ဆေးဖြတ်ပြီဗျာ (ကတ်ကြေးနဲ့)
AI generated photo
ဆေးလိပ်တောင် ကောင်းကောင်း မသောက်ရဘူး waitress ကောင်မလေးက ဆေးလိပ်ကို ကတ်ကြေးနဲ့ လာဖြတ်သွားတယ်
အေး နင်တို့ဆိုင် ဘယ်တော့မှ လာမထိုင်တော့ဘူး။
အရင် ပို့စ်တစ်ခုတုန်းက ဆေးလိပ်အငွေ့က တခြားအငွေ့တွေလောက် မဆိုးဘူးလို့ ရေးခဲ့တာ ဆေးလိပ်ကို အမွှန်းတင်သလိုများ ဖြစ်သွားလား မသိဘူး
ဒီတစ်ခါ အဲဒီ ပို့စ်ရဲ့ အဆက်ကို ထပ်ရေးဖို့ ဖန်လာပါတယ် မသောက်တတ်သူတွေ အစမလုပ်မိအောင်ပါ
ဆေးလိပ်ငွေ့က အမြဲတမ်း ရှူနေရင် တခြားအငွေ့ တစ်ခုခုကို အမြဲတမ်း ရှူတာလောက် မဆိုးဘူးဆိုပေမယ့်
တခြားအငွေ့က မစွဲလမ်းပါဘူး ဒီတော့ တခြားအငွေ့ ဥပမာ ပလပ်စတစ် ညှော်ငွေ့ ခြင်ဆေးငွေ့ ဆီကြော်ငွေ့တွေက အမြဲတမ်း ရှူစရာ အကြောင်းလည်း မရှိပါဘူး
ဆေးလိပ်ကို ပုံမှန်သောက်သူက အမောမခံနိုင်ပါဘူး
ကျနော်ဆို လေးထပ်တိုက်ပေါ်တက်တာ ၅မိနစ်ကနေ ၁၀ မိနစ်ကြာအောင် တက်ရတယ် မြန်မြန်တက်ရင် အပေါ်ကျ တော်တော်နဲ့ အမောမပြေလို့
အသက် ၇၀ ကျော်တဲ့ အမေနဲ့ အဖေက လေးထပ်တိုက်ကို တက်တာ ၁မိနစ်မကြာဘူး
ဒါက ဆိုးကျိုးပါ လမ်းလျှောက်ရင်လည်း အသက် ၇၀ ကျော် အဖေကို မှီအောင်မလိုက်နိုင်ဘူး ပြေးဖို့ဆိုတာ ဒီဘဝ မစဉ်းစားနဲ့ ၃မိနစ်ကြာအောင် မပြေးနိုင်ဘူး
ပြီးတော့ အသားအရည် ညိုမဲပြီး ပြာနှမ်းတယ်
ဒါတောင်ကျနော်က နေ့တိုင်း လမ်းကို ၁နာရီကြာ လျှောက်ပြီး ရေလည်းများများ သောက်လို့ အသားအရေ အဲလောက်မဆိုးတာ
မဖြတ်နိုင်လို့သာ သောက်နေတာ မကောင်းပါဘူး
ဖြတ်ပြီဗျာ အခုလော
လောဆယ်တော့ ကတ်ကြေးနဲ့
Leave ဆေးဖြတ်ပြီဗျာ (ကတ်ကြေးနဲ့) to:
Read more #phyowinkoko posts
Best Posts From phyowinkoko7
We have not curated any of phyowinkoko7's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.