စိန်နဂါး ကြိုက်တဲ့ ကျနော်
ကျနော်က ညဘက်ဆို ညနက်မှ အိပ်တတ်တယ်
ဘယ်နှပြားမှ မရတဲ့ blockchain games ခေါ် crypto games တေ ဆော့နေတာ
ကျနော် ဆော့နေတဲ့ ဂိမ်းတေကတော့
sunflower-land စိုက်ပျိုးရေး မွေးမြူရေး လုပ်ပြီး စီးပွားရှာရတဲ့ ဂိမ်းရယ်
ကျန်းမာရေး လေ့ကျင့်ခန်း လမ်းလျှောက်ပြီး ပိုက်ဆံရတဲ့ ဂိမ်း (ရတယ်လို့ ထင်ရတာ ပြောတာ) ဖြစ်တယ်
လမ်းလျှောက်တဲ့ ဂိမ်းကတော့ stepn ပါ တနေ့ကို ၁ နာရီလောက် မနက်စောစော လျှောက်လေ့ရှိတယ်
ဒီဂိမ်း ၂ ခုက ကျနော်ရဲ့ ဖေးဘရိတ် တေပါ
တော်တော်လေးလည်း အကျွမ်းတဝင် ရှိနေပါပြီ ခင်ဗျားတို့လည်း ကစားချင်ရင် စမ်းကစားကြည့်ကြပေါ့ဗျာ
ကစားကြည့်ပြီး မသိတာရှိရင် ကျနော့်ကို လာမေးလို့ရတယ်။ ကျနော် တော်တော်လေး ကျွမ်းတယ် (ကိုယ့်ကိုယ်ကို ထင်တာပါ)
Stepn နဲ့ မနက်ပိုင်း လမ်းလျှောက်ရတာ ပြဿနာ မရှိပေမယ့် ညပိုင်း sunflower-land ကစားတဲ့အခါ ခြင်ကိုက်တဲ့ ပြဿနာ ရှိတယ်
ကျနော်နေတဲ့ အခန်းက ဒါပါ ခေါ်လား ဘာလားတော့ မသိဘူး။ အပေါ်ဆုံးထပ်မှာ တဝက်က အခန်းဖြစ်ပြီး တဝက်က ဝရန်တာ အကျယ်နဲ့ အခန်းပြောတာ
အဲဝရန်တာမှာ ထိုင်ပြီး ဂိမ်းကစားတဲ့အခါ ခြင်တေက မတရားကိုက်တယ်။
အဲတော့ ခြင်နိုင်ဆေး ထွန်းပြီး ကစားတယ် ဒီခြင်နိုင်ဆေးပါ နာမည်က စိန်နဂါး
ပုံ
ခင်ဗျားတို့ ဒေသမှာရော ခြင်ပေါလားဗျ ဘာခြင်ဆေး ထွန်းကြလဲ Jumbo ကတော့ ကျနော် ထွန်းကြည့်ပြီးပြီ လူပဲပြေးရတယ် ခြင်က မပြေးဘူး
ညဘက်ဆို ပရီမီယာ အောတိုင်းမ် ကော်ဖီကြမ်းနဲ့ ဆေးပေါ့လိပ်နဲ့ တညလုံး ဂိမ်းကစား ည ၃ နာရီ လောက်မှ အိပ်တာများတယ်
ညအိပ်နောက်ကျတော့ မနက် ဘယ်လိုထ လမ်းလျှောက်လဲ ခင်ဗျားတို့ မေးချင်မေးလိမ့်မယ် နေ့လယ်ကျမှ ကြုံရင်ကြုံသလို အိပ်တာ
အလုပ်အကိုင် ရာထူးကတော့ ၁၀၉၊ ၁၁၀ ဘဝဆိုးလှတယ် အကျင့်ကတော့ လိပ်လိုမျိုး ငါ့ကို လူကြီးမိဘတေ စိတ်ကိုဆိုးး
ဘာတေလျှောက်ရေးမိနေပါလိမ့် ရေးရင်းနဲ့ စိုင်းစိုင်းခမ်းလှိုင် ဆီ ရောက်သွားတယ်
အိုးလေးလှုပ်ပါဟေ့ အိုးလေးလှုပ်ပါဟေ့
ပြောချင်တာက စိန်နဂါး ခြင်ဆေးခွေ ခြင်ပြေးကြောင်းပါ ဒါပေမယ့် လူနဲ့ ခပ်ဝေးဝေး ၅ ပေလောက် ခွာထား ရောဂါရလိမ့်မယ်
ခြင်ဆေးခွေနဲ့ စာတပုဒ်ရပြီ
တာ့တာ
Leave စိန်နဂါး ကြိုက်တဲ့ ကျနော် to:
Read more #mosquito posts
Best Posts From phyowinkoko7
We have not curated any of phyowinkoko7's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.