လွတ်လပ်ရေးနေ့ အလံ ထောင်ကြလားဗျ
၃ ရက်နေ့က အမေ၊ အဖေနဲ့ ကျနော် အရှေ့ဒဂုံက အမျိုးတွေအိမ် သွားလည်တယ်။
Grab တစ်ခါမှ ငှားမစီးဖူးတော့
စမ်းကြည့်မယ်ဆိုပြီး Grab app ကို ဒေါင်းလိုက်တယ်။
လှိုင်မြို့နယ် နေအိမ်ကနေ အရှေ့ဒဂုံကို ဘယ်လောက်ကျမလဲ Grab မှာ နေရာ ရိုက်ကြည့်တော့ ၁၆၃၀၀ ကျပ်ပဲ ကျမယ်တဲ့ဗျာ။
အရင်က အဲဒီအမျိုးအိမ်ကို သွားနေကျပါ။ သွားတိုင်း ၂၀၀၀၀ ကျပ်အောက် တစ်ခါမှ မရဖူးဘူး။ လမ်းတွေ့တဲ့ taxi ကို တားစီးတာ လေ။
လမ်းထဲက အသိ taxi နဲ့ သွားတုန်းကလည်း ပိုဆိုးသေး ၂၅၀၀၀ ကျပ် ပေးရတယ် အပြန်လူမရလို့တဲ့။
Grab က ပိုဈေးကြီးမယ်ထင်တာ လက်တားစီးတာထက် အများကြီး ပိုသက်သာနေတာပဲ။
Grab app မှာ ကျသင့်ငွေ ၁၆၃၀၀ ပြထားတာကို မယုံသေးပေ။ ခရီးရောက်ရင် ဒရိုင်ဘာက ပိုတောင်းဦးမယ် ထင်နေတာ။
မဟုတ်ဘူးဗျ ခရီးရောက်တာ့ ဘယ်လောက်လဲ မေးတော့ grab driver က ၁၆၃၀၀ ပါလို့ ပြောတယ်။
Grab မစီးဖူးတော့ မသိဘူးလေ။ grab က ဒရိုင်ဘာတွေကို လစာပဲ ပေးတာထင်တယ်။ ဒါကြောင့် ပိုမတောင်းတာနေမယ်။
ဒဂုံထဲရောက်တော့ အိမ်တွေရော ဆိုင်တွရော အလံထောင်ထားကြတာတွေ့တယ်။ လှိုင်မြို့နယ်မှာတော့ ဘယ်သူမှ မထောင်ကြဘူး။
လွတ်လပ်ရေးနေ့တော့ လွတ်လပ်ရေးနေ့ပဲ လေးစားမှုခြင်း မတူတာနေမယ်။
အပြန်ကျတော့ အမျိုးတွေက သူတို့အသိ taxi နဲ့ ပြန်ပို့ပေးတယ်။ အပြန်ကျတော့ grab မဟုတ်တော့ဘူး။
ဘယ်လောက်ပေးရလဲတော့မသိဘူး။ အမျိုးတွေက ပေးလိုက်တာ။ အပြန်မှာ ဒရိုင်ဘာက ပြောသေးတယ်။ သူ့ taxi မှာလည်း အလံ ထောင်ချင်တာတဲ့။
ရွှေဂုံတိုင်က အလံရောင်းတဲ့ဆိုင်တွေမှာ ဝယ်ဖို့သွားတာ ဝယ်ဖို့ တန်းစီနေတဲ့ ကားတန်းကြီးက ရှည်လွန်းလို့ မစောင့်နိုင်လို့ မဝယ်ဘဲ ပြန်ခဲ့ရတာတဲ့။
စာဖတ်သူတို့ နေရပ်မှာရော လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလံထောင်ကြလားဗျ။
ကျနော်တော့ ဒီ post မှာ အလံထောင်လိုက်ပြီ။
Leave လွတ်လပ်ရေးနေ့ အလံ ထောင်ကြလားဗျ to:
Read more #independence posts
Best Posts From phyowinkoko7
We have not curated any of phyowinkoko7's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.