ဘဝတစ်ဆစ်ချိုး အပိုင်း(၁၂)
ဘဝတစ်ဆစ်ချိုးအပိုင်း(၁)
ဘဝတစ်ဆစ်ချိုးအပိုင်း(၂)
ဘဝတစ်ဆစ်ချိုးအပိုင်း(၃)
ဘဝတစ်ဆစ်ချိုးအပိုင်း(၄)
ဘဝတစ်ဆစ်ချိုးအပိုင်း(၅)
ဘဝတစ်ဆစ်ချိုးအပိုင်း(၆)
ဘဝတစ်ဆစ်ချိုးအပိုင်း(၇)
ဘဝတစ်ဆစ်ချိုးအပိုင်း(၈)
ဘဝတစ်ဆစ်ချိုး အပိုင်း(၉)
ဘဝတစ်ဆစ်ချိုး အပိုင်း(၁၀)
ဘဝတစ်ဆစ်ချိုး အပိုင်း(၁၁)
-----ယခင်အပိုင်း(၁၁)မှအဆက်-----
ယနေ့အဖို့ ယခင်နေ့နှင့်မတူ တမူထူးခြားနေသည်ဟု နေသော်ခံစားမိသည်။မနေ့ကဆိုလျှင် ဆေးရုံကြီးတွင် လူနာများ၊လူနာစောင့်များဖြင့်ရှုပ်ယှက်ခတ်လို့နေသည်။ယခု ထိုသို့မဟုတ် ရှင်းလင်းလျှက်။
ကော်ရစ်တာဘက် ရောက်လိုဇောတို့ဖြင့် လျှောက်လာခဲ့သော်လည်း စိတ်ထဲတွင်နှေးနေသည်ဟုထင်နေမိသည်။အခန်းရှေ့ရောက်၍ ဝင်မည်အပြု စိတ်ထဲလေးခနဲဖြစ်သွားသည်။
"ဘာဖြစ်တာလဲကွ ဝင်မှာဖြင့်မဝင်ဘူး အပေါက်ဝမှာ လာရပ်နေတယ်"မိုးထက်ပြောလည်းပြောစရာဖြစ်နေသည်။နေသော်မှာ အခန်းရှေ့ရောက်မှ အခန်းသို့ချက်ချင်းမဝင်ဘဲ ရပ်နေမိသည်။
"ငါ ငါ့စိတ်ထဲ ဘယ်လိုဖြစ်သွားလည်းမသိဘူးကွ လေးခနဲဖြစ်သွားတယ် အဲ့ဒါကြောင့် ငါခဏရပ်လိုက်တာ"
"သြော် မင်းဟာကလည်း စိတ်လေးနေတာနဲ့ ပေါ့နေတာနဲ့ပဲ လူနာနားမရောက်တော့ဘူး လာ လာ အထဲ ထဲဝင်မယ်ကွာ တော်ကြာတစ်မျိုးထင်နေကြဦးမယ်"နောက်ကရဲထက်မှ စိတ်မရှည်တော့ဟန်ဖြင့်ဝင်ပြောလိုက်ပြီး အခန်းထဲဝင်သွားတော်သည်။သူငယ်ချင်းသုံးယောက်သားဝင်သွားတော့မှ နေသော် နောက်မှနေ၍ လိုက်ဝင်သွားတော့သည်။
"သြော် ငါ့မောင်တို့တောင်ရောက်လာပြီကိုး လာကြလာကြ ထိုင်ထိုင်ထိုင်"
"ဟုတ်ကဲ့ ခင်ဗျ နေသော်လာလေကွာ"နောက်မှာရစ်သီရစ်သီနှင့်လာနေသော နေသော်အား ရဲထက်ခေါ်လိုက်သည်။နေသော်လည်းလွတ်နေသော ခုံတစ်ခုတွင် သင့်တင့်သလိုထိုင်လိုက်သည်။ထို့နောက် လူနာရှင် ကောင်မလေးဆီအကြည့်ရောက်သွားလိုက်သည်။ထိုစဉ်ကုတင်ထက်တွင်မှေးနေသော သူဇာမှာ အသံများကြား၍ မျက်လုံးဖွင့်အား ဘေးနားသို့ ဝေ့ဝိုက်ကြည်လာတော့သည်။ရုတ်တရက်ဆိုသလိုမထင်မှတ်ဘဲ နေသော်နှင့် အကြည့်ချင်းဆုံမိသွားသည်။ထိုအခါမှာတော့ နေသော်တစ်ယောက် အံ့အားသင့်စရာကောင်းသော အဖြစ်အပျက်နှင့်ကြုံတွေ့ရပါတော့သည်။
"ကို"
သူဇာထံထွက်ပေါ်လာသောစကားတစ်ခွန်း။အားလုံးက အံ့အားသင့်စွာ နေသော်ထံ အကြည့်ရောက်သွားကြသည်။နေသော်မှာလည်း မိမိနောက်သို့ ပြန်လှည့်ကြည့်မိသည်။
သို့သော်မည်သူမှရှိမနေခဲ့ပါ။သူဇာ အဒေါ်ဖြစ်သူ ဒေါ်ချိုလေးမှာလည်း ပါးစပ်အဟောင်းသားဖြင့် အံသြနေတော့သည်။ထိုအခိုက်အတန့်
"တူမလေး တူမလေး နိုးလာပြီလားဟင် အန်တီလေကွယ် တူမလေးအန်တီ အန်တီချိုလေး လေ မှတ်မိလား" ဒေါ်ချို လေးတစ်ယောက် စိုးရိမ်စိတ်များဖြင့် သူဇာအား ဇွတ်မေးနေလေသည်။သို့သော်သူဇာထံ မှ ကျေနပ်စရာ အဖြေတစ်ခု ဒေါ်ချို လေးမရခဲ့ပါ။သူဇာမှာ ဒေါ်ချို လေးအား ခပ်စိမ်းစိမ်းကြည့်ကာ
"ကျွန်မ ရှင့်ကိုမသိဘူးရှင့် ဘယ်ကအန်တီလည်း ကျွန်မမသိဘူး ကိုရေ ကျွန်မဆီလာပါဦး"သူဇာတစ်ယောက် သူစိမ်းဆန်ဆန် ဒေါ်ချို လေးအား အနားကပ်မခံတော့ပေ။နေသော် ဘာလုပ်၍ ဘာကိုင်ရမှန်းမသိတော့။သူ့အား "ကို" ဟုခေါ်ဆိုသော သူမှာ ဒီကမ္ဘာတွင်တစ်ဦးသာရှိသည်။ထိုသူမှာ နွယ်တစ်ယောက်ပင်။
"နွယ်" နေသော့် နှုတ်ခမ်းဖျားမှ တိုးတိုးလေး ထွက်လာသောအသံ။တကယ်ပဲ နွယ်ပြန်လာလေသလား နေသော်ဆုံးဖြတ်နိုင်စွမ်းမရှိတော့ပါ။
"ကိုရေ နွယ်လေ ကို ကို့ရဲ့နွယ်လေ မမှတိမိတော့ဘူးလားဟင် နွယ်ကိုတစ်ခုခုပြန်ပြောပါဦး"ဒီတစ်ခါမှတော့ နေသော်တစ်ယောက်တည်း မဟုတ်တော့ဘဲ သူငယ်ချင်းများပါ ပြူးပြဲလန့်ကုန်ကြတော့သည်။အကြောက်ကြီးသော ရဲထက်ဆိုလျှင် နောက်သို့ ပြေးဆုတ်သွားမိသည့်အထိပင်။
ထိုအခါမှာတော့ နေသော် ထိုင်နေရာမှ မတ်တပ်ထရပ်လိုက်ပြီး အံကိုတင်းတင်းကြိတ်ကာဘယ်အချိန်ကမှမသိ တွဲခိုကျလာသော မျက်ရည်စများကိုပွတ်သပ်လိုက်ရင်း
"ကို မမေ့ဘူးနွယ် ဘယ်တော့မှ ကို မမေ့ခဲ့ဘူး"
ထိုစကားသံကိုကြားလျှင်ပဲ သူဇာမှာကလေးလေးတစ်ယောက်လိုမအောင့်အီးနိုင်တော့ဘဲ နေသော်လက်အား လှမ်းဆုပ်ကိုင်လိုက်တော့သည်။
"နွယ့်ကို ထားပြီး မသွားရဘူးနော် ဒီမှာ နွယ်တစ်ယောက်တည်းမနေချင်ဘူးနော် နော်လို့ကို"
"အင်းပါ နွယ့်ကို ကိုယ်မထားခဲ့ပါဘူး ကတိပေးပါတယ်ကွာ"မျက်ရည်တစ်ဖက် နှင့် နေသော်တစ်ယောက် အခက်တွေ့နေသည်တော့အမှန်။ထိုအခိုက်အတန့် သူငယ်ချင်းထဲမှ မိုးထက်က
"မင်းက နွယ်ဟုတ်လား ငါတို့ယုံအောင်လည်းလုပ်ပါ ငါ့သူငယ်ချင်းကို စိတ်ဆင်းရဲအောင်မစပြန်မဖော်ပါနဲ့ မှန်မှန်ပြောစမ်း"မိုးထက်ပြောလိုက်သော စကားကြောင့် သူဇာအကြည့်က ^မိုးထက်ထံပြောင်းလာခဲ့သည်။ံ
နင့်ရုပ်ခွေးချီသွားရင်တောင် မှတ်မိနိုင်သေးတယ် နင့်နာမည်မိုးထက် ဟိုဟာ ရဲထက် ဟိုတစ်ယောက်ရဲယံ ဟုတ်ရဲ့လား"သူဇာစကားဆုံးသွားတော့ သူငယ်ချင်း သုံးယောက်သား ပါးစပ်အဟောင်းသားနှင့်ပင်။
ဆက်လက်ရေးသားပါဦးမည်။
Author by @nandasai(MSC.076)
Leave ဘဝတစ်ဆစ်ချိုး အပိုင်း(၁၂) to:
Read more #myanmar posts
Best Posts From nandasai
We have not curated any of nandasai's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.