ဘဝတစ်ဆစ် ချိုး(၁၅)
ယခင် အပိုင်းဆက်
ဘဝတစ်ဆစ်ချိုး အပိုင်း(၁၄)မှအဆက်
"တကယ်လို့ ဒီကိစ္စဟာ ညီလေးပြောသလိုမျိုး အမှန်တကယ်ဖြစ်နေတယ်ဆိုရင် ဆရာ့အနေနဲ့ နဂိုမူလအတိုင်းပြန်ဖြစ်စေချင်တယ် ခက်တာက ဆရာ့တို့အနေနဲ့ယခုလိုမျိုးကိစ္စကိုတော့ ဆေးဘက်ဆိုင်ရာနဲ့ ကုသနိုင်စွမ်းမရှိဘူး ဒီတော့ ညီလေးကိုအကြံတစ်ခုပေးချင်တယ်"ဆရာဝန်ကြီးမှာ ပြောလက်စ စကားကိုခေတ္တရပ်လိုက်ပြီး နေသော့်အားတစ်ချက်အကဲခက်လိုက်သည်။နေသော်ကတော့ ခေါင်းငုံ့၍နားထောင်မြဲပင်။ဆရာဝန်ထံဆက်၍
"ညီလေးအနေနဲ့ ယခုလူနာကို ပုံမှန်စိတ်ပြန်ဖြစ်အောင် ကူညီပေးစေချင်တယ် ညီလေးဘက်ကတတ်နိုင်သရွေ့ပေါ့ လူနာရဲ့ခန္ဓာကိုယ်ထဲမှာဝင်ပူးနေတဲ့စိတ်လေးကို နဂိုစိတ်လေးနဲ့ ပြောင်းလဲပေးစေချင်တယ်"
"ဟုတ်ကဲ့ပါ ကျွန်တော့်အတတ်နိုင်ဆုံးကြိုးစားပေးပါ့မယ်"စိတ်ထဲမှ လေးလေးနက်နက်ဖြင့် နေသော် ဝန်ခံဂတိပေးလိုက်မိသည်။
"ရော့ ဒါကဆေးရုံဆင်းလက်မှတ် နောက်ဆုံးအနေနဲ့ ညီလေးကိုတောင်းဆိုချင်တာက လောကမှာ သဘာဝတရားသာ အကောင်းဆုံးနဲ့အဖြစ်သင့်ဆုံးပါကွာ အစ်ကိုပြောတာ ညီလေးနားလည်မယ်လို့ထင်တယ်"ဆရာဝန်မှာ နေသော် ပုခုံးအားပုတ်ရင်း သတိပေးစကားပြောလိုက်သည်။ဆရာဝန်စကား အဆုံးမှာတော့ နေသော် အခန်းထဲမှ ခေါင်းငုံ့ကာထွက်သွားတော့သည်။သူဇာအခန်းသို့မရောက်မီ နေသော်စဉ်းစားခန်းဝင်ရသည်။ရှေ့ဆက်ရမည့် နေ့ရက်များအတွက် နေသော် ရင်လေးမိသည်ကအမှန်။
အခန်းထဲသို့ရောက်သော်
"ကဲ ဆရာဝန်က ဆေးရုံကဆင်းလို့ရပြီတဲ့ ပြန်ကြမယ် ပစ္စည်းတွေသိမ်းကြ"
"အေး အေး တူလေးတို့သိမ်းကူပါဦးကွယ်"ဒေါ်ချိုလေးမှာတော့ ရဲထက် တို့သုံးယောက်သားအား ပစ္စည်း ပစ္စယများသိမ်းကူခိုင်းလေသည်။ပစ္စည်းများသိမ်းဆည်းပြီး နေသော်တို့ အဖွဲ့ ဆေးရုံပေါ်မှဆင်းခဲ့ကြသည်။ထို့နှင့် နေသော်ကားပေါ်ဝယ် သူဇာနှင့် ဒေါ်ချိုလေးတို့ လိုက်ပါခဲ့တော့သည်။ကားပေါ်တွင် နေသော်တစ်ယောက် ကားမောင်းနေခြင်းကိုသာ စိတ်ဝင်စားနေ၍ တိတ်ဆိတ်ငြိမ်သက်နေသယောင်ဖြစ်နေသည်။တိတ်ဆိတ်ငြိမ်သက်ခြင်းသည် မိမိစိတ်ကို ထိန်းချူပ်နေခြင်းလားဆိုတာနေသော် ဝေခွဲ၍မရနိုင်။လမ်းတလျှောက်လုံး တိတ်ဆိတ်ငြိမ်သက်ခြင်းများဖြင့် မောင်းနှင်လာရာမိမိနေထိုင်ရာခြံဝင်းထဲသို့ရောက်လာခဲ့ပြီ။ခြံဝင်းထဲသို့ရောက်လာပြီဆိုပဲ ပထမဦးဆုံး သတိရမိသည်က ဦးသက္ကတို့ လင်မယားနှစ်ယောက်ပင်။ဦးသက္ကတို့ လင်မယားတစ်မျိုးတစ်မည်အထင်နဲ့ ရန်ကုန်ရှိ မိဘများသို့ အကြောင်းကြားပါက မိမိအတွက် အခြေအနေမကောင်းပြီ။ထို့ကြောင့် ကားပေါ်မှဆင်းချင်း ဦးသက္ကတို့ လင်မယားအား အကြောင်းစုံပြောပြထားရတော့သည်။
"လာ လာ အထဲဝင်ကြ "သူဇာမျက်နှာမှာပြုံးလို့ရွင်လို့။
"ကို ဒါကို့အိမ်လားဟင် နွယ်လေ ဒီကိုတစ်ခါမှမရောက်ဖူးဘူး ပြင်ဦးလွင်ဆိုတာ နွယ်အရမ်းနေချင်တဲ့ မြို့ ကိုရဲ့"
"အင်းပါ အခုနေရပြီမဟုတ်လား"သူဇာ၏စကားသံနှင့်အမူအရာများကို ဦးသက္ကတို့လင်မယားနှစ်ယောက် ပါးစပ်အဟောင်းသားဖြင့်ကြည့်နေမိသည်။ထိုအခြေအနေကို နေသော် နားလည်သည်။
"ဦးသက္က ကားပေါ်ကပစ္စည်းတွေ ချပေးပါဦး ပြီးရင်အိမ်ပေါ်ကအခန်းထဲထည့်ပေးနော်"ဦးသက္က ကြောင်နေရာမှ သတိလည်ကာ နေသော် အားခေါင်းငုံ့ပြကာ ကားထဲရှိပစ္စည်း ပစ္စယများအား သယ်ထုတ်နေတော့သည်။
"လာ ထိုင်ကြ ဒါ ကျွန်တော့်အိမ်ပဲ ဒေါ်ချိုလေး လွတ်လွတ်လပ်လပ်နေကြပါ အားမနာပါနဲ့"
"နွယ်ကတော့ အားမနာတတ်ဘူးနော် ကိုသိတယ်မဟုတ်လား ဒါနဲ့ ဒီအိမ်က ကိုနွယ့်ကိုခေါ်လာမယ်ဆိုပြီး မခေါ်လာဖြစ်တဲ့အိမ်လားဟင်"သူဇာ၏စကားတွေကြောင့် နေသော် အံသြခြင်းဖြင့် အတိတ် သို့ပြန်ပြန် ရောက်သွားရသည်။စိတ်ထဲတွင်တော့ နွယ်ကိုယ်တိုင် မျက်ဝါးထင်ထင်ရှိနေသည်ဟုထင်ရလောက်အောင်ပင်ဖြစ်နေခဲ့ရသည်။သြော် အတိတ်ကပြုခဲ့သည့် ကံများ ပါလာခဲ့သည်က ဒီဘဝဒီမျှနှင့်ကျေပါတော့ဟု စိတ်ထဲ ကြိတ်ကာ အကြိမ်ကြိမ်ဆုတောင်းနေခဲ့မိသည်။၁၅၀၀ချစ်ခြင်းမေတ္တာဆိုတာ အတိုင်းအဆမသိ တန်ခိုးကြီးမားနေပါလား။သံယောဇဉ်အမျှင်လေးတွေက တစ်နေ့နှင့်တစ်နေ့ တိုးလာပါက နောက်ဆုံး သံမဏိကြိုးကဲ့ ခိုင်မြဲ
တတ်သည်မဟုတ်လား။
အတွေးစများခေတ္တလွင့်ပျံ့သွားစဉ် အရီးမြမှ အအေးများ လာချခါမှ သတိစိတ်များ ပြန်ဝင်ခဲ့သည်။အန်တီချိုလေးမှာတော့ မိမိအိမ်အား ဟိုကြည့်ဒီကြည့်ဖြင့်ပင်။
"သောက်လိုက်ပါဦး အန်တီ ....နွယ် အအေးသောက်ဦး"
"အင်း"ဘေးမှ သူငယ်ချင်းများကလည်း နွယ်ဆိုသော သူဇာအားအကဲခတ်ကြည့်နေကြသည်။ဟန်ဆောင်သည်လား လိမ်ညာနေသည်လား။မိမိအတွက် ဒီအချိန်တွင် သူငယ်ချင်းများက အလွန်အရေးပါသော တစ်စိတ်တစ်ပိုင်းပါဝင်နေခဲ့သည်။အကြောင်းတစ်စုံတစ်ရာဆို နှီးနှောတိုင်ပင်စရာမလိုပဲ အခြေအနေ နှင့်အချိန်အခါပေါ်မူတည်၍ အားကိုးရသည်။
Author by @nandasai(MSC.076)
Leave ဘဝတစ်ဆစ် ချိုး(၁၅) to:
Read more #myanmar posts
Best Posts From nandasai
We have not curated any of nandasai's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.