ဘဝ၏ အပိုင်းအစ
ယခုတစ်ပတ်တော့ ကျွန်တော့်ဝတ္ထုရှည်အခန်းဆက်ကိုခေတ္တနားပြီးလတ်တလောတွေ့ကြုံလုပ်ကိုင်နေရတဲ့အကြောင်းအရာလေးကိုရေးသားဖော်ပြလိုပါသည်။စာဖတ်သူတို့မအားလပ်သည့်အချိန်လေးများထဲမှအနည်းငယ်အားလပ်သည့်အချိန်လေးများဖြင့်ဖတ်ရှုပေးကြပါခင်ဗျာ။သို့အတွက်လည်း ကျေးဇူးအထူးတင်ရှိပါသည်။
ဟိုတောင်တခွင်ညို့မှိုင်းမှိုင်းဖြင့် မိုးတိမ်များမှာ ကောင်းကင်တစ်ခွင်ဖုံးလွှမ်းလို့နေပါပြီ။ရာသီစက်ဝန်းသည် အလှည့်ကျမိုးရာသီသို့ စီးနင်းဝင်ရောက်လို့လာပါသည်။မိုးရာသီသို့ရောက်လာသည့်အညီ တောင်သူလယ်သမားတို့၏ လုပ်ငန်းဆောင်တာများလည်း အစပျိုး လုပ်ကိုင်ကြသည့်အချိန်လည်း ဖြစ်ကြသည်ပေါ့။လယ်ယာသမားများအတွက် မိုးရာသီသည် အလွန်အရေးပါအရာရောက်သော ရာသီဖြစ်သည်ဟုဆိုလျှင်မှားမည်မထင်ပါ။မိုးဦးပိုင်း မိုးဦးကောင်းနေသောအချိန်အတွင်း စပါးစိုက်ပျိုးကြရန်အတွက် ပျိုးခင်းများ ထောင်ကြရသည်။အချိန်နှင့်ဒီရေသည် လူကိုမစောင့်ဆိုသလို အချိန်ရှိခိုက် လုံ့လ ဝီရိယဖြင့် လုပ်ဆောင်ရမည်မဟုတ်လား။မိမိအနေဖြင့်မိုးလေးကအေး လေလေးကအေးနေသဖြင့် မိမိဖုန်းအားကိုသွင်း 8ballဆော့ပြီး $များယူမည်ပေါ့။သို့သော်လည်း ကံများကမကောင်း။မိမိဆော့၍နိုင်ခါနီးအချိန်ဆိုရင်ဖြင့် connection ကျ၍ ရှုံးသွားပြန်သည်။တဖန် connection ကောင်းပြန်က မိမိအလှည့်ပင်မရောက်ရှုံးပြန်သည်။တစ်ခါတစ်ခါ စိတ်များမရှည်နိုင်တော့ပါ။မိမိထိုးလှည့်ရောက်၍ ထိုးစရာမရှိက အမဲ(8)လုံးကိုထိုးထိုးချ၍အရှုံးပေးလိုက်သည်။(မှတ်ကရော)ဒါကတော့ အချိန်အနည်းငယ်ရတဲ့အခိုက် လုပ်သည့်အလုပ်ပေါ့။တကယ့် မိမိဘဝအတွက်အလုပ်က မိုးရာသီစလာလျှင် အလုပ်များလည်း အစပျိုးရသည်ပေါ့။မိမိအလုပ်က လယ်အလုပ်သည်လည်းမဟုတ်ပါ။မိရိုးဖလာအလုပ်ကတော့ ယာ ကိုင်းစသည်ပေါ့။လယ်အလုပ်တော့မဟုတ်ချေ။မိမိသည်ကတော့ ထိုအလုပ်များက မလုပ်ကိုင်ရသော်လည်း အနည်းငယ်တော့ သိရှိနားလည်ထားသည်။ယာ၊ကိုင်းအလုပ်ကိုဝင်မလုပ်ဘဲ မိုးရာသီတွင်တော့ အရောင်းအဝယ်အလုပ်ကိုလုပ်ကိုင်သည်။တစ်နိုင်တစ်ပိုင်လေးဆိုပါတော့။ဘာကိုအရောင်းအဝယ်လုပ်သလဲ မေးရင်တော့ ကုန်စိမ်းအရောင်းအဝယ်ပေါ့။မိုးရာသီတွင် မိမိဇာတိရွှာမှထွက် ကုန်စိမ်းသီးနှံတစ်မျိုးဖြစ်သည့် ပြောင်း သီးနှံကို ဝယ်ယူရောင်းချကြသည်။မိမိမြို့ဇာတိနှင့် မန္တလေး ကူမဲ ကျောက်ဆည်ထိပါ အရောင်းအဝယ်ပြုလုပ်လေ့ရှိသည်။
ယခုအချိန်တွင်တော့ မိမိဇာတိမြို့ရွှာများတွင် ကုန်များရှာရသည်။ကုန်ရှာရသည်ဆိုကတည်းက အိမ်တွင်မကပ်ရတော့ပါ။ဆိုင်ကယ်ဖြင့် တနေကုန်၊တနေခန်း လျှောက်ပတ်ဝယ်နေရသည်။ကုန်ကလည်း အဝယ်များသည်က ရှာရ အလွန်ခက်သည်။တချို့တောင်သူများအား ဝယ်ရခြမ်းရလွယ်ကူသလောက် တချို့တောင်သူများမှာ ဝယ်ရခြမ်းရအလွန် ခက်ခဲလွန်းသည်။ထိုတောင်သူများမှာ အမြင်ကျဉ်းသော တောင်သူများဖြစ်ကြမည်ထင်ပါသည်။အဘယ်ကြောင့်ဆိုသော် ၎င်းတို့အနေဖြင့် ၎င်းတို့ကုန်နှင့် ထိုကုန်၏တန်ဖိုးကို ကြိုတင်ခန့်မှန်းထားခြင်းမရှိဘဲ အဆမတန်တောင်းနေခြင်းကြောင့်ဖြစ်သည်။ထိုသို့တောင်းခြင်းကြောင်းအဝယ်သမားများက ဈေးညှ်ို့နှိုင်းရန်မဖြစ်နိုင်တော့ဟုဆုံးဖြတ်ကာ လှည့်ပြန်ကြတာချည်းဖြစ်သည်။ဥပမာဆိုကြပါစို့ တောင်သူအနေဖြင့် မိမိ၏ကုန်တန်ဖိုးကို(၂၀)သိန်းလိုချင်သည်ဆိုပါတော့။၎င်းအနေဖြင့် အဝယ်သမားများလာရောက်ချိန်တွင် ကုန်တန်ဖိုးကို (၄၀)သိန်းလောက်တောင်းထားကြသည်။ထိုအခါတွင်တော့အဝယ်သမားများမှာ မိမိဝယ်လိုသည့်ဈေးပေးရန် အခက်ခဲဖြစ်တော့သည်။မိမိပေးလိုက်သည့်ဈေးအပေါ် တောင်သူများစိတ်ဆိုးမည်စိုးသောကြောင့်ဖြစ်သည်။အမှန်တကယ်ကုန်တန်ဖိုးမှာ သိန်း(၂၀)ဖြစ်သော်လည်း (၄၀)သိန်းတောင်းထားသောကြောင့် ကုန်ဈေးအားခေါက်ချိုးပေးရမည်အခြေအနေတွင် ဈေးဖွင့်ပေးရန်စိတ်မရဲတော့ပေ။တချို့သောတောင်သူများလည်း သေသေချာချာ ရှင်းပြလိုက်မှ သဘောပေါက်နားလည်ကြသည်။လူအမျိုးမျိုး စိတ်အထွေထွေဆိုသည့်အတိုင်း လူတစ်ယောက်၏စိတ်ကို သိနိုင်ရန်မှာလည်း ခက်ခဲလှသည်။ကုန်များအား ချောချောမွေ့မွေ့ဝယ်နိုင်လျှင်တော့ ကံကောင်းလှသည်။ပြောင်းများ ရပြီဆိုလျှင် ဈေးကွက်အတွင်းသို့ ပို့ဆောင်ရန် စီစဉ်ရတော့သည်။ဈေးကွက်အနေဖြင့်တော့ ရန်ကုန် သို့ ပို့ဆောင်သည်ကများသည်။တခြားသော မြို့များဖြစ်သော မန္တလေး၊မိတ္ထီလာ၊မော်လမြိုင် မြို့များတို့လည်းပို့ဆောင်နိုင်သေးသည်။သို့သော် အနည်းအကျဉ်းသာ တင်ဆောင်နိုင်သည်။ပြောင်းများအားတင်ဆောင်ရာတွင်လည်း အခက်အခဲအနည်းငယ်စီရှိကြသည်။မိုးများလျှင် ကားအဝင်အထွက်များအနည်းငယ် အခက်အခဲရှိသည်။ပြောင်းများမှာ ရွှာများသို့သွားရောက်တင်ဆောင်ရသောကြောင့်ဖြစ်သည်။
ပြောင်းများအား လူအားဖြင့် ကွင်းပြင်ကျယ်တစ်နေရာတွင် စုစည်းကာ (၁၀)ဘီး သို့မဟုတ် (၁၂)ဘီးကားများဖြင့် ပွဲရုံများဆီသို့ တင်ဆောင်သွားကြရသည်။မိမိဇာတိဖြစ်သော တောင်ငူမှရန်ကုန်ဆိုလျှင် ညမအိပ်ရဘဲ ရောက်၍ ပြောင်းဖူးမှာ လတ်လတ်ဆတ်ဆတ်နဲ့ စားသုံးသူများ ဝယ်ယူရသည်။ဤသည်မှာ မိုးရာသီတွင် ကျွန်တော် လုပ်ကိုင်ရမည့် လုပ်ငန်း၏ အကြောင်းတစ်ခုပင်ဖြစ်ပါသည်။ဖတ်ရှုပေးကြသော ညီအစ်ကိုမောင်နှမများအားလုံး ကျေးဇူးအထူးပင်တင်ရှိပါသည်။
Author by @nandasai(MSC.076)
Images-My Photo
Leave ဘဝ၏ အပိုင်းအစ to:
Read more #myanmar posts
Best Posts From nandasai
We have not curated any of nandasai's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.