေးလာကျောင်းနေတာ မြင်တော့ မောင်မောင်ဆီသွားပြီး
Mg Mg, is this your new dog?
မောင်မောင် ဒီခွေးလေးက အသစ်ဝယ်ထားတာလားလို့ မေးလိုက်တယ်
မောင်မောင်က Yes, I bought him last month.
ဟုတ်တယ်၊ ပြီးခဲ့တဲ့ လကမှ ဝယ်ထားတာလို့ ပြန်ဖြေတယ်
မီးမီးက ခွေးလေးနားသွားပြီး It is adorable. Can I touch your dog? ခွေးလေးက ချစ်စရာလေး၊ ငါ ထိကြည့်လို့ ရမလားလို့
အင်ဂလိပ်လို မပြောတတ် တပြောတတ်နဲ့ မေးလိုက်တယ်
ဒီတော့ မောင်မောင်က ခွေးကို ပွတ်သပ်ကြည့်တာ ကိုင်ကြည့်တာကို touch လို့ သုံးတာထက်
pet လို့ သုံးရင် ပိုမိုအဆင်ပြေကြောင်း မီးမီး သိသွားစေဖို့
Yes, you can pet him. အေး ကိုင်ကြည့်လို့ ရပါတယ်၊ ပွတ်သပ်ကြည့်လို့ ရပါတယ်လို့ ပြောလိုက်တယ်
ပြီးတော့ မီးမီးက ခွေးက ဘာအမျိုးအစားလဲ သိချင်လာရာ
Mg Mg, what is his race? မောင်မောင် သူက ဘာအမျိုးအနွယ်လဲလို့ မှားမေးလိုက်ပြန်တယ်
ဒီတော့ မောင်မောင်က You should not say race for dogs or cats. You should say breed for them.
ခွေးတွေ ကြောင် တွေရဲ့ မျိုးစပ်ကို ပြောချင်ရင် race လို့ မပြောရကြောင်း breed လို့ ပြောရကြောင်း
Race is for humans. For example, I am Karen. And you are Shan.
Race ဆိုတာ လူအမျိုးအနွယ် အတွက်ပဲ သုံးရတာပါ။ ဥပမာ ငါက ကရင်လူမျိုး၊ နင်က ရှမ်းလူမျိုး
ဒီတော့မှ မီးမီးက အမှားပြင်ပြီး What is his breed? သူက ဘာအမျိုးအနွယ်လဲလို့ မေးရာ မောင်မောင်က
He is a Husky. သူက Husky မျိုးပါ ဖြေလိုက်ပါတော့တယ်
ဖတ်ရှုသူ အားလုံးကို
ကျေးဇူးတင်လျှက်
Leave ခွေးချစ်တတ်သော မီးမီး to:
Read more #phyowinkoko posts
Best Posts From phyowinkoko7
We have not curated any of phyowinkoko7's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.