phyowinkoko7 avatar

Hand အသုံးကြမ်းတဲ့ ကိုကို

phyowinkoko7

Published: 21 Oct 2025 › Updated: 21 Oct 2025Hand အသုံးကြမ်းတဲ့ ကိုကို

Hand အသုံးကြမ်းတဲ့ ကိုကို

ကိုကိုက အဲယားကွန်း ကို သန့်ရှင်းရေး လုပ်နေတယ်

ညီညီက ရေချိုးခန်းထဲက ထွက်လာတော့ ကိုကိုက

Can you give me a hand? ငါ့ကို ဝိုင်းကူပါဦး (ငါ့ကို လက်တစ်ချောင်း ပေးနိုင်မလား) လို့ မေးလိုက်တယ်

ညီညီက ကြောင်အမ်းအမ်း ဖြစ်သွားပြီး What do you need to do with my hand?

ငါ့ လက်ကို ဘာလုပ်မလို့လဲလို့ မေးလိုက်တယ်

ဒီတော့ ကိုကိုက Can you give me a hand? ဆိုတာ Can you help me? လို့ ဆိုလိုကြောင်း ရှင်းပြလိုက်တယ်

ဒီတော့ ညီညီက Sure, I can help. ကူညီနိုင်ပါတယ်ဆိုပြီး ဝိုင်းကူလုပ်ပေးနေပါတယ်

ကိုကိုက ထပ်ပြီး Can you hand me the screwdriver? ဝက်အူလှည့်လေး လှမ်းယူပေးပါလား လို့ မေးလိုက်ပါတယ်

ညီညီက Hand again. What does it mean this time? I don’t get it.

လာပြန်ပြီလား hand ဒီတခါကရော ဘာအဓိပ္ပါယ်လဲ ၊ နားမလည်ဘူး

Can you hand me the screwdriver? ဆိုတာ Can you pass me the screwdriver?

မင်း ဘေးမှာရှိတဲ့ ဝက်အူလှည့်ကို လက်နဲ့ လှမ်းယူပေးပါလို့ပြောတာလို့ ရှင်းပြလိုက်ပါတယ်

အဲယာကွန်းလဲ ရေဆေးပြီးရော ကိုကိုက ဖုန်စုပ်စက်နဲ့ ကြမ်းတိုက်ဖို့ပြင်တယ်

ဒီတော့ ညီညီက The vacuum cleaner is broken. You can’t use it.

ဖုန်စုပ်စက်က ပျက်နေတယ်၊ သုံးမရဘူးလို့ ပြောလိုက်တယ်

ဒီတော့ ကိုကိုက A handyman came fix it yesterday already.

ညီညီက What do you mean a handyman?

Handyman ဆိုတာ ဘာကို ပြောတာလဲ လို့ မေးလိုက်တယ်

ဒီတော့ ကိုကိုက handyman is a person skillful and employed to do domestic repairs.

အိမ်က အသုံးအဆောင်တွေကို ပြင်ပေးတဲ့ နေရာမှာ ကျွမ်းကျင်သူ ပြင်ပေးသူ လို့ ပြောလိုက်တယ်

ကိုကိုက ဆက်ပြီး Don’t throw away the broken kettle. It might come in handy one day.

ဒီတော့ ညီညီက Too many hands today. What does it mean this time?

Hand တွေ ဒီနေ့ကြားရတာ များနေပြီ ဒီတခါရော ဘာဆိုလိုတာလဲ

Come in handy ဆိုတာ turn out to be useful အသုံးမဝင်လို့ ပစ်ထားတဲ့ အရာတခုက အသုံးဝင်လာတာကို ပြောတာလို့ ရှင်းပြလိုက်ပါတယ်

Give/ lend me a hand ဆိုတာ help me with a task

Hand me something ဆိုတာ pass/give me something

Hand me the salt. ဆားလေး ဒီဘက် လှမ်းယူပေးပါ

Handyman ဆိုတာ a person skillful and employed to do household repairs.

A handyman came to fix the broken rice cooker.

Come in handy ဆိုတာ turn out to be useful

This sort of junk might come in handy

one day.

ဒီအမှိုက်တွေက တနေ့ကျ အသုံးဝင်လာနိုင်တယ်

Leave Hand အသုံးကြမ်းတဲ့ ကိုကို to:

Written by

Read more #phyowinkoko posts


Best Posts From phyowinkoko7

We have not curated any of phyowinkoko7's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From phyowinkoko7