phyowinkoko7 avatar

Off အပြောကြမ်းတဲ့ ကိုကို

phyowinkoko7

Published: 19 Oct 2025 › Updated: 19 Oct 2025Off အပြောကြမ်းတဲ့ ကိုကို

Off အပြောကြမ်းတဲ့ ကိုကို

ညီညီက အပြင်သွားမလို့ ပြင်နေတယ်

ဒါကို ကိုကိုက မြင်သွားပြီး

Nyi Nyi, where are you off to? ညီညီ ဘယ်သွားမလို့လဲလို့ မေးလိုက်တယ်

ညီညီက ကိုကို စကားကို အတန် စဉ်းစားပြီး ဒါ Where are you going? ငါ့ကို ဘယ်သွားမလို့လဲ မေးတာနေမယ်

I am off to the store. Do you need anything?

ကုန်တိုက် သွားမလို့ ၊ ဘာလိုသေးလဲ ၊ ဘာဝယ်ခဲ့ရမလဲ မေးလိုက်တယ်

ဒီတော့ ကိုကိုက တနေ့က ဝယ်လာတဲ့ နွားနို့တွေက ချဉ်နေပြီဆိုတော့

Yeah, the milk is off. Can you get some?

အင်း နွားနို့တွေက ချဉ်နေပြီ၊ တစ်ပုလင်းလောက် ဝယ်ခဲ့ပါလား

ညီညီက The milk is off. ဆိုတာ The milk is not fresh. ချဉ်နေတာကို ပြောတာနေမယ်လို့ တွေးလိုက်တယ်

Sure. ရပါတယ်လို့ ညီညီက ပြန်ဖြေတယ်

ဒီအချိန် ကိုကိုဖုန်းကို မက်ဆေ့ ဝင်လာတယ် ကိုကိုက ဖတ်ကြည့်ပြီး

It is Aung Aung. His wedding is off. အောင်အောင်ဆီက မက်ဆေ့လာတာ၊ သူ မင်ဂလာပွဲ ပျက်သွားတယ်တဲ့

ညီညီက အတန် စဉ်းစားပြီး Wedding is cancelled လို့ ပြောတာနေမယ်လို့ တွေးလိုက်တယ်

Poor thing. ဝမ်းနည်းစရာပဲလို့ ဖြေလိုက်တယ်

ကိုကိုက ဆက်ပြီး It is his girlfriend. I always knew she was a little off.

သူ့ ကောင်မလေးက ဖျက်လိုက်တာတဲ့၊ ငါထင်သားပဲ အဲ့ကောင်မလေး ပုံစံက တမျိုးပဲ

ညီညီက She was a little off. ဆိုတာ She was a little strange and crazy. လို့ ပြောတာနေမယ်လို့ တွေးလိုက်တယ်

We should go to see Aung Aung tomorrow.

ငါတို့ မနက်ဖြန် အောင်အောင်ကို သွားကြည့်ရအောင် လို့ ဖြေလိုက်တယ်

ကိုကိုက အနည်းငယ် စဉ်းစားပြီး

Okay, I am off tomorrow. ကောင်းပြီလေ မနက်ဖြန် ငါ အလုပ်အားတယ်လို့ ဖြေလိုက်တယ်

ညီညီက ကိုကိုက I am not working tomorrow. လို့ ပြောတယ်ဆိုတာ သိလိုက်ပါတယ်

ဒီတော့ Deal, Let’s go to see Aung Aung tomorrow.

ဆုံးဖြတ်ချက် ရပြီ၊ မနက်ဖြန် အောင်အောင်ဆီ သွားကြမယ်လို့ ပြန်ပြောလိုက်တယ်

I am off to Pathein tomorrow.

ငါ မနက်ဖြန် ပုသိမ်သွားမယ်

The oranges are a little off. I think it is not safe to eat.

လိမ္မော်သီးတွေက နည်းနည်း ပုပ်နေတယ်၊ စားဖို့ ဘေးမကင်းဘူး ထင်တယ်

Myanmar Pyi Thein Tan’s fashion is a little off. မြန်မာပြည် သိန်းတန်ရဲ့ ဖက်ရှင်က အနည်းငယ် ထူးဆန်းနေတယ်

I am off today. Let’s go see a movie.

ဒီနေ့ ငါအလုပ်အားတယ်၊ ရုပ်ရှင် သွားကြည့်ရအောင်

Leave Off အပြောကြမ်းတဲ့ ကိုကို to:

Written by

Read more #phyowinkoko posts


Best Posts From phyowinkoko7

We have not curated any of phyowinkoko7's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From phyowinkoko7