ဘဝတစ်ဆစ်ချိုး အပိုင်း(၁၁)
ဘဝတစ်ဆစ်ချိုးအပိုင်း(၁)
ဘဝတစ်ဆစ်ချိုးအပိုင်း(၂)
ဘဝတစ်ဆစ်ချိုးအပိုင်း(၃)
ဘဝတစ်ဆစ်ချိုးအပိုင်း(၄)
ဘဝတစ်ဆစ်ချိုးအပိုင်း(၅)
ဘဝတစ်ဆစ်ချိုးအပိုင်း(၆)
ဘဝတစ်ဆစ်ချိုးအပိုင်း(၇)
ဘဝတစ်ဆစ်ချိုးအပိုင်း(၈)
ဘဝတစ်ဆစ်ချိုး အပိုင်း(၉)
ဘဝတစ်ဆစ်ချိုး အပိုင်း(၁၀)
ယခင် အပိုင်း (၁၀) မှအဆက်
"ဟေ့ရောင် ဟေ့ရောင် နေသော် နေသော်"ဘေးမှ သူငယ်ချင်းဖြစ်သူမိုးထက် နေသော်အားလှုပ်နှိုးလိုက်ခြင်းပင်။ထိုအခါမှ ချွေးသီးချွေးလုံးများဖြင့် အိပ်မက်မှနေသော် လန့်နိုးလာခဲ့လေသည်။
credit imagehttps://oer-wout.deviantart.com/art/A-Dream-Upon-Waking-420621897
ထိုအခါ မိုးထက်မှ
"ငါမင်းကိုလှုပ်နိုးနေတာကြာပြီ နွယ် နွယ် နွယ်နဲ့တစ်နွယ်ထဲ နွယ်နေတာလဲကွာ အိပ်မရတော့ဘူး ဒါနဲ့ မင်းဘာအိပ်မက်တွေမက်နေတာလဲ"
"ငါ ငါ နွယ့်ကို အိပ်မက် မက်လို့ကွ နွယ်ငါ့ဆီပြန်လာမယ်တဲ့ ပြီးတော့ပျောက်သွားတယ်ကွာ"
"ဟာ မင်းအိပ်မက်ကမဖြစ်နိုင်တာပြီးတော့ နွယ်ကသေပြီလေကွာ ဘယ်လိုလုပ်ပြန်လာမှာလဲ"
"မသိတော့ဘူးကွာ အိပ်မက် ထဲမှာတော့ အတိအကျပြောနေတာပဲ တစ်ခုထူးဆန်းတာကတစ်ခါမှ ငါ နွယ့်ကိုအိပ်မက်မမက်ဖူးဘူးကွ ဒာပထမဦးဆုံးပဲပြီးတော့ တိုက်တိုက်ဆိုင်ဆိုင်မနေ့က နွယ့် နှစ်ပတ်လည်နေ့်ဖြစ်နေတာပဲ"
"အေးကွာ ငါကတော့ အိပ်မက်တွေကိုသိပ်အယုံအကြည်မရှိဘူးကွ အေး ဒါပေမဲ့တစ်ခါတစ်ရံ အိပ်မက်နဲ့ လက်တွေ့က တိုက်ဆိုင်နေတာတွေတော့ ကြုံဖူးတယ်"
"မင်းတို့နှစ်ယောက် ဘာတွေတီးတိုးတီးတိုးပြောနေတာလဲကွာ ငါအိပ်လို့မရတော့ဘူး"
ထိုအခါမှ ဘေးတွင် အိပ်နေသော သူငယ်ချင်းထဲမှတစ်ယောက်ဖြစ်တဲ့ ရဲယံက ဝူးတူးဝါးတားဖြင့် ညည်းညူတော့သည်။
"မင်းကအခုမှလာပြီး နားလာညည်းနေတယ် စောနကျအိပ်နေတာ အသေကောင်ကြီးအတိုင်းပဲ ဟိုကောင်ဆိုပိုဆိုး"မိုးထက်ကတော့ အိပ်ရေးကြီးသော ရဲယံနှင့် ရဲထက်တို့နှစ်ယောက်ကိုအပြစ်တင်ပစ်လိုက်သည်။
"အေးကွ ငါညက အိပ်ယာဝင်နောက်ကျသွားလို့ ဟီး ဟိုကောင်လောက်ငါက မဆိုးသေးပါဘူးကွာ ဟိုကောင်ဖြင့် `မ´ သွားပြီးကားလမ်းမှာ သွားထားတောင်နိုးမဲ့ကောင်မဟုတ်ဘူး ဒါနဲ့မင်းတို့နှစ်ယောက် ဘာအကြောင်းတိုင်ပင်နေကြတာလဲ?"
ရဲထက်မေးလိုက်တော့မှ နေသော် မျက်နှာတစ်ချက်ပျက်သွားပြီး
"ငါ နွယ့်ကိုအိပ်မက်မက်လို့ကွ"
"သြော် မင်းစိတ်စွဲလို့နေမှာပါကွာ"ရဲယံ ခေါင်းလေး တစ်ငုံ့ငုံ့ဖြင့် နေသော်စိတ်စွဲ၍ မက်သည်ဟု စိတ်လွယ်ကိုယ်လွယ်ယူဆနေကြသည်။နေသော်အနေဖြင့်တော့ နွယ် တကယ်ပြဲပန်လာတော့မည်လားဟု စိတ်ထဲတွေးရင်း တဖန်ရင်ခုန်နေသည်တော့အမှန်။
"ငါ့တူတို့ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီးရင် မနက်စာ ကော်ဖီ သောက်လို့ရပြီနော်"မျက်နှာသစ်ပြီး ရေချိုးခန်းထဲမှထွက်လာသော အ အိပ်ကြီးသူ ရဲထက်အား ဦးသက္က ကော်ဖီသောက်ရန် ခေါ်လိုက်သည်။
"ဟုတ်ကဲ့ ဦးသက္က နေသော်တို့ကို သွားခေါ်ပြီး ဆင်းလာခဲ့ပါ့မယ်"
"လာ လာတူလေးတို့ ကော်ဖီ နဲ့မုန့်နဲ့ စားလိုက်ဦး"အိမ်ပေါ်မှဆင်းလာသော နေသော်တို့လေးယောက်အား အရီးမြမှထမင်းစားပွဲပေါ်တွင် ကော်ဖီနှင်မုန့်ပြင်ဆင်ပေးလိုက်သည်။
မနက်စာစားသောက်ကြပြီး နေသော်မှ အဝတ်စားလဲလှယ်ကာ
"မင်းတို့သုံးယောက် အဝတ်စားလဲချင်တဲ့သူလဲ မလဲချင်တဲ့သူ ကားသွားထုတ်ထား ငါတို့ဆေးရုံသွားကြမယ် ဟိုကောင်မလေးအခြေအနေဘယ်လိုနေလဲ သွားကြည့်ရဦးမယ်"
"သြော် အေး ငါတို့လည်းမေ့နေတာ သွားကြည့်ကြတာပေါ့"ရဲထက်မှမေ့နေသယောင်ဖြစ်နေသော သူငယ်ချင်းအစားဝင်ဖြေပေးလိုက်သည်။သို့နှင့် သူငယ်ချင်းလေးယောက်သား ဆေးရုံသို့ ဦးတည်လိုက်တော့သည်။
´တူ တူ တူ".... ဘောင်းဘီအိတ်ကပ်ထဲမှ ဖုန်းလာနေသောအသံ။
"ဟဲလို အမိန့်ရှိပါ နေသော်ပါခင်ဗျာ"
"ဟဲလို အဒေါ်ပါကွယ် သူဇာအဒေါ်ပါ သူဇာလေးသတိရလာလို့ ဖုန်းဆက်တာပါ"
"ဟုတ်လား အန်တီ ဝမ်းသာစရာပဲပေါ့ ကျွန်တော်တို့လည်း အခုလေးတင်ထွက်လာမလို့် ပြင်ဆင်နေတာ"
"ဒါနဲ့လေ မောင်နေသော် အဒေါ့်တူမလေးအခြေအနေကလေ ......"တစ်ဖက်မှ သူဇာ၏ အန်တီဖြစ်သူ ဒေါ်ချိုလေးအသံမှ ခေတ္တ စကားစပျက်သွားသည်။နေသော်လည်း စိုးရိမ်ကြီးစွာဖြင့်
အဒေါ်တူမလေး ဘာဖြစ်လို့လဲဟင်!!"
"အဒေါ်မပြောပြတတ်ဘူးကွယ် ဆေးရုံရောက်မှ အကဲခတ်ကြည့်ပါနော် အဒေါ်ဘယ်လိုနားလည်ရမှန်းမသိတော့လို့ပါ"
"ဟုတ်ကဲ့ပါ ဒေါ်ဒေါ် ဒါဆို ကျွန်တော်ဖုန်းချလိုက်တော့မယ်နော်"
"အေး အေး"
နေသော် သိချင်စိတ်များလွန်ကဲပြန်နေသည်။ဒေါ်ချိုလေးကတော့ ပြောမပြတတ်အောင် ဖြစ်သွားသည့်အကြောင်းရင်းက ဘာဖြစ်နိုင်မည်လဲ။
:ဘာတဲ့လဲ နေသော်"ဘေးမှ နားစွင့်ပြီးနားထောင်နေသော သူငယ်ချင်းသုံးယောက် သား သိချင်ဇောဖြင့် ဝင်မေးလိုက်သည်။
"အခုတော့ ငါလည်းမသိသေးဘူး ဆေးရုံရောက်မှ သိလိမ့်မယ် သွားမယ် မြန်မြန်လုပ်"ထိုအခါမှလေးယောက်သား လောလောနှင့် ကားထဲ ဝင်ကြတော့သည်။
သည်နေ့က ယခင်နေ့နှင့်မတူ တမူထူးခြားနေသည်ဟု နေသော်ခံစားမိသည်။မနေ့ကဆိုလျှင် ဆေးရုံကြီးတွင် လူနာများ၊လူနာစောင့်များဖြင့်ရှုပ်ယှက်ခတ်လို့နေသည်။ယခု ထိုသို့မဟုတ် ရှင်းလင်းလျှက်။
ဆက်လက်ရေးသားပါဦးမည်။
Author by @nandasai(MSC.076)
Leave ဘဝတစ်ဆစ်ချိုး အပိုင်း(၁၁) to:
Read more #myanmar posts
Best Posts From nandasai
We have not curated any of nandasai's posts yet. But you can encourage our curation team to review posts by visiting them regularly and by referring other readers. Because we give priority to frequently read content.