nandasai avatar

ဘဝတစ်​ဆစ်​ချိုး အပိုင်း(၁၇)

nandasai

Published: 24 Jun 2018 › Updated: 24 Jun 2018ဘဝတစ်​ဆစ်​ချိုး အပိုင်း(၁၇)

ဘဝတစ်​ဆစ်​ချိုး အပိုင်း(၁၇)

"ဦး​လေး ကျွန်​​တော်​ဦး​လေးနဲ့ တိုင်​ပင်​စရာတစ်​ခုရှိတယ်​ နွယ်​နဲ့ပတ်​သတ်​ပြီး​တော့​ပေါ့"

"ဦး​လေးလည်း ငါ့တူ​လေးကို ​ပြောပြစရာတစ်​ခုရှိတယ်​ နွယ်​နဲ့ပတ်​သတ်​ပြီး​တော့​ပေါ့ ဒါ​ပေမဲ့ အ​ကောင်းဘက်​က ​မျှော်​လင့်​မထားပါနဲ့"ဦး​လေးသက္က၏စကားများ​ကြောင့်​ ​​နေ​သော်​ သိလို​သောစိတ်​များ ပြင်းပြသွားခဲ့သည်​။

"တိုက်​ဆိုင်​လိုက်​တာ ငါ့တူရယ်​ ငါ့တူက ဘာအ​ကြောင်း​ပြောပြမလို့တုန်း ဒါ​ပေမဲ့လို့ ဦး​လေး​လောက်​ အံသြစရာ​ကောင်းမယ်​မထင်​ဘူး"

"​နေပါဦး ဦးသက္ကရဲ့ ဦး​လေးက ဘာ​တွေများအ​ရေးကြီး​ပြောစရာရှိ​နေလဲ ဆိုပြပါဦး"ထိုအခါ ဦးသက္ကမှဆက်​ပြီး

"ဒါ​ပေမဲ့ ဦး​လေးသက္ကကိုကတိတစ်​ခု​တော့​ပေးကွာ အခု ငါ့တူကို ဦးသက္က​ပြောပြပြီးရင်​ နွယ်​ဝင်​စား​နေတဲ့ သူဇာ့ကို မမုန်းလိုက်​ပါနဲ့ အဲ့တစ်​ခု​တော့ ကတိ​ပေး"

"ဗျာ"

ဦးသက္ကစကား​ကြောင့်​ ​နေ​သော်​ မျက်​လုံးပြူး၍ အံ့သြသွားသည်​။ဆိုလိုရင်းအဓိပ္ပါယ်​ကိုနားမလည်​နိုင်​ဖြစ်​​နေသည်​။ဦးသက္ကမှဆက်​ပြီး

"တူ​မောင်​​လေး ကတိ​ပေးမယ်​မဟုတ်​လား"

နေ​သော်​တစ်​ချက်​​တွေ​ဝေသွားသည်​။ထို့​နောက်​ ဦးသက္က မျက်​နှာ ​စေ့​စေ့ကြည့်​ကာ

"ဟုတ်​ကဲ့ ကျွန်​​တော်​ကတိ​ပေးပါတယ်​ ဘယ်​​တော့မှ သူ့ကိုမမုန်းပါဘူး"​နေ​သော်​စကား​ကြောင့်​ဦးသက္က ​ကျေနပ်​ဟန်​ရှိသွားသည်​။ဆက်​​ပြောမည်​အပြု

"ကို​ရေ. ​ရေခပ်​လာပါပြီ ​သောက်​လို့ရပြီ​နော်​" အိမ်​ထဲမှ ပျာပျာသလဲ ထွက်​လာ​သော သူဇာ​ကြောင့်​ ဦးသက္က​ပြောလက်​စစကားများ ရပ်​လိုက်​ရသည်​။

"ကို နွယ်​ အရီးမြနဲ့ ​ဈေးလိုက်​သွားမယ်​ အကိုကြိုက်​တတ်​တဲ့ ငရံ့အူဟင်းချက်​​ပေးမယ်​ ​နော်​" ​​နေ​သော်​မအံ့သြ​တော့ပါ။မိမိကြိုက်​တတ်​​သောအရာများအား သူဇာ​သိ​နေခြင်း​ပေါ့။

"နွယ်​ လိုက်​သွားမယ်​​နော်​"

"အင်းပါ လိုက်​သွား"​နေေ​​သာ်​ခွင့်​ပြုချက်​ရသည်​ဆိုပဲ အရီးမြနှင့်​ ​ဈေးသို့ ထွက်​သွား​တော့သည်​။

မိမိလည်း သူဇာ​လေးအား မြင်​ကွင်းဆုံးသည်​အထိ ကြည့်​လိုက်​ပြီး မြင်​ကွင်းမှ​ပျောက်​ကွယ်​ခါမှ ဦးသက္ကဘက်​ ပြန်​လှည့်​ကြည့်​မိလိုက်​သည်​။

"သူဇာ​လေးကို တူ​လေး သံ​ယောဇဉ်​ရှိ​နေပြီလား" ဦးသက္က​မေးခွန်း စကား​ကြောင့်​ ​နေ​သော်​မှင်​သက်​သွားသည်​။s-l400.jpgcredit imagehttps://www.ebay.com/itm/Handsome-Boy-Quiff-Full-Wig-Korean-Short-Black-Mens-Male-Hair-Cosplay-Wig-/162866171814

"သံ​ယောဇဉ်​ရှိတာ​တော့အမှန်​ပါ ဒါ​ပေမဲ့ ၅၂၈​မေတ္တာနဲ့လား ကွဲပြားတဲ့ ၁၅၀၀​မေတ္တာ​တွေနဲ့လားဆိုတာ​တော့ ကိုယ့်​ကိုယ်​ကို မသိနိုင်​​သေးဘူးဗျာ"​နေ​သော့်​စကား​ကြောင့်​ ဦးသက္ကတစ်​ချက်​ပြုံးလိုက်​သည်​။

"ဒီ​လောက်​ဆိုရင်​ လုံ​လောက်​ပြီ ​စောနကငါ့တူ​လေးသိချင်​​နေတဲ့အ​ကြောင်း ​ပြောပြမယ်​ ​သေ​သေချာချာနား​ထောင်​"

"ဟုတ်​ကဲ့ ဆက်​​ပြောပါ"

"အခုသူဇာ​လေးမှာ မိဘမစုံကြ​တော့ဘူးဆိုတာတူ​လေးသိတယ်​​နော်​ သူ့မိခင်​က ​သေသွားပြီး သူ့အ​ဖေက​ထောင်​ထဲ​ရောက်​​နေတာဆို​ရော​ပေါ့"

"သိပါတယ်​ ဦး​လေးဦးသက္က အန်​တီချို​လေး​ပြောပြလို့သိသင့်​သ​လောက်​သိထားပါပြီ"

"​အေး ဒါ့ထက်​ ငါ့တူ​လေးမသိ​သေးတာတစ်​ခုရှိ​နေတယ်​ သူဇာ့ အ​ဖေ ဘာအတွက်​နဲ့​ထောင်​ကျခဲ့သလဲသိလား"ဦးသက္က၏စကား​ကြောင့်​ ​နေ​သော်​ အရမ်းစိတ်​ဝင်​စားဟန်​ဖြင့်​ အာရုံစူးစိုက်​နား​ထောင်​လိုက်​သည်​။ပြီး​တော့

"ဆက်​​ပြောပါဦး ဦးသက္က ဘာ​ကြောင့်​လဲလို့"

"ငါ့တူ​လေး သိရင်​ အရမ်းအံ့သြ​နေမှာ သူဇာ့အ​ဖေ​ထောင်​ကျတာ ဘာအတွက်​လည်းဆို​တော့ ကားတိုက်​မှု​ကြောင့်​ ​ထောင်​ကျတာပဲ"

"ဗျာ ကားတိုက်​မှု​တစ်​ခု ဟုတ်​လား"အံ့သြမှုများနှင့်​ ​နေ​သော်​ထိုင်​​နေရာမှထလိုက်​သည်​။

"ဟုတ်​တယ်​ ငါ့တူ​လေးမသိ​သေးတဲ့အရာဟာ အဲ့တာပဲ ပြီး​တော့.."ပြီး​တော့ဆိုပြီး စကားကိုဆက်​မ​ပြော​သေးဘဲ ​နေ​သော်​မျက်​နှာအား ဦးသက္ကလှမ်းကြည့်​လိုက်​သည်​။နေ​သော်​မှာ အလွန်​စိတ်​ဝင်​စား​နေ​သော အ​ခြေအ​နေသို့​ရောက်​​နေ​ပေသည်​။

"ပြီး​တော့ အဲ့ယာဉ်​တိုက်​မှုမှာ ​မိန်းက​လေးနှစ်​​ယောက်​​သေဆုံးသွားတယ်​"

"အဲ့ဒီမိန်းက​လေးကဘယ်​သူလဲ ဦးသက္က"​နေ​သော်​မှာ ​သွေးမရှိ​သော မျက်​နှာတစ်​ခုဖြင့်​ ဦးသက္ကအ​ဖြေကို စိုက်​နား​ထောင်​​နေ​တော့သည်​။

"အဲ့ဒီမိန်းက​လေးက နွယ်​နဲ့ နဒီပဲ ငါ့တူ"ဦးသက္က၏အ​ဖြေ​ကြောင့်​ ​နေ​သော်​ဒူး​ခေါင်းများ ညွတ်​ကျသွားသည်​။တစ်​ကမ္ဘာလုံး မိုးစုန်းးစုန်းချူပ်​သွားသည်​ထင်​ရသည်​။

"ဟုတ်​တယ်​ ငါ့တူ ဦးသက္ကလည်း လွန်​ခဲ့တဲ့တစ်​ပတ်​​လောက်​ကပဲသိခဲ့တာ သိသိချင်း ဦး​လေး ဖုန်းဆက်​မလို့ပါပဲ ဒါ​ပေမဲ့ အခုလိုကိစ္စက​သေ​သေချာချာ​ပြောမှ ဖြစ်​မှာမို့ပါ"

"ကံကြမ္မာ ကဆန်းကျယ်​လိုက်​တာ ဦး​လေးရယ်​ ကျွန်​​တော်​နဲ့ လက်​ထပ်​​တော့မဲ့ မိန်းက​လေးကို ကားနဲ့တိုက်​သတ်​သွားတာ သူဇာအ​ဖေတဲ့လား ကျွန်​​တော်​က သနားပြီး ပြုစု​စောင့်​​ရှောက်​​ပေးခဲ့တဲ့မိန်းက​လေးက ကျွန်​​တော့်​ချစ်​သူကိုသတ်​ခဲ့တဲ့ လူရဲ့သမီး​ပေါ့"​နေ​သော်​​ပြောရင်း မျက်​ရည်​များစီးကျလာသည်​။ဘယ်​သို့ဘယ်​ပုံ​ကြောင့်​ကျလာ​သောမျက်​ရည်​များမသိ။

"ငါ့တူ​လေး သူဇာကိုမမုန်းပါနဲ့ကွယ်​ တကယ်​ဆိုသူ့မှာ ဘာအပြစ်​များမှမရှိပါဘူး ဖြစ်​ခဲ့တာ​တွေလည်းဖြစ်​ပြီးပြီ​လေ"​သြော်​ နွယ်​ရယ်​ တမင်​များ သူဇာနဲ့နီး​အောင်​ဖန်​တီး​နေတာလား။ကို ဘယ်​လိုလုပ်​ရမလဲ။စိတ်​ထဲ မွန်းကျပ်​မှုများနှင့်​ ဆို့နစ်​လာသည်​။ကံတရားကိုပဲ ပုံချရမလား​လေ။4441255-beautiful-girl-wallpapers.jpgcredit imagehttp://7-themes.com/collections/hdq-beautiful-girl-wallpapers
ဇာတ်​သိ​မ်းပိုင်း​မျှော်
Author by nandasai@nandasai(MSC.076)

Leave ဘဝတစ်​ဆစ်​ချိုး အပိုင်း(၁၇) to:

Written by

steem is my life and future

Read more #myanmar posts


Best Posts From nandasai

We have not curated any of nandasai's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.

More Posts From nandasai