လဖက်ရည် ပါဆယ်တခွက် ၅၀၀၀
AI နဲ့ ဖန်တီးလိုက်တာ Hive-blogger ကျနော် လက်တော့နဲ့ ကော်ဖီခွက်နဲ့ hive blog အတွက် စာရေးနေတာပါ
လူရှိန်တယ်နော် စားပွဲပေါ်မှာ Hive Dollar အထုပ်လိုက် တွေ့လား
ရေးမယ့်စာက အခုမှ စမှာ ဆိုင်ဖျော် ကော်ဖီ လဖက်ရည် အကုန်အကျ သက်သက်သာသာ ဖျော်နည်းလေးပါ
လဖက်ရည် တစ်ခွက် ဆိုင်ထိုင်သောက် ၂၅၀၀ ကျပ် ပါဆယ်ဆွဲရင် ၃၅၀၀ ကျပ်
အဲဒါ ဆိုင်ကောင်း မဟုတ်သေးဘူး ပန်းလှ ရွှေပုလ္လင်ဆိုရင် ပါဆယ်က ၅၀၀၀ ကျပ်
ဘွင်းဘွင်း ပြောရရင်တော့ နေ့တိုင်း မသောက်နိုင်ဘူး
ထီပေါက်တဲ့နေ့မှ သောက်ဖို့ စဉ်းစားထားတယ် ရွဲ့ပြောတာတော့ မဟုတ်ပါဘူး
ထီတွတ်ဝင်မှ သောက်မယ်ပြောတာ တစ်သောင်းဆု ငါးသောင်းဆု တွတ်ဝင်ရင်ပြောတာ
အိမ်မှာ နေ့တိုင်း သောက်တာကတော့ နမ့်ဆန် တီးမစ် ရယ် ပရီမီယာ 3 in 1 ရယ် ဒါပါပဲ
ဒါပေမယ့် ဆိုင်ဖျော် လဖက်ရည် J donuts ကော်ဖီနဲ့ တူအောင် ဖျော်နည်းလေး သိထားတယ်။
ဒါကတော့ ကော်ဖီဖျော်မယ်ဆို ကော်ဖီကြမ်းမှုန့် ပရီမီယာ fine ground အမှုန့် လဖက်ရည်ဇွန်း တစ်ဇွန်းကို ရေနွေးဆူဆူနဲ့ သကြားမပါဘဲ နှပ်ထား အဖုံးအုပ်ထား
၃ မိနစ်လောက် ကော်ဖီကျပြီဆိုရင် (ကော်ဖီနှပ်ထားတဲ့ ခွက်မဟုတ်) ခွက်အလွတ်ထဲကို ပရီမီယာ 3 in 1 ဖောက်ထည့်
ပြီးရင် ကျနေတဲ့ ကော်ဖီ အရည်ကြည်ကို အနည်မပါစေဘဲ 3 in 1 မှုန့် ထည့်ထားတဲ့ ခွက်ထဲ ငှဲ့ထည့်
ဆိုလိုတာကတော့ 3 in 1 ကို သာမန်ရေနွေးနဲ့ မဖျော်ဘဲ ကော်ဖီ အကျရည်နဲ့ ဖျော်တာကို ပြောတာပါ အဲဒါဆို ကော်ဖီအရသာက J donuts ကော်ဖီ အရသာ အတိုင်း ဖြစ်သွားတယ်
လဖက်ရည်ဆိုလည်း ဆိုင်ဖျော် အရသာ လိုချင်ရင် တီးမစ်ကို သာမန်ရေနွေးနဲ့ မဖျော်ဘဲ အချိုခြောက်ကို နှပ်ထားတဲ့ အကျရည်နဲ့ ဖျော်ရင် ဆိုင်ဖျော်နဲ့ အနီးစပ်ဆုံး တူပါတယ်
ကော်ဖီမှုန့်နဲ့ အချိုခြောက်မှုန့်တော့ ဝယ်ထားရမှာပေါ့ ဒါပေမယ့် ဆိုင်က ဝယ်သောက်တဲ့ ဈေးထက် ထက်ဝက်လောက် သက်သာတယ်
ဒါက ပေါချောင်ကောင်း နည်းလေးပါ။ မျှဝေလိုက်ပါတယ် ခင်ဗျာ
I really appreciate your votes. Thanks 🙏🙏🙏
Leave လဖက်ရည် ပါဆယ်တခွက် ၅၀၀၀ to:
Read more #phyowinkoko posts
Best Posts From phyowinkoko7
We have not curated any of phyowinkoko7's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.
More Posts From phyowinkoko7
- ဆေးဖြတ်ပြီဗျာ (ကတ်ကြေးနဲ့)
- အရဟံ သိန်းပေါင်း တစ်ထောင်
- Vintage style နဲ့ သီချင်းနားထောင်မယ်
- ရှားစောင်းလက်ပတ် စိုက်မယ်ဗျာ
- ဆေးလိပ် ဖြတ်ပါ (သူများတွေကို ပြောတာပါ)
- Quantum Vs BTC
- 43th Birthday
- လဖက်ရည် ပါဆယ်တခွက် ၅၀၀၀
- ဘုရင် အလိုမရှိ ဆိုပါလား
- လွတ်လပ်ရေးနေ့ အလံ ထောင်ကြလားဗျ
- Prohance သွားဝယ်တဲ့ ကျနော်
- ဝိတ်တက်နေတဲ့ မီးမီး ကိတ်မုန့်ဖြတ်
- Hand အသုံးကြမ်းတဲ့ ကိုကို
- ဒိုးနပ်မုန့် သွားဝယ်စားတဲ့ ညီညီ
- Off အပြောကြမ်းတဲ့ ကိုကို
- ကြက်ကြော်ဆိုင်မှာ တိုင်ပတ်တဲ့ နီလာ
- Finish ချည်း ပြောမနေနဲ့
- ခွေးချစ်တတ်သော မီးမီး
- စိန်နဂါး ကြိုက်တဲ့ ကျနော်
- အောင်အောင်ရဲ့ လက်သုံးစကား